Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံလိုက်ရတဲ့ အလှမယ် ရွှေအိမ်စည်
အားလုံး က ချစ်ကြသလို မြန်မာ့အလှမယ် လောက ကို ပွဲဆူစေခဲ့တဲ့ အလှမယ် ရွှေအိမ်စည် တစ်ယောက် နှစ်သစ် မှာ တရားစွဲဆိုခြင်းကို ခံလိုက်ရပါတယ်။ ယခင် ရွှေအိမ်စည် ရဲ့ အဖွဲ့ဟောင်းဖြစ် တဲ့ Miss Universe Myanmar Organization ရဲ့ တာဝန်ရှိသူ ဖြစ်တဲ့ ဒါ်စိုးယုေ၀ က ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် မင်္ဂလာတောင်ညွှန့်မြို့ နယ် တရားရုံး မှာ တရားစွဲတင်ခဲ့ပါတယ် လို့ Myanmar Celebrity ရဲ့ ဖော်ပြချက်အရသိရပါတယ် ။
Hello Madam Co.,Ltd. ရဲ့ မန်နေးဂျင်း ဒါရိုက်တာ နှင့် Miss Universe Myanmar Organization ရဲ့ National Director ဒေါ်စိုးယုဝေ က အလှမယ် ရွှေအိမ်စည် အား လူမှုကွန်ယက်စာမျက်နှာ Facebook နှင့် မီဒီယာများမှ တစ်ဆင့် လျော်ကြေးငွေ တောင်းခံမှု၊ သူမအား ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှုတို့ဖြင့် မင်္ဂလာတောင်ညွှန့် မြို့နယ် တရားရုံး မှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ဒီကနေ့ ဇန်နဝါရီလ (၉) ရက်နေ့တွင် တရားစွဲဆိုခဲ့ပါတယ်။
တရားစွဲဆိုခံရသူ အလှမယ် ရွှေအိမ်စည် က ငွေကျပ်သိန်း (၁၀၀) တန် အာမခံသူ နှစ်ဦးရဲ့ ဝန်ခံကတိဖြင့် ဒီကနေ့၊ ဇန်နဝါရီလ (၉) ရက်နေ့တွင်ပင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တရားရုံးမှာ လာရောက် အာမခံရယူ ခဲ့ပါသည်
အဆိုပါကိစ္စရပ်နဲ့ ပတ်သက်ပြီး နှစ်ဖက် တရားပြိုင်များဖြစ်ကြတဲ့ ရွှေအိမ်စည် ရဲ့ အသိုင်းအဝိုင်း နဲ့ ဒေါ်စိုးယုဝေ ရဲ့ လူမှုကွန်ရက်တွေမှာ တော့ အသေးစိတ်ရေးသားဖော်ပြထားတာကိုမတွေ့ရသေးပါကြောင်း ပရိသတ်ကြီးအတွက် ရေးသားလိုက်ပါတယ်။
Source – Myanmar Celebrity