Zawgyi ဖြင့်ဖတ်ရန်


 



Credit : Myanmar load

Unicode ဖြင့်ဖတ်ရန်

အချောအလှ မင်းသမီးတွေကတောင် လက်မြှောက် အရှုံးပေးခဲ့ရတဲ့ တောင်ကိုးရီးယား ဘောလုံးသမလေး

တကမ္ဘာလုံးမှာ မင်းသမီး တွေ မော်ဒယ်တွေမှ ချောတာလာတာ မဟုတ်ပါဘူး ။ ကစားသမားတွေလဲ မော်ဒယ်တွေ ရှုံးလောက်တဲ့ ရုပ်ရည် ကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ တကမ္ဘာလုံးက ချောပါတယ်လှပါတယ် ဆိုတဲ့ မင်းသမီးတွေတောင် လက်မြှောက် အရှုံးပေးခဲ့ရသူလေး ကတော့ တောင်ကိုးရီးယား လက်ရွေးစင် အမျိုးသမီး အသင်းရဲ့ ကစားသမားလေးပဲ ဖြစ်ပါတယ်။

သူမရဲ့နာမည်ကတော့ Lee Min A ဖြစ်ကာ တောင်ကိုးရီးယားသူလေး ဖြစ်ပါတယ် ။ အသက်ကတော့ ၂၆ ဖြစ်ကာ ကိုယ်အလေးချိန် ကတော့ 50 kg ဖြစ်ပြီး တောင်ကိုးရီယား လက်ရွေးစင် အသင်းရဲ့ အဓိက အားထားရ သူလေးပဲ ဖြစ်ပါတယ် ။ သူမရဲ့ အနေနဲ့ မော်ဒယ်တွေ ရှုံးလောက်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထား ပေမဲ့လဲ သူမ ဝါသနာ ပါတဲ့ ဘောလုံးသမား ဘဝကို ရွေးချယ်ထားသူ ဖြစ်ပါတယ်။

သူမကတော့ Korea K-Pop girl တွေ Drama သရုပ်ဆောင်တွေ တောင် အားကျရတဲ့ ရုပ်ရည် ဖြစ်ပြီး ရုပ်လေးနဲ့မှ မလိုက် တကယ် ကြမ်းပါတယ် ဆိုတဲ့ ဘောလုံး အားကစားကိုမှ ရွေးချယ်ပြီး တစိုက်မတ်မတ် ကြိုးစားရာကနေ ယနေ့ လက်ရှိ အချိန်မှာ တောင်ကိုရီးယား နိုင်ငံ့ လက်ရွေးစင်ထိ ဖြစ်လာခဲ့ပါတယ် ။ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးနဲ့ ဘောလုံး စကေးတွေ ပြသနေတဲ့ ဗီဒီယိုလေးကို အောက်မှာ ကြည့်နိုင်ပါတယ်။

Credit : Myanmar load