Zawgyi ျဖင့္ဖတ္ရန္

အဂၤလန္ ေမာ္ဒယ္တစ္ဦးကေတာ့ သူမရဲ႕ အနာဂတ္ ရည္းစားေလာင္း ကို အရပ္အနိမ့္အျမင့္အေပၚ အေျခခံ စဥ္းစားသြားမယ္လုိ႔ ေျပာပါတယ္။ သူမကိုယ္တုိင္က အရပ္ရည္လြန္းလုိ႔လည္း အခုအခ်ိန္ထိ ရည္းစားမရေသးဘဲ၊ ဒီျဖစ္ရပ္အေပၚ အေဆာတလွ်င္ စီစဥ္မသြားပါဘူးတဲ့။

အဆုိပါ ေမာ္ဒယ္ရဲ႕အမည္ကေတာ့ Jade Slavin ျဖစ္ၿပီး၊ သူမရဲ႕အရပ္ဟာ (၆)ေပ (၄)လက္မ ျဖစ္ပါတယ္။ သူမကိုယ္တုိင္က အရပ္ႀကီး ကလန္ကလားျဖစ္ေနလုိ႔ အမ်ားရဲ႕ ေနာက္ေျပာင္စေနာက္ျခင္း ခံေနရေပမယ့္၊ ဒီလုိ အရပ္အေမာင္းမ်ိဳးကို ပိုင္ဆုိင္တာကုိ သေဘာက်တယ္လုိ႔ ေျပာပါတယ္။

သူမဟာ အရပ္ရွည္လုိ႔ ခ်စ္သူ မရတာမဟုတ္ဘဲ၊ ေယာက္်ားေတာ္ေတာ္မ်ားမ်ားက သူမထက္ အရပ္ပုေနလုိ႔သာ အခုအခ်ိန္ထိ တစ္ကုိယ္တည္းအပ်ိဳႀကီး ျဖစ္ေနျခင္းပါလုိ႔ ဆုိပါတယ္။ သူမထက္ အရပ္အေမာင္းျမင့္ၿပီး၊ ႐ုပ္ရည္ကလည္း သေဘာက်ေလာက္စရာဆုိရင္ သူမအေနနဲ႔ လက္ခံဖုိ႔ ရွိပါတယ္တယ္တဲ့။

Jade ဟာ လက္ရွိအခ်ိန္မွာ အသက္ (၂၆)ႏွစ္ ျဖစ္ၿပီး၊ မၾကာမီမွာ သူမရဲ႕ လက္တြဲေဖာ္အစစ္ကို ရွာေဖြေတြ႕ရွိႏုိင္တယ္လုိ႔ ယူဆေနပါတယ္။ တကယ္ေတာ့ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက သူမရဲ႕ မဟာအရပ္အေမာင္းႀကီးေၾကာင့္ သူမကိုယ္ သူမ မုန္းမိတယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ ကိုယ့္မွာရွိတဲ့ အလွတရားနဲ႔ ခႏၶာကုိယ္ဖြဲ႕စည္းပုံကို ကိုယ္မဟုတ္ဘဲ တစ္ျခားဘယ္သူက ကုိယ့္ေလာက္တန္ဖုိးထားႏုိင္မွာလဲလုိ႔ ေတြးမိၿပီး၊ မိမိမွာ ပိုင္ဆုိင္တဲ့ ပုဂၢိဳလ္ေရးအလွတရားေတြကို တန္ဖုိးထားမိလာေၾကာင္း Jade က ေျပာပါတယ္။ သူမဟာ County Durham မွာ ေနထိုင္ပါတယ္။

ယခင္က သူမဟာ ၿဗိတိန္ကိုယ္စားျပဳအားကစားအဖြဲ႕နဲ႔အတူ ေရႊတံဆိပ္စြတ္ခူးႏုိင္ခဲ့သူျဖစ္ၿပီး သူမဟာ တုိက္ကြမ္ဒုိမွာလည္း ထူးခၽြန္သူတစ္ဦးပါ။ ဂလက္စကုိမွာ က်င္းပတဲ့ Commonwealth Championships မွာ ေရႊတံဆိပ္ဆြတ္ခူးခဲ့ၿပီး၊ကမာၻ႕ခ်န္ပီယံရွစ္ႏွစ္ႀကိမ္နဲ႔ ဥေရာပခ်န္ပီယံရွစ္ၿပိဳင္ပြဲေတြ ဝင္ႏႊဲခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာ ဖက္ရွင္ေမာ္ဒယ္အျဖစ္လည္း ရပ္တည္ေနပါတယ္။

Credit: လင္းေဇာ္ကို (MyanmarNote)

Unicode ဖြင့်ဖတ်ရန်

အင်္ဂလန်မော်ဒယ်တစ်ဦးကတော့ သူမရဲ့ အနာဂတ် ရည်းစားလောင်းကို အရပ်အနိမ့်အမြင့်အပေါ် အခြေခံ စဉ်းစားသွားမယ်လို့ ပြောပါတယ်။ သူမကိုယ်တိုင်က အရပ်ရည်လွန်းလို့လည်း အခုအချိန်ထိ ရည်းစားမရသေးဘဲ၊ ဒီဖြစ်ရပ်အပေါ် အဆောတလျှင် စီစဉ်မသွားပါဘူးတဲ့။

အဆိုပါ မော်ဒယ်ရဲ့အမည်ကတော့ Jade Slavin ဖြစ်ပြီး၊ သူမရဲ့အရပ်ဟာ (၆)ပေ (၄)လက်မ ဖြစ်ပါတယ်။ သူမကိုယ်တိုင်က အရပ်ကြီး ကလန်ကလားဖြစ်နေလို့ အများရဲ့ နောက်ပြောင်စနောက်ခြင်း ခံနေရပေမယ့်၊ ဒီလို အရပ်အမောင်းမျိုးကို ပိုင်ဆိုင်တာကို သဘောကျတယ်လို့ ပြောပါတယ်။

သူမဟာ အရပ်ရှည်လို့ ချစ်သူ မရတာမဟုတ်ဘဲ၊ ယောက်ျားတော်တော်များများက သူမထက် အရပ်ပုနေလို့သာ အခုအချိန်ထိ တစ်ကိုယ်တည်းအပျိုကြီး ဖြစ်နေခြင်းပါလို့ ဆိုပါတယ်။ သူမထက် အရပ်အမောင်းမြင့်ပြီး၊ ရုပ်ရည်ကလည်း သဘောကျလောက်စရာဆိုရင် သူမအနေနဲ့ လက်ခံဖို့ ရှိပါတယ်တယ်တဲ့။

Jade ဟာ လက်ရှိအချိန်မှာ အသက် (၂၆)နှစ် ဖြစ်ပြီး၊ မကြာမီမှာ သူမရဲ့ လက်တွဲဖော်အစစ်ကို ရှာဖွေတွေ့ရှိနိုင်တယ်လို့ ယူဆနေပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူမရဲ့ မဟာအရပ်အမောင်းကြီးကြောင့် သူမကိုယ် သူမ မုန်းမိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကိုယ့်မှာရှိတဲ့ အလှတရားနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ကိုယ်မဟုတ်ဘဲ တစ်ခြားဘယ်သူက ကိုယ့်လောက်တန်ဖိုးထားနိုင်မှာလဲလို့ တွေးမိပြီး၊ မိမိမှာ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးအလှတရားတွေကို တန်ဖိုးထားမိလာကြောင်း Jade က ပြောပါတယ်။ သူမဟာ County Durham မှာ နေထိုင်ပါတယ်။

ယခင်က သူမဟာ ဗြိတိန်ကိုယ်စားပြုအားကစားအဖွဲ့နဲ့အတူ ရွှေတံဆိပ်စွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး သူမဟာ တိုက်ကွမ်ဒိုမှာလည်း ထူးချွန်သူတစ်ဦးပါ။ ဂလက်စကိုမှာ ကျင်းပတဲ့ Commonwealth Championships မှာ ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး၊ကမ္ဘာ့ချန်ပီယံရှစ်နှစ်ကြိမ်နဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွေ ဝင်နွှဲခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာ ဖက်ရှင်မော်ဒယ်အဖြစ်လည်း ရပ်တည်နေပါတယ်။

Credit: လင်းဇော်ကို (MyanmarNote)