Zawgyi ျဖင့္ဖတ္ရန္

လူၾကမ္း သ႐ုပ္ေဆာင္ ဦးမင္းစိန္ဟာ ဇန္နဝါရီလ၅ရက္ေန႔ မနက္၂နာရီခြဲအခ်ိန္မွာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ကြယ္လြန္ခဲ့ၿပီး ဇန္နဝါရီလ၇ရက္ေန႔မွာ ေရေဝးသုႆာန္မွာ မီးၾသဂၤုခဲ့ပါတယ္။ ေသဆုံးသြားသူ ဦးမင္းစိန္နဲ႔ ပတ္သက္ၿပီး အသက္၃၀ေက်ာ္ၾကာ ဘဝတစ္ခုကို အတူတူတည္ေထာင္ခဲ့တဲ့ ဇနီးေဟာင္း ကလည္း နာေရး ရက္လည္ကို ေသခ်ာေလး စီစဥ္သြားမယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုသြားခဲ့ပါတယ္။

ေဒၚလဲ့လဲ့ဝင္းက “အန္တီကေတာ့ သူ႔ရဲ႕ေနာက္ဆုံးခရီးဆိုေတာ့ သူ႔အတြက္ ရည္စူးၿပီးေတာ့ အန္တီတတ္ႏိုင္သေလာက္ကေတာ့ အကုန္သူ႔အတြက္ အမွ်ေဝမယ္ လႉမယ္တန္းမယ္ေပါ့ ဘာျဖစ္လို႔လဲဆိုေတာ့ အန္တီသားေတြသမီးေတြအေနနဲ႔ က်ေတာ့လည္း သူတို႔ရဲ႕ အေဖအတြက္ ေနာက္ဆုံးကို အေမခြင့္မျပဳလို႔ မလုပ္လိုက္ရဘူးဆိုတာ မျဖစ္ရေအာင္ အန္တအကုန္လုံးကို ေကာင္းေအာင္ စီစဥ္သြားမွာပါ။ ဒီမွာလည္း ရက္လည္ေတြေရာ အကုန္လုံးကို အန္တီလုပ္မွာပါ။

 

 

သူမဆုံးခင္ တကယ္အေရးႀကီးလို႔ ေခၚတဲ့အခ်ိန္က်ေတာ့ အန္တီက မိုးခ်ဳပ္ေနေတာ့ သြားဖို႔က အဆင္မေျပလိုက္ဘူး အဲ့တာေတာ့ အန္တီစိတ္မေကာင္းဘူး။ မေတြ႕လိုက္ရဘူးေပါ့ သူသက္ရွိထင္ရွား ရွိေနတဲ့ အခ်ိန္မွာ။”လို႔ ေျပာသြားခဲ့ပါတယ္။

ကိုလူေခ်ာတို႔အဖြဲ႕မွာ ေထာက္ပံ့ေငြေပးတာနဲ႔ ပတ္သက္ၿပီး “အဲ့ေန႔ကလည္း ဦးေအာင္ခိုင္တို႔နဲ႔ အန္တီနဲ႔ အခုသူလက္ရွိေနတဲ့ ေထာက္ၾကန႔္က အိမ္မွာ အန္တီတို႔ ဆုံတယ္ေပါ့။ သူ႔ရဲ႕ ေနာက္အိမ္ေထာင္နဲ႔ ကေလးေလးကလည္း ငယ္ေသးတယ္။ ဆိုေတာ့ အန္တီက ဦးေအာင္ခိုင္တို႔ ေထာက္ပံ့တဲ့ အစည္းအ႐ုံးက ရန္ပုံေငြေတြ သူရသင့္ရထိုက္တာေတြကိုေတာ့ အန္တီက သူ႔ေနာက္ေကာင္မေလးကိုပဲ အန္တီက အကုန္အပ္ခဲ့လိုက္တယ္။ သူစီစဥ္ပါေစေပါ့ေနာ္ ဘာျဖစ္လို႔လဲဆိုေတာ့ သူမွာလည္း ခံစားခြင့္ေတြရွိတယ္ေလ။ ေနာက္ၿပီးေတာ့ ငယ္သူတစ္ေယာက္အေနနဲ႔လည္း သူ႔ကေလးအတြက္လည္း သူစိတ္ပူတယ္ဆိုေတာ့အန္တီကဒီဟာေတြအကုန္လုံးကို ဦးေအာင္ခိုင္လို႔ သူ႔ကိုအပ္လိုက္ပါ။ သူ႔ကိုပဲအပ္ၿပီး သူပဲ အကုန္စီစဥ္ပါေစေတာ့ဆိုၿပီး ျပန္လာခဲ့တယ္။ ဒီမွာလည္း သူက ဝင္ထြက္သြားလာေနတယ္ သန္းေခါင္စာရင္းထဲမွာလည္းရွိတယ္။ အန္တီနဲ႔ကလည္း တရားဝင္ ကြာရွင္းထားတာမ်ိဳး မဟုတ္ဘူးဆိုေတာ့ အန္တီကလည္းသူ႔အတြက္ကို လုပ္ေပးခ်င္တဲ့အေနအထားနဲ႔ အန္တီဒီမွာ လုပ္လိုက္တာပါ။”လို႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ေဒၚလဲ့လဲ့ဝင္းက “အန္တီနဲ႔က သားသမီးေလးေယာက္ေပါ့ေနာ္ သားအႀကီးဆုံးက ၂၉ႏွစ္ သားအလတ္က ၂၇ႏွစ္ တတိယသားေပါ့ သူက ၂၅ႏွစ္ေပါ့ သမီးေလးကေတာ့ ၁၉ႏွစ္။ ေပါင္းခဲ့တာေတာ့ ႏွစ္၃၀ေက်ာ္ၿပီေပါ့ သူေနာက္အိမ္ေထာင္ျပဳသြားတာေတာ့ ၅ႏွစ္ေက်ာ္ ၆ႏွစ္ေလာက္ ရွိၿပီေပါ့။

အသက္ႀကီးလာတဲ့အပိုင္းမွာ အလုပ္ေတြလည္းပါးသြားေတာ့ညသူျဖစ္သလို ဖန္တီးရတဲ့ အေနအထားေတြရွိလာတယ္။ သူ႔သတင္းေတြလည္း အန္တီၾကားတယ္ သူေရသန႔္ဘူးထမ္းတာတို႔ဘာတို႔အန္တီစိတ္မေကာင္းဘူး။ အန္တီကလည္း ဒီမွာသားသမီးေတြနဲ႔ သူအခ်ိန္မေ႐ြးဝင္ထြက္သြားလာႏိုင္တယ္။ သူဒီမွာ ျပန္ေနခ်င္တယ္ဆိုလည္း အန္တီက ခြင့္ျပဳတယ္။ ဒါေပမဲ့လည္း တစ္ဖက္မွာလည္း ကေလးက ငယ္ေသးေတာ့ အန္တီက ကိုယ့္ဘက္ကိုေတာ့ ပါေအာင္မဆြဲဘူး။ သူ႔ကိုလည္း အန္တီက ေျပာၿပီးသား ေယာက္်ားတစ္ေယာက္အေနနဲ႔ ကိုယ့္တာဝန္ကို ေက်ေအာင္ေတာ့ ယူရမွာလို႔။”လို႔ ေျပာသြားခဲ့ပါတယ္။

share from : /burmese.asia

Unicode ဖြင့်ဖတ်ရန်

ဦးမင်းစိန် ရက်လည်ကိုစီစဉ်ပေးမယ်ဆိုတဲ့ မကွာရှင်းရသေးတဲ့ ဇနီးဟောင်း

လူကြမ်း သရုပ်ဆောင် ဦးမင်းစိန်ဟာ ဇန်နဝါရီလ၅ရက်နေ့ မနက်၂နာရီခွဲအချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပြီး ဇန်နဝါရီလ၇ရက်နေ့မှာ ရေဝေးသုဿာန်မှာ မီးသြင်္ဂုခဲ့ပါတယ်။ သေဆုံးသွားသူ ဦးမင်းစိန်နဲ့ ပတ်သက်ပြီး အသက်၃၀ကျော်ကြာ ဘဝတစ်ခုကို အတူတူတည်ထောင်ခဲ့တဲ့ ဇနီးဟောင်း ကလည်း နာရေး ရက်လည်ကို သေချာလေး စီစဉ်သွားမယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

ဒေါ်လဲ့လဲ့ဝင်းက “အန်တီကတော့ သူ့ရဲ့နောက်ဆုံးခရီးဆိုတော့ သူ့အတွက် ရည်စူးပြီးတော့ အန်တီတတ်နိုင်သလောက်ကတော့ အကုန်သူ့အတွက် အမျှဝေမယ် လှူမယ်တန်းမယ်ပေါ့ ဘာဖြစ်လို့လဲဆိုတော့ အန်တီသားတွေသမီးတွေအနေနဲ့ ကျတော့လည်း သူတို့ရဲ့ အဖေအတွက် နောက်ဆုံးကို အမေခွင့်မပြုလို့ မလုပ်လိုက်ရဘူးဆိုတာ မဖြစ်ရအောင် အန်တအကုန်လုံးကို ကောင်းအောင် စီစဉ်သွားမှာပါ။ ဒီမှာလည်း ရက်လည်တွေရော အကုန်လုံးကို အန်တီလုပ်မှာပါ။

သူမဆုံးခင် တကယ်အရေးကြီးလို့ ခေါ်တဲ့အချိန်ကျတော့ အန်တီက မိုးချုပ်နေတော့ သွားဖို့က အဆင်မပြေလိုက်ဘူး အဲ့တာတော့ အန်တီစိတ်မကောင်းဘူး။ မတွေ့လိုက်ရဘူးပေါ့ သူသက်ရှိထင်ရှား ရှိနေတဲ့ အချိန်မှာ။”လို့ ပြောသွားခဲ့ပါတယ်။

ကိုလူချောတို့အဖွဲ့မှာ ထောက်ပံ့ငွေပေးတာနဲ့ ပတ်သက်ပြီး “အဲ့နေ့ကလည်း ဦးအောင်ခိုင်တို့နဲ့ အန်တီနဲ့ အခုသူလက်ရှိနေတဲ့ ထောက်ကြန့်က အိမ်မှာ အန်တီတို့ ဆုံတယ်ပေါ့။ သူ့ရဲ့ နောက်အိမ်ထောင်နဲ့ ကလေးလေးကလည်း ငယ်သေးတယ်။ ဆိုတော့ အန်တီက ဦးအောင်ခိုင်တို့ ထောက်ပံ့တဲ့ အစည်းအရုံးက ရန်ပုံငွေတွေ သူရသင့်ရထိုက်တာတွေကိုတော့ အန်တီက သူ့နောက်ကောင်မလေးကိုပဲ အန်တီက အကုန်အပ်ခဲ့လိုက်တယ်။ သူစီစဉ်ပါစေပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ သူမှာလည်း ခံစားခွင့်တွေရှိတယ်လေ။ နောက်ပြီးတော့ ငယ်သူတစ်ယောက်အနေနဲ့လည်း သူ့ကလေးအတွက်လည်း သူစိတ်ပူတယ်ဆိုတော့အန်တီကဒီဟာတွေအကုန်လုံးကို ဦးအောင်ခိုင်လို့ သူ့ကိုအပ်လိုက်ပါ။ သူ့ကိုပဲအပ်ပြီး သူပဲ အကုန်စီစဉ်ပါစေတော့ဆိုပြီး ပြန်လာခဲ့တယ်။ ဒီမှာလည်း သူက ဝင်ထွက်သွားလာနေတယ် သန်းခေါင်စာရင်းထဲမှာလည်းရှိတယ်။ အန်တီနဲ့ကလည်း တရားဝင် ကွာရှင်းထားတာမျိုး မဟုတ်ဘူးဆိုတော့ အန်တီကလည်းသူ့အတွက်ကို လုပ်ပေးချင်တဲ့အနေအထားနဲ့ အန်တီဒီမှာ လုပ်လိုက်တာပါ။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါ်လဲ့လဲ့ဝင်းက “အန်တီနဲ့က သားသမီးလေးယောက်ပေါ့နော် သားအကြီးဆုံးက ၂၉နှစ် သားအလတ်က ၂၇နှစ် တတိယသားပေါ့ သူက ၂၅နှစ်ပေါ့ သမီးလေးကတော့ ၁၉နှစ်။ ပေါင်းခဲ့တာတော့ နှစ်၃၀ကျော်ပြီပေါ့ သူနောက်အိမ်ထောင်ပြုသွားတာတော့ ၅နှစ်ကျော် ၆နှစ်လောက် ရှိပြီပေါ့။

အသက်ကြီးလာတဲ့အပိုင်းမှာ အလုပ်တွေလည်းပါးသွားတော့ညသူဖြစ်သလို ဖန်တီးရတဲ့ အနေအထားတွေရှိလာတယ်။ သူ့သတင်းတွေလည်း အန်တီကြားတယ် သူရေသန့်ဘူးထမ်းတာတို့ဘာတို့အန်တီစိတ်မကောင်းဘူး။ အန်တီကလည်း ဒီမှာသားသမီးတွေနဲ့ သူအချိန်မရွေးဝင်ထွက်သွားလာနိုင်တယ်။ သူဒီမှာ ပြန်နေချင်တယ်ဆိုလည်း အန်တီက ခွင့်ပြုတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာလည်း ကလေးက ငယ်သေးတော့ အန်တီက ကိုယ့်ဘက်ကိုတော့ ပါအောင်မဆွဲဘူး။ သူ့ကိုလည်း အန်တီက ပြောပြီးသား ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကျေအောင်တော့ ယူရမှာလို့။”လို့ ပြောသွားခဲ့ပါတယ်။

share from : /burmese.asia