Zawgyi ျဖင့္ဖတ္ရန္

 

မိန္းကေလး တိုင္းကေတာ့ ကုိယ့္ကိုတန္ဖိုးထားၿပီး လက္ထပ္ ယူဖို႔ ခမ္းခမ္းနားနား လက္ထပ္ခြင့္ေတာင္းတာကို ၾကံဳခ်င္ၾကတဲ့လူေတြခ်ည္းပါပဲ။ အာရွသားေတြရဲ႕အယူအရေတာ့ အခုလို လက္ထပ္ခြင့္ေတာင္းတဲ့အခါ အမွတ္တရနဲ႔ ဓေလ့ေတြအရ ပစၥည္းေတြနဲ႔ပါ တင္ေတာင္းၾကတာ ထံုးစံတစ္ခုလိုျဖစ္ေနပါၿပီ။ ဒါေပမဲ့ တရုတ္ျပည္က မိန္းကေလးတစ္ေယာက္ကေတာ့ လက္ထပ္ခြင့္အေတာင္းခံဖို႔ထက္ သူ႔စိတ္္သေဘာအတိုင္း သူကိုယ္တိုင္သူ႔ ခ်စ္သူ ကို ၿပီးခဲ့တဲ့ (၁၅.၈.၂၀၁၈)ရက္ေန႔က လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။

ေရွာင္က်င္းအမည္ရွိ ၂၃ႏွစ္အရြယ္အမ်ိဳးသမီးေလးဟာ ခ်မ္းသာတဲ့ မိသားစုကပဲျဖစ္ပါတယ္။ သူနဲ႔သက္တူရြယ္တူရွိၿပီး အရမ္းခ်စ္ရတဲ့ ခ်စ္သူေကာင္ေလးနဲ႔ လက္ထပ္ဖို႔အတြက္ သူကိုယ္တိုင္ပဲ တန္ဖိုးႀကီးပစၥည္းေတြနဲ႔အတူ လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ ေနရာကေတာ့ မီတာ (၃၀) ျမင့္ Zhangjiajie မွန္တံတားမွာပါ။ အမ်ိဳးသမီးလိုခ်င္တာက သူ႔ခ်စ္သူဟာ သူနဲ႔လက္ထပ္မယ္ဆိုလွ်င္ မွန္တံတား အစကေန သူရွိေနတဲ့ေနရာအထိ လမ္းေလွ်ာက္လာရံုပါပဲ။ ေခါင္းျငိမ့္ၿပီး သူ႕ဆီေရာက္လာတာနဲ႔တၿပိဳင္နက္ အသစ္စက္စက္ကားတစ္စီးရယ္၊ RM600K ထည့္ထားတဲ့ ေငြေသတၱာရယ္အျပင္ သူ႔ကိုပါ လက္ထပ္ႏုိင္မွာပဲျဖစ္ပါတယ္။

သာမန္လူေတြအတြက္ေတာ့ ဒီအခြင့္အေရးဟာ ဘဝမွာ အေကာင္းဆံုးအခြင့္အေရးျဖစ္ပါလိမ့္မယ္။ ကိုယ္ကိုယ္တိုင္က လက္ထပ္ဖို႔ တင္ေတာင္းစရာမလိုတဲ့အျပင္ ေယာက္်ားေလးျဖစ္တဲ့ ကိုယ့္ကို တန္ဖိုးႀကီးကားနဲ႔ ေငြေတြနဲ႔ကို သံုးႏွစ္တာလက္တြဲလာတဲ့ ခ်စ္သူေလးက တင္ေတာင္းတယ္ဆိုတာ အိပ္မက္ေတာင္မက္ဖူးမွာမဟုတ္ပါဘူး။ ဒီလို အေယာက္ (၅၀) မွာ (၁) ေယာက္ပဲ ရႏိုင္တဲ့အခြင့္ေရးကို ရခဲ့ေပမယ့္လည္း ေရွာင္ယုကေတာ့ မေပ်ာ္ႏိုင္ျဖစ္ခဲ့ရရွာတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ခ်စ္သူနဲ႔လက္ထပ္ခြင့္ရဖို႔အတြက္ ေအာက္ေျခကို တိုးလွ်ိိဳေပါက္ျမင္ေနရတဲ့ မွန္တံတားေပၚျဖတ္ေလွ်ာက္ရမွာမို႔လို႔ပါ။ ေရွာင္ယုဟာ အျမင့္ေၾကာက္တတ္တဲ့ စိတ္ေရာဂါရွိေနသူတစ္ေယာက္ပါ။

ဒီလိုကိုယ့္ခ်စ္သူ အျမင့္ေၾကာက္မွန္းသိရက္သားနဲ႔ အားနည္းခ်က္ကိုအသံုးခ်ကာ လက္ထပ္ခြင့္ေတာင္းတာ ရည္ရြယ္ခ်က္တစ္ခုတည္းအတြက္ပါ။ သူတို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကေတာ့ သူသာ လက္ထပ္ဖို႔ကိစၥနဲ႔ အခုလို အၾကပ္ကိုင္ခဲ့လွ်င္ ေရွာင္ယုရဲ႕ အျမင့္ေၾကာက္တဲ့ စိတ္ေရာဂါလည္း အနည္းနဲ႔အမ်ား သက္သာသြားလိမ့္မယ္ဆိုၿပီး ကူညီခ်င္စိတ္နဲ႔ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္သေဘာနဲ႔ ရည္ရြယ္ခဲ့တာပါ။ ဒါေပမဲ့လည္း ေဘးကသူငယ္ခ်င္းေတြေရာ၊ သူကိုယ္တိုင္ပါ အမ်ိဳးမ်ိဳး ေျဖာင္းျဖ၊ တြန္းပို႔ခဲ့ေသာ္ျငားလည္း ေရွာင္ယုမွာ ႀကီးစိုးေနတဲ့ အျမင့္ေၾကာက္တတ္တဲ့စိတ္ဟာ ေျခတစ္လွမ္းခ်ဖို႔ေတာင္ ဘယ္ကမွ သတိိၱေတြမေပးခဲ့ပါဘူး။

 

 

လူပံုအလယ္မွာ အစီအစဥ္ေတြနဲ႔ ဓာတ္ပံုဆရာေတြပါ ငွားၿပီး လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ အမ်ိဳးသမီးေလးဟာ သူ႕ခ်စ္သူရဲ႕ သတိၱမရွိမႈေၾကာင့္ပဲ ဝမ္းနည္းေၾကကြဲကာ အရွက္ရခဲ့ပါေတာ့တယ္။ ေရွာင္ယုကေတာ့ လမ္းတစ္ဝက္ေရာက္ဖို႔ေနေနသာသာ ေျခလွမ္းသံုးလွမ္းျပည့္ေအာင္ေတာင္ မလွမ္းခဲ့ဘဲ လွည့္ျပန္သြားခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကို မွတ္တမ္းတင္ထားတဲ့ ဗီဒီယိုဟာ တရုတ္ႏိုင္ငံရဲ႕ လူမႈကြန္ယက္ေတြေပၚမွာ နာမည္ႀကီးေနၿပီး လူေတြရဲ႕ထင္ျမင္ယူဆခ်က္ေတြဟာလည္း အမ်ိဳးမ်ိဳးကို ထင္ေၾကးေပးေနပါတယ္။ လက္ထပ္ခြင့္ေတာင္းတာဟာ တမင္ဖန္တီးထားတာျဖစ္တယ္လို႔ ေဝဖန္မႈေတြမ်ားေနေပမယ့္လည္း မွန္တံတားရဲ႕ တာဝန္ရွိသူေတြနဲ႔ ဓာတ္ပံု၊ ဗီဒီရိုမွတ္တမ္းတင္ဖို႔ ငွားထားတဲ့ အဖြဲ႔ေတြကေတာ့ ဒါဟာ တကယ္လက္ထပ္ခြင့္ေတာင္းတာျဖစ္ေၾကာင္း ကူညီေျပာဆိုမႈေတြလည္း ရွိေနပါတယ္။

Comment ေတြအရ အမ်ိဳးသမီးကို အျမင့္ေၾကာက္တဲ့စိတ္ေရာဂါရွိတာကို ဒီလိုအၾကပ္ကိုင္တာဟာ မလုပ္သင့္တဲ့အျပဳအမူျဖစ္တာေၾကာင့္ အျပစ္တင္ေနသလို တခ်ိဳ႕က်ျပန္ေတာ့လည္း အမ်ိဳးသားကို သူရဲေဘာေၾကာင္တယ္ဆိုၿပီး ေျပာဆိုေနၾကပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

တန်ဖိုးကြီး ပစ္စည်းတွေနဲ့ပါလက်ထပ်ခွင့်တောင်းသော်လည်း ကြေကွဲခဲ့ရတဲ့ မိန်းကလေး

မိန်းကလေး တိုင်းကတော့ ကိုယ့်ကိုတန်ဖိုးထားပြီး လက်ထပ် ယူဖို့ ခမ်းခမ်းနားနား လက်ထပ်ခွင့်တောင်းတာကို ကြုံချင်ကြတဲ့လူတွေချည်းပါပဲ။ အာရှသားတွေရဲ့အယူအရတော့ အခုလို လက်ထပ်ခွင့်တောင်းတဲ့အခါ အမှတ်တရနဲ့ ဓလေ့တွေအရ ပစ္စည်းတွေနဲ့ပါ တင်တောင်းကြတာ ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမဲ့ တရုတ်ပြည်က မိန်းကလေးတစ်ယောက်ကတော့ လက်ထပ်ခွင့်အတောင်းခံဖို့ထက် သူ့စိတ်သဘောအတိုင်း သူကိုယ်တိုင်သူ့ ချစ်သူ ကို ပြီးခဲ့တဲ့ (၁၅.၈.၂၀၁၈)ရက်နေ့က လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

ရှောင်ကျင်းအမည်ရှိ ၂၃နှစ်အရွယ်အမျိုးသမီးလေးဟာ ချမ်းသာတဲ့ မိသားစုကပဲဖြစ်ပါတယ်။ သူနဲ့သက်တူရွယ်တူရှိပြီး အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးနဲ့ လက်ထပ်ဖို့အတွက် သူကိုယ်တိုင်ပဲ တန်ဖိုးကြီးပစ္စည်းတွေနဲ့အတူ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နေရာကတော့ မီတာ (၃၀) မြင့် Zhangjiajie မှန်တံတားမှာပါ။ အမျိုးသမီးလိုချင်တာက သူ့ချစ်သူဟာ သူနဲ့လက်ထပ်မယ်ဆိုလျှင် မှန်တံတား အစကနေ သူရှိနေတဲ့နေရာအထိ လမ်းလျှောက်လာရုံပါပဲ။ ခေါင်းငြိမ့်ပြီး သူ့ဆီရောက်လာတာနဲ့တပြိုင်နက် အသစ်စက်စက်ကားတစ်စီးရယ်၊ RM600K ထည့်ထားတဲ့ ငွေသေတ္တာရယ်အပြင် သူ့ကိုပါ လက်ထပ်နိုင်မှာပဲဖြစ်ပါတယ်။

သာမန်လူတွေအတွက်တော့ ဒီအခွင့်အရေးဟာ ဘဝမှာ အကောင်းဆုံးအခွင့်အရေးဖြစ်ပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်က လက်ထပ်ဖို့ တင်တောင်းစရာမလိုတဲ့အပြင် ယောက်ျားလေးဖြစ်တဲ့ ကိုယ့်ကို တန်ဖိုးကြီးကားနဲ့ ငွေတွေနဲ့ကို သုံးနှစ်တာလက်တွဲလာတဲ့ ချစ်သူလေးက တင်တောင်းတယ်ဆိုတာ အိပ်မက်တောင်မက်ဖူးမှာမဟုတ်ပါဘူး။ ဒီလို အယောက် (၅၀) မှာ (၁) ယောက်ပဲ ရနိုင်တဲ့အခွင့်ရေးကို ရခဲ့ပေမယ့်လည်း ရှောင်ယုကတော့ မပျော်နိုင်ဖြစ်ခဲ့ရရှာတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချစ်သူနဲ့လက်ထပ်ခွင့်ရဖို့အတွက် အောက်ခြေကို တိုးလျှိုပေါက်မြင်နေရတဲ့ မှန်တံတားပေါ်ဖြတ်လျှောက်ရမှာမို့လို့ပါ။ ရှောင်ယုဟာ အမြင့်ကြောက်တတ်တဲ့ စိတ်ရောဂါရှိနေသူတစ်ယောက်ပါ။

ဒီလိုကိုယ့်ချစ်သူ အမြင့်ကြောက်မှန်းသိရက်သားနဲ့ အားနည်းချက်ကိုအသုံးချကာ လက်ထပ်ခွင့်တောင်းတာ ရည်ရွယ်ချက်တစ်ခုတည်းအတွက်ပါ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတော့ သူသာ လက်ထပ်ဖို့ကိစ္စနဲ့ အခုလို အကြပ်ကိုင်ခဲ့လျှင် ရှောင်ယုရဲ့ အမြင့်ကြောက်တဲ့ စိတ်ရောဂါလည်း အနည်းနဲ့အများ သက်သာသွားလိမ့်မယ်ဆိုပြီး ကူညီချင်စိတ်နဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ်သဘောနဲ့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဘေးကသူငယ်ချင်းတွေရော၊ သူကိုယ်တိုင်ပါ အမျိုးမျိုး ဖြောင်းဖြ၊ တွန်းပို့ခဲ့သော်ငြားလည်း ရှောင်ယုမှာ ကြီးစိုးနေတဲ့ အမြင့်ကြောက်တတ်တဲ့စိတ်ဟာ ခြေတစ်လှမ်းချဖို့တောင် ဘယ်ကမှ သတ္တိတွေမပေးခဲ့ပါဘူး။

လူပုံအလယ်မှာ အစီအစဉ်တွေနဲ့ ဓာတ်ပုံဆရာတွေပါ ငှားပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသမီးလေးဟာ သူ့ချစ်သူရဲ့ သတ္တိမရှိမှုကြောင့်ပဲ ဝမ်းနည်းကြေကွဲကာ အရှက်ရခဲ့ပါတော့တယ်။ ရှောင်ယုကတော့ လမ်းတစ်ဝက်ရောက်ဖို့နေနေသာသာ ခြေလှမ်းသုံးလှမ်းပြည့်အောင်တောင် မလှမ်းခဲ့ဘဲ လှည့်ပြန်သွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟာ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်တွေပေါ်မှာ နာမည်ကြီးနေပြီး လူတွေရဲ့ထင်မြင်ယူဆချက်တွေဟာလည်း အမျိုးမျိုးကို ထင်ကြေးပေးနေပါတယ်။ လက်ထပ်ခွင့်တောင်းတာဟာ တမင်ဖန်တီးထားတာဖြစ်တယ်လို့ ဝေဖန်မှုတွေများနေပေမယ့်လည်း မှန်တံတားရဲ့ တာဝန်ရှိသူတွေနဲ့ ဓာတ်ပုံ၊ ဗီဒီရိုမှတ်တမ်းတင်ဖို့ ငှားထားတဲ့ အဖွဲ့တွေကတော့ ဒါဟာ တကယ်လက်ထပ်ခွင့်တောင်းတာဖြစ်ကြောင်း ကူညီပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Comment တွေအရ အမျိုးသမီးကို အမြင့်ကြောက်တဲ့စိတ်ရောဂါရှိတာကို ဒီလိုအကြပ်ကိုင်တာဟာ မလုပ်သင့်တဲ့အပြုအမူဖြစ်တာကြောင့် အပြစ်တင်နေသလို တချို့ကျပြန်တော့လည်း အမျိုးသားကို သူရဲဘောကြောင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်။

share from : burmese.asia