Zawgyi ျဖင့္ဖတ္ရန္

ပရဟိတသမားႀကီး ေဝဠဳေက်ာ္ နဲ႔ အရႈပ္အရွင္းေတြျဖစ္ခဲ့ၿပီး ကာမ လိမ္လည္ရယူ ပါတယ္ဆိုတဲ့ ကိစၥေတြနဲ႔ အင္တာနက္ေပၚမွာ နာမည္ႀကီးလာတဲ့ သင္းသင္းက ေနာက္ဆုံးမွာေတာ့ ေဝဠဳေက်ာ္ကို တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ထားၿပီး တရားစြဲဆိုလိုက္ၿပီျဖစ္ပါတယ္။ သင္းသင္းက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ တရားစြဲရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေျဖၾကားသြားပါတယ္။

သင္းသင္းက တရားစြဲထားတဲ့ကိစၥကို တရား႐ုံးေတာ္က လက္ခံလိုက္ၿပီဆိုတဲ့အေၾကာင္း “မေန႔ကေတာ့ တရားစြဲလိုက္ပါတယ္။ တရား႐ုံးကေတာ့ လက္ခံလိုက္ၿပီေပ့ါ။ တရား႐ုံးက မေန႔က ၄၁၇ နဲ႔ ပုဒ္မတပ္ေပးလိုက္ပါတယ္။ အခုဟာက ဥပေဒက အမ်ိဳးသမီးေတြအတြက္ အခြင့္အေရးရွိတယ္ေပါ့ေနာ္”လို႔ ေျပာျပသြားပါတယ္။

 

 

တရားစြဲရတာဟာ ေလ်ာ္ေၾကးလိုခ်င္လို႔မဟုတ္ပဲ တကယ္နစ္နာခဲ့ရလို႔သာျဖစ္ေၾကာင္း “အခုျဖစ္ေနၾကတာက အဓမၼမႈေတြျဖစ္ေနၾကတယ္။ အစ္မေျပာခ်င္တာက အစ္မလိုပဲျဖစ္တဲ့မိန္းကေလးေတြလည္းရွိမယ္လို႔အစ္မထင္တယ္။ အစ္မကေတာ့ စံနမူနာေတာ့မဟုတ္ဘူးေပါ့ေနာ္။ ဥပေဒဆိုတဲ့အရာကိုသိေစခ်င္တယ္။ ဥပေဒရဲ႕အဆုံးအျဖတ္ကိုလိုက္နာမယ္။ ၿပီးေတာ့ မေန႔က ေျပာခဲ့သလိုပဲေပါ့ေနာ္။ ေလ်ာ္ေၾကးလိုခ်င္လို႔မဟုတ္ဘူး။ မိန္းကေလးတစ္ေယာက္မွာ တကယ္နစ္နာလို႔တရားစြဲခဲ့တာပါ”လို႔လည္း ရင္ဖြင့္ထားပါတယ္။

သင္းသင္းက ထမင္းေၾကာ္ကိစၥလည္းေခါင္းထဲမွာမရွိေၾကာင္း “ထမင္းေၾကာ္ကိစၥလည္း ေခါင္းထဲမွာမရွိပါဘူး။ ကိုယ္တကယ္စားခဲ့တာကိုး။ ေဝဖန္ေနတဲ့ပရိသတ္ဆိုတာကလည္းလူဆိုတာ ကိုယ့္ကိုလိုတဲ့သူရွိတယ္မလိုတဲ့သူရွိတယ္။ ဒါေတြကို လိုက္ၿပီးမခံစားပါဘူး။”လို႔ ေျဖထားသလို လူဆိုတာ ကိုယ့္ကိုယ္ကိုယ္ အၾကည္ညိဳမပ်က္ရင္ၿပီးတာပဲလို႔ခံယူေၾကာင္း “အစ္မကေတာ့ ကိုယ္ဘယ္လိုမိန္းကေလးလဲဆိုတာ ကိုယ့္ဘာသာသိတယ္။ လူဆိုတာ ကိုယ့္ကိုယ္ကိုယ္အၾကည္ညိဳမပ်က္ရင္ အစ္မအဲ့ဒါကို ဂုဏ္ယူတယ္။ ကိုယ့္ကိုယ္ကိုယ္အၾကည္ညိဳပ်က္သြားရင္ေတာ့ အဲဒီလူဟာ သုံးစားမရေတာ့ဘူးလို႔အစ္မထင္တယ္”လို႔ ယုံၾကည္ခ်က္ကိုအခိုင္အမာဖြင့္ဟသြားပါတယ္။

သင္းသင္းက တရားသာစြဲရေပမယ့္ တစ္ဖက္ကို နစ္နာေစခ်င္စိတ္မရွိဘူး လို႔လည္းေျပာလာပါတယ္။ “ကာယကံရွင္ႏွစ္ေယာက္သာ ဘယ္သူမွားလဲဘယ္သူမွန္လဲဆိုတာ ကိုယ္ေတြႏွစ္ေယာက္အသိဆုံး။ အဲဒီေတာ့ အခ်ိန္ကစကားေျပာသြားပါလိမ့္မယ္။ တစ္ဖက္ကိုလည္း နစ္နာပါေစေတာ့ဆိုတဲ့အေတြးလည္းမရွိပါဘူး။ တရားဥပေဒရဲ႕အေၾကာင္းေလးကိုလည္းသိေစခ်င္တယ္။ ၿပီးေတာ့လည္း တရားဥပေဒရဲ႕အဆုံးအျဖတ္ကိုလည္းနာခံေစခ်င္လို႔တရားစြဲလိုက္တာပါ”လို႔ ေျဖၾကားထားပါတယ္။

သင္းသင္းက သူ႔ရဲ႕ ဝွက္ဖဲကိုေစာင့္ၾကည့္ၾကပါဆိုၿပီးေတာ့လည္း “ဝွက္ဖဲဆိုတာကေတာ့ လူတိုင္းမွာရွိသင့္တယ္ေတာ့ထင္တာပါပဲ။ အစ္မတို႔လည္း ပြင့္လင္းတာပါပဲ။ အစ္မဘက္ကေတာ့ ဝွက္ဖဲရယ္ေတာ့မဟုတ္ပါဘူး။ ကိုယ္ဟုတ္လားမဟုတ္လား။ အခ်ိန္ကစကားေျပာသြားပါလိမ့္မယ္။ ဒါပဲေျပာခ်င္ပါတယ္”လို႔ သတိေပးသြားခဲ့ပါတယ္။

ပရိသတ္ႀကီးေရာ သင္းသင္းနဲ႔ ေဝဠဳေက်ာ္တို႔ အျဖစ္အပ်က္မွာ ဘယ္သူမွန္တယ္ထင္လဲ။ သင္းသင္းရဲ႕ ထမင္းေၾကာ္ကိစၥ ကိုေရာဘယ္လိုျမင္ၾကလဲ။ ဒီတရား ရင္ဆိုင္မႈႀကီးကေရာ ဘယ္လိုၿပီးဆုံး သြားမယ္ထင္လဲ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဥပဒေ အကြောင်း သိစေချင်လို့ တရားစွဲ ခဲ့ပေမယ့် ဝေဠုကျော် ကိုနစ်နာစေလို စိတ်မရှိပါဘူးဆိုတဲ့ သင်းသင်း

ပရဟိတသမားကြီး ဝေဠုကျော် နဲ့ အရှုပ်အရှင်းတွေဖြစ်ခဲ့ပြီး ကာမ လိမ်လည်ရယူ ပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ အင်တာနက်ပေါ်မှာ နာမည်ကြီးလာတဲ့ သင်းသင်းက နောက်ဆုံးမှာတော့ ဝေဠုကျော်ကို တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။ သင်းသင်းက မီဒီယာတွေနဲ့ အင်တာဗျူးမှာ တရားစွဲရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးဖြေကြားသွားပါတယ်။

သင်းသင်းက တရားစွဲထားတဲ့ကိစ္စကို တရားရုံးတော်က လက်ခံလိုက်ပြီဆိုတဲ့အကြောင်း “မနေ့ကတော့ တရားစွဲလိုက်ပါတယ်။ တရားရုံးကတော့ လက်ခံလိုက်ပြီပေ့ါ။ တရားရုံးက မနေ့က ၄၁၇ နဲ့ ပုဒ်မတပ်ပေးလိုက်ပါတယ်။ အခုဟာက ဥပဒေက အမျိုးသမီးတွေအတွက် အခွင့်အရေးရှိတယ်ပေါ့နော်”လို့ ပြောပြသွားပါတယ်။

တရားစွဲရတာဟာ လျော်ကြေးလိုချင်လို့မဟုတ်ပဲ တကယ်နစ်နာခဲ့ရလို့သာဖြစ်ကြောင်း “အခုဖြစ်နေကြတာက အဓမ္မမှုတွေဖြစ်နေကြတယ်။ အစ်မပြောချင်တာက အစ်မလိုပဲဖြစ်တဲ့မိန်းကလေးတွေလည်းရှိမယ်လို့အစ်မထင်တယ်။ အစ်မကတော့ စံနမူနာတော့မဟုတ်ဘူးပေါ့နော်။ ဥပဒေဆိုတဲ့အရာကိုသိစေချင်တယ်။ ဥပဒေရဲ့အဆုံးအဖြတ်ကိုလိုက်နာမယ်။ ပြီးတော့ မနေ့က ပြောခဲ့သလိုပဲပေါ့နော်။ လျော်ကြေးလိုချင်လို့မဟုတ်ဘူး။ မိန်းကလေးတစ်ယောက်မှာ တကယ်နစ်နာလို့တရားစွဲခဲ့တာပါ”လို့လည်း ရင်ဖွင့်ထားပါတယ်။

သင်းသင်းက ထမင်းကြော်ကိစ္စလည်းခေါင်းထဲမှာမရှိကြောင်း “ထမင်းကြော်ကိစ္စလည်း ခေါင်းထဲမှာမရှိပါဘူး။ ကိုယ်တကယ်စားခဲ့တာကိုး။ ဝေဖန်နေတဲ့ပရိသတ်ဆိုတာကလည်းလူဆိုတာ ကိုယ့်ကိုလိုတဲ့သူရှိတယ်မလိုတဲ့သူရှိတယ်။ ဒါတွေကို လိုက်ပြီးမခံစားပါဘူး။”လို့ ဖြေထားသလို လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အကြည်ညိုမပျက်ရင်ပြီးတာပဲလို့ခံယူကြောင်း “အစ်မကတော့ ကိုယ်ဘယ်လိုမိန်းကလေးလဲဆိုတာ ကိုယ့်ဘာသာသိတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်အကြည်ညိုမပျက်ရင် အစ်မအဲ့ဒါကို ဂုဏ်ယူတယ်။ ကိုယ့်ကိုယ်ကိုယ်အကြည်ညိုပျက်သွားရင်တော့ အဲဒီလူဟာ သုံးစားမရတော့ဘူးလို့အစ်မထင်တယ်”လို့ ယုံကြည်ချက်ကိုအခိုင်အမာဖွင့်ဟသွားပါတယ်။

သင်းသင်းက တရားသာစွဲရပေမယ့် တစ်ဖက်ကို နစ်နာစေချင်စိတ်မရှိဘူး လို့လည်းပြောလာပါတယ်။ “ကာယကံရှင်နှစ်ယောက်သာ ဘယ်သူမှားလဲဘယ်သူမှန်လဲဆိုတာ ကိုယ်တွေနှစ်ယောက်အသိဆုံး။ အဲဒီတော့ အချိန်ကစကားပြောသွားပါလိမ့်မယ်။ တစ်ဖက်ကိုလည်း နစ်နာပါစေတော့ဆိုတဲ့အတွေးလည်းမရှိပါဘူး။ တရားဥပဒေရဲ့အကြောင်းလေးကိုလည်းသိစေချင်တယ်။ ပြီးတော့လည်း တရားဥပဒေရဲ့အဆုံးအဖြတ်ကိုလည်းနာခံစေချင်လို့တရားစွဲလိုက်တာပါ”လို့ ဖြေကြားထားပါတယ်။

သင်းသင်းက သူ့ရဲ့ ဝှက်ဖဲကိုစောင့်ကြည့်ကြပါဆိုပြီးတော့လည်း “ဝှက်ဖဲဆိုတာကတော့ လူတိုင်းမှာရှိသင့်တယ်တော့ထင်တာပါပဲ။ အစ်မတို့လည်း ပွင့်လင်းတာပါပဲ။ အစ်မဘက်ကတော့ ဝှက်ဖဲရယ်တော့မဟုတ်ပါဘူး။ ကိုယ်ဟုတ်လားမဟုတ်လား။ အချိန်ကစကားပြောသွားပါလိမ့်မယ်။ ဒါပဲပြောချင်ပါတယ်”လို့ သတိပေးသွားခဲ့ပါတယ်။

ပရိသတ်ကြီးရော သင်းသင်းနဲ့ ဝေဠုကျော်တို့ အဖြစ်အပျက်မှာ ဘယ်သူမှန်တယ်ထင်လဲ။ သင်းသင်းရဲ့ ထမင်းကြော်ကိစ္စ ကိုရောဘယ်လိုမြင်ကြလဲ။ ဒီတရား ရင်ဆိုင်မှုကြီးကရော ဘယ်လိုပြီးဆုံး သွားမယ်ထင်လဲ။

share from : burmese.asia