Zawgyi ျဖင့္ဖတ္ရန္

စက္ပစၥည္းေတြအရမ္းကိုတိုးတက္လာတဲ့ခုေခတ္ႀကီးွမွာ လူေတြရဲ႕ စိတ္ခံစားခ်က္ေတြကလည္းတိုးတက္ေျပာင္းလဲတဲ့ ေခတ္ေရစီးေၾကာင္းႀကီးထဲ ေရွာင္လႊဲမရစြာပဲေမ်ာပါေနခဲ့ဟန္တူပါတယ္။ ေယာက္်ားေလးေတြရဲ႕ဆန္းျပားတဲ့စိတ္ခံစားမႈေတြဟာ ဟိုးလြန္ခဲ့တဲ့ႏွစ္ေတြကတည္းက ရွိခဲ့တာဆိုေပမယ့္ အရင္ေခတ္ေတြတုန္းကေတာ့ သိုသိုသိပ္သိပ္သာရွိေနခဲ့တာျဖစ္ၿပီး သိပ္မၾကာခင္ ဆယ္စုႏွစ္ေတြကမွ သာမန္မဟုတ္တဲ့စိတ္ခံစားခ်က္ေတြဟာ ေပၚေပၚထင္ထင္ျဖစ္တည္ခြင့္ရခဲ့တာပါ။ျမန္မာႏိုင္ငံ မွာလည္းအခုတေလာမွာ ေယာက္်ားေလး ေတြရဲ႕ အခ်င္းခ်င္းသာမန္မဟုတ္တဲ့စိတ္ခံစားခ်က္ေတြသိပ္ကိုေခတ္စားေပါမ်ားလာမႈေၾကာင့္ အစစ္မေတြေနဝင္ခ်ိန္လို႔ေျပာၾကရေလာက္တဲ့အထိကို မိန္းကေလးအစစ္ေတြမွာ အမ်ိဳးမ်ိဳးအဖုံဖုံစိတ္ဒုကၡေတြေရာက္ခဲ့ရ၊ေရာက္ေနရဆဲပါပဲ။ လူတိုင္းမွာ လြပ္လပ္စြာေ႐ြးခ်ယ္ခြင့္ရွိေပမယ့္ ကိုယ့္ရဲ႕လြပ္လပ္ခြင့္ကိုလိုခ်င္တာေၾကာင့္ေတာ့ ကိုယ္နဲ႔ႏွစ္ရွည္လမ်ားပတ္သက္လာခဲ့တဲ့အမ်ိဳးသမီးကိုအရွက္တကြဲအက်ိဳးနည္းေအာင္မလုပ္သင့္တာအမွန္ပါ။

ဟိုတေလာကလည္းလက္ထပ္ဖို႔အကုန္ျပင္ဆင္ၿပီးကာမွ ေယာက္်ားေလးရဲ႕စိတ္ခံစားခ်က္က မ်ိဳးတူကိုသာတိမ္းၫႊတ္တယ္မွန္း အထင္းသားေပၚထြက္လာတာေၾကာင့္ မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ရတဲ့ မိန္းကေလးရဲ႕သတင္းကိုဖတ္လိုက္ရပါေသးတယ္။ အခုလည္းပဲဆန္းျပားတဲ့သတင္းတစ္ပုဒ္ေပၚထြက္လာခဲ့ျပန္ပါၿပီ။ အဲ့ဒါကေတာ့ေယာက္်ားေလးႏွစ္ဦးလို႔ိဆိုရမယ့္ လက္ထပ္မဂၤလာပြဲပါပဲ။ဟုတ္ပါတယ္။ဒီေန႔ေခတ္ႀကီးမွာ ေယာက္်ားေလးအခ်င္းခ်င္းလက္ထပ္တာဟာ သတင္းတစ္ပုဒ္ျဖစ္ႏိုင္ေတာ့တဲ့ေခတ္မဟုတ္ေပမယ့္လည္း ဒီသတင္းကေတာ့ ထူးျခားတယ္လို႔ဆိုရမွာပါ။ အေၾကာင္းကေတာ့ ေယာက်္ားေလးႏွစ္ဦးရဲ႕လက္ထပ္ပြဲဟာ ေယာက္်ားေလးအခ်င္းခ်င္းမဟုတ္ပဲမိန္းကေလးနဲ႔ေယာက္်ားေလးရဲ႕လက္ထပ္မဂၤလာပြဲျဖစ္ေၾကာင္းေပၚထြက္လာခဲ့လို႔ပါပဲ။ ဖတ္ရတာမ်က္စိရႈပ္သြားၿပီထင္ပါတယ္။

အင္တာနက္ေပၚဓာတ္ပုံေတြတက္လာခါစမွာ အေနာက္မွာေရးထားတဲ့သတို႔သားနဲ႔သတို႔သမီးတို႔ရဲ႕နာမည္ေတြကေယာက္်ားေလးနဲ႔မိန္းကေလးရဲ႕နာမည္ေတြျဖစ္ေနခဲ့တာေၾကာင့္ လူအမ်ားစုက သူမ်ားမဂၤလာပြဲမွာ သတို႔သားအရံလုပ္ေပးတဲ့သူေတြကို ဓာတ္ပုံတင္ၿပီးဖြတာလို႔ထင္ခဲ့ၾကေပမယ့္ ေနာက္ပိုင္းမွာ သတို႔သမီးဟာ ေယာက္်ားစိတ္ေပါက္ေနတဲ့မိန္းကေလးျဖစ္တာေၾကာင့္ ေယာက္်ားလိုဝတ္ၿပီး မဂၤလာေဆာင္တာျဖစ္ေၾကာင္းသိလိုက္ရခ်ိန္မွာေတာ့ အကုန္လုံးက စဥ္းစားရခက္ၿပီးငိုရမလိုရယ္ရမလိုေတြျဖစ္ကုန္ပါေသးတယ္။

သတို႔သားျဖစ္သူဟာေယာက္်ားေလးျဖစ္ေပမယ့္ ေယာက်္ားေလးအခ်င္းခ်င္းႏွစ္သက္စိတ္ဝင္ေနၿပီး Uke ျဖစ္ေနသူပါ။ မိန္းကေလးကေတာ့ ေစာေစာကေျပာခဲ့သလိုပဲေယာက်္ားလ်ာစိတ္ေပါက္ေနတဲ့မိန္းကေလးပါ။ သူတို႔ႏွစ္ဦးရဲ႕ဖူးစာကတကယ္ကိုအံ့ၾသစရာပါပဲ။ Uke နဲ႔ Tomboy ေလးေတာ့ လက္ထပ္ၿပီးဘယ္လိုစခန္းသြားၾကမလဲဆိုတာစိတ္ဝင္စားၿပီး comment ေတြမွာေျပာဆိုေနၾကသူေတြက ဒုနဲ႔ေဒးရွိေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လက္ထပ္ၿပီးအတူေပ်ာ္႐ႊင္စြာေနႏိုင္ဖို႔ကသာအဓိကလို႔ေျပာဆိုေနၾကသူေတြလည္းရွိေလရဲ႕။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မကြုံဖူးပေါင်ဂုဏ်ထူးဆောင်တဲ့ မင်္ဂလာဆောင် အဆန်းကြီး

စက်ပစ္စည်းတွေအရမ်းကိုတိုးတက်လာတဲ့ခုခေတ်ကြီးှမှာ လူတွေရဲ့ စိတ်ခံစားချက်တွေကလည်းတိုးတက်ပြောင်းလဲတဲ့ ခေတ်ရေစီးကြောင်းကြီးထဲ ရှောင်လွှဲမရစွာပဲမျောပါနေခဲ့ဟန်တူပါတယ်။ ယောက်ျားလေးတွေရဲ့ဆန်းပြားတဲ့စိတ်ခံစားမှုတွေဟာ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက ရှိခဲ့တာဆိုပေမယ့် အရင်ခေတ်တွေတုန်းကတော့ သိုသိုသိပ်သိပ်သာရှိနေခဲ့တာဖြစ်ပြီး သိပ်မကြာခင် ဆယ်စုနှစ်တွေကမှ သာမန်မဟုတ်တဲ့စိတ်ခံစားချက်တွေဟာ ပေါ်ပေါ်ထင်ထင်ဖြစ်တည်ခွင့်ရခဲ့တာပါ။မြန်မာနိုင်ငံ မှာလည်းအခုတလောမှာ ယောက်ျားလေး တွေရဲ့ အချင်းချင်းသာမန်မဟုတ်တဲ့စိတ်ခံစားချက်တွေသိပ်ကိုခေတ်စားပေါများလာမှုကြောင့် အစစ်မတွေနေဝင်ချိန်လို့ပြောကြရလောက်တဲ့အထိကို မိန်းကလေးအစစ်တွေမှာ အမျိုးမျိုးအဖုံဖုံစိတ်ဒုက္ခတွေရောက်ခဲ့ရ၊ရောက်နေရဆဲပါပဲ။ လူတိုင်းမှာ လွပ်လပ်စွာရွေးချယ်ခွင့်ရှိပေမယ့် ကိုယ့်ရဲ့လွပ်လပ်ခွင့်ကိုလိုချင်တာကြောင့်တော့ ကိုယ်နဲ့နှစ်ရှည်လများပတ်သက်လာခဲ့တဲ့အမျိုးသမီးကိုအရှက်တကွဲအကျိုးနည်းအောင်မလုပ်သင့်တာအမှန်ပါ။

ဟိုတလောကလည်းလက်ထပ်ဖို့အကုန်ပြင်ဆင်ပြီးကာမှ ယောက်ျားလေးရဲ့စိတ်ခံစားချက်က မျိုးတူကိုသာတိမ်းညွှတ်တယ်မှန်း အထင်းသားပေါ်ထွက်လာတာကြောင့် မျက်ရည်နဲ့မျက်ခွက်ဖြစ်ရတဲ့ မိန်းကလေးရဲ့သတင်းကိုဖတ်လိုက်ရပါသေးတယ်။ အခုလည်းပဲဆန်းပြားတဲ့သတင်းတစ်ပုဒ်ပေါ်ထွက်လာခဲ့ပြန်ပါပြီ။ အဲ့ဒါကတော့ယောက်ျားလေးနှစ်ဦးလို့ိဆိုရမယ့် လက်ထပ်မင်္ဂလာပွဲပါပဲ။ဟုတ်ပါတယ်။ဒီနေ့ခေတ်ကြီးမှာ ယောက်ျားလေးအချင်းချင်းလက်ထပ်တာဟာ သတင်းတစ်ပုဒ်ဖြစ်နိုင်တော့တဲ့ခေတ်မဟုတ်ပေမယ့်လည်း ဒီသတင်းကတော့ ထူးခြားတယ်လို့ဆိုရမှာပါ။ အကြောင်းကတော့ ယောကျ်ားလေးနှစ်ဦးရဲ့လက်ထပ်ပွဲဟာ ယောက်ျားလေးအချင်းချင်းမဟုတ်ပဲမိန်းကလေးနဲ့ယောက်ျားလေးရဲ့လက်ထပ်မင်္ဂလာပွဲဖြစ်ကြောင်းပေါ်ထွက်လာခဲ့လို့ပါပဲ။ ဖတ်ရတာမျက်စိရှုပ်သွားပြီထင်ပါတယ်။

အင်တာနက်ပေါ်ဓာတ်ပုံတွေတက်လာခါစမှာ အနောက်မှာရေးထားတဲ့သတို့သားနဲ့သတို့သမီးတို့ရဲ့နာမည်တွေကယောက်ျားလေးနဲ့မိန်းကလေးရဲ့နာမည်တွေဖြစ်နေခဲ့တာကြောင့် လူအများစုက သူများမင်္ဂလာပွဲမှာ သတို့သားအရံလုပ်ပေးတဲ့သူတွေကို ဓာတ်ပုံတင်ပြီးဖွတာလို့ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ သတို့သမီးဟာ ယောက်ျားစိတ်ပေါက်နေတဲ့မိန်းကလေးဖြစ်တာကြောင့် ယောက်ျားလိုဝတ်ပြီး မင်္ဂလာဆောင်တာဖြစ်ကြောင်းသိလိုက်ရချိန်မှာတော့ အကုန်လုံးက စဉ်းစားရခက်ပြီးငိုရမလိုရယ်ရမလိုတွေဖြစ်ကုန်ပါသေးတယ်။

သတို့သားဖြစ်သူဟာယောက်ျားလေးဖြစ်ပေမယ့် ယောကျ်ားလေးအချင်းချင်းနှစ်သက်စိတ်ဝင်နေပြီး Uke ဖြစ်နေသူပါ။ မိန်းကလေးကတော့ စောစောကပြောခဲ့သလိုပဲယောကျ်ားလျာစိတ်ပေါက်နေတဲ့မိန်းကလေးပါ။ သူတို့နှစ်ဦးရဲ့ဖူးစာကတကယ်ကိုအံ့သြစရာပါပဲ။ Uke နဲ့ Tomboy လေးတော့ လက်ထပ်ပြီးဘယ်လိုစခန်းသွားကြမလဲဆိုတာစိတ်ဝင်စားပြီး comment တွေမှာပြောဆိုနေကြသူတွေက ဒုနဲ့ဒေးရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ပြီးအတူပျော်ရွှင်စွာနေနိုင်ဖို့ကသာအဓိကလို့ပြောဆိုနေကြသူတွေလည်းရှိလေရဲ့။

share from : burmese.asia