Zawgyi ဖြင့်ဖတ်ရန်



 

 




Unicode ဖြင့်ဖတ်ရန်

ချစ်တင်းနှော ဖို့ ငြင်းဆန်ခဲ့တဲ့ ချစ်သူအမျိုးသားရဲ့မျက်နှာကို ဓားနဲ့မွှမ်းခဲ့တဲ့ အမျိုးသမီး

အသက်(၂၇)နှစ်အရွယ် အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ ချစ်သူ အမျိုးသား က သူမနဲ့ ချစ်တင်းနှောဖို့ အကြောက်အကန် ငြင်းဆန်ခဲ့တာကြောင့် မျက်နှာကို ဓားနဲ့မွှမ်းခဲ့ကြောင်း သိရပါတယ်။ ပြစ်မှုကျူးလွန်သူ အမျိုးသမီးရဲ့အမည်မှာ Katherine Nieves Tavarez (၂၇)နှစ်ဖြစ်ပါတယ်…

ဓားနဲ့ အမွှမ်းခံရသူကတော့ Amaury Vazquez Correro လို့ အမည်ရကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖလော်ရီဒါပြည်နယ် ၊ ဗီရိုကမ်းခြေမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူ Katherine ကို ဖမ်းဆီးစဉ်မှာ မျက်မြင်သက်သေတစ်ဦးရဲ့ အဆိုအရ Correro ရဲ့မျက်နှာဟာ အတော်လေး ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်…

သတင်းမှာ ဖော်ပြထားချက်အရ အခင်းဖြစ်စဉ်နဲ့ အနီးမှာရှိနေတဲ့ Katherine ရဲ့ လက်နဲ့ အဝတ်အစားတွေမှာ သွေးတွေဟာ မြင်မကောင်းအောင် ပေကျံနေပြီး၊ သူမအနေနဲ့လည်း သူမရဲ့ဆန္ဒ မပြည့်ဝတဲ့အတွက် အတော်လေးကို ကြိတ်မနိုင် ခဲမရ ဖြစ်နေတယ်လို့ ဆိုပါတယ်…

ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိက ” Correro ဟာ မျက်နှာတစ်ပြင်လုံး သွေးတွေ ဖုံးလွှမ်းနေပြီး ကြမ်းပြင်မှာ လဲကျနေတယ် … ပါးစပ်ကလည်း သူ ကျွန်တော့်ကို ဓားနဲ့လှီးတယ် … ကျွန်တော် အခု ဘာမှ မမြင်ရတော့ဘူးလို့ ပြောသေးတယ်”လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ Katherine ကို ဖမ်းဆီး စစ်ဆေးနေဆဲပါ. . . . .

share from : burmese.asia

LEAVE A REPLY