Zawgyi ျဖင့္ဖတ္ရန္

 

ေခတ္ေတြတစ္ေခတ္ၿပီး တစ္ေခတ္ေျပာင္းလဲလာတာနဲ႔အညီ လူတစ္ေယာက္ရဲ႕ ရည္ဆင္းအဂၤါအသြင္အျပင္ဟာလည္း လူတစ္ဦးနဲ႔တစ္ဦး အဆက္အဆံလုပ္ရာမွာ သိပ္ကိုအေရးပါအရာေရာက္တဲ့ က႑အျဖစ္သတ္မွတ္ခဲ့ၾကပါတယ္။ အေပါင္းအသင္း၊ မိတ္ေဆြ၊ အဓိကအေနနဲ႔ ခ်စ္ေရးခ်စ္ရာႏွလံုးသားေရးမွာ အျခားအရာေတြထက္ ရုပ္ရည္ ကိုၾကည့္ၿပီး ဦးစြာဆံုးျဖတ္တတ္ၾကပါတယ္။

တစ္ဖက္လူရဲ႕အျမင္တင္မဟုတ္ဘဲ မိမိကိုယ္တိုင္ကကို ကိုယ့္ရုပ္ရည္ဟာ ယေန႕ေခတ္စံနႈန္းအတိုင္းမမီပါက သိမ္ငယ္တတ္ၾကၿပီး အရာရာမွာ မဝံ့မရဲျဖစ္တတ္ၾကပါတယ္။ ရုပ္ရည္ဟာသိပ္ကိုအေရးပါတယ္လို႕ မည္သို႕ပင္ဆိုေစကာမူ ယေန႕ေခတ္ႀကီးထဲ ေကာင္းမြန္တဲ့စိတ္ ဝိဥာဥ္ ကိုသာ ထြင္းေဖာက္ၾကည့္တတ္ၿပီး ရုပ္ရည္သြင္ျပင္ကို စိတ္ကူးထဲေတာင္မထည့္တတ္တဲ့ ရွားပါးလူစားမ်ိဳးေတြလည္း ရွိေနဆဲပါပဲ။

ရုပ္ရည္သြင္ျပင္ကိုမၾကည့္ဘဲ ႏွစ္ႏွစ္ကာကာခ်စ္မိသြားတယ္ဆိုတာကို သက္ေသျပခဲ့တဲ့ အမ်ိဳးသားတစ္ဦးရွိပါတယ္။ သူကေတာ့ Jayaprakash လို႕ေခၚတဲ့ အိႏၵယ နိုင္ငံသားတစ္ဦးပါ။ Jayaprakash ဟာ သူ႕ရဲ႕ဖူးစာရွင္ Sunitha ကို ငယ္စဥ္ကတည္းက တစ္ဖက္သတ္ခ်စ္ကၽြမ္းဝင္ခဲ့သူတစ္ဦးပါ။ ၂၀၀၄ ခုႏွစ္ အသက္ (၁၇) နွစ္အရြယ္မွာ အခ်စ္စစ္ကို စေတြ႕ခဲ့တယ္လို႕ Jayaprakash ကဆိုပါတယ္။

 

သူထုိင္ေနတဲ့ စာသင္ခန္းထဲ Sunitha ဝင္လာတာကို ေတြ႕ၿပီးမွာပဲ ျမင္ျမင္ခ်င္း ႏွစ္သက္ခဲ့မိပါတယ္။အဲဒီအခ်ိန္ကတည္းက Sunitha ရဲ႕အေၾကာင္းကို Jayaprakash တစ္ေယာက္ ေခါင္းထဲကေန ထုတ္လုိ႕ကိုမရေတာ့ပါဘူး။

အခ်ိန္ခဏအၾကာမွာေတာ့ သူတို႕ႏွစ္ဦးဟာ သူငယ္ခ်င္းအဆင့္သုိ႕ေရာက္ရွိကာ ခင္မင္ရင္းႏွီးခဲ့ၾကပါတယ္။ အျခားေကာင္ေလးေတြ Sunitha နားမွာျမင္တိုင္း Jayaprakash ဟာ Sunitha နဲ႔ အေခၚအေျပာမလုပ္ေတာ့တဲ့အထိကို ခ်စ္စိတ္ေတြပိုၿပီး သဝန္တိုခဲ့တာပါ။

ခင္မင္ရင္းႏွီးခဲ့တဲ့ သူငယ္ခ်င္းသံေယာဇာဥ္ေၾကာင့္ Jayaprakash ဟာ Sunitha ဘယ္ေလာက္ စိတ္ထားေကာင္းေၾကာင္း စိတ္ႏွလံုးဘယ္ေလာက္လွေၾကာင္း သိေနခဲ့ပါတယ္။ ေက်ာင္းၿပီးေတာ့ ေလွ်ာက္လွမ္းၾကတဲ့ ဘဝလမ္းေၾကာင္းေတြကလည္း မတူညီေတာ့တဲ့အတြက္ေၾကာင့္ ေခတၱကြဲကြာခဲ့ရပါတယ္။

တစ္ရက္မွာေတာ့ Jayaprakash ရဲ႕ ဘဝႀကီးကို ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္သြားေစခဲ့တဲ့ ဖုန္းတစ္ခုဝင္လာခဲ့ပါတယ္။ Sunitha ယာဥ္မေတာ္တဆမႈ ျဖစ္တယ္ဆိုတဲ့ သတင္းပါ။ ကိုယ္ခ်စ္ေနရသူမို႕ ပူပန္တဲ့စိတ္နဲ႔ ေဆးရံုကိုသြားၾကည့္ခဲ့တဲ့အခါမွာေတာ့ ဆံပင္ေတြမရွိ၊ သြားေတြမရွိ၊ အေရျပားေတြတြန္႕ေၾကေနလို႕ အသက္ (၉၀) အရြယ္အဖြားႀကီးတစ္ဦးအလား Sunitha ဟာ ထင္မွတ္ရပါတယ္။

မိန္းကေလးလည္းျဖစ္ၿပီး အခုလိုမ်ိဳးရုပ္ပ်က္ဆင္းပ်က္ျဖစ္သြားရတဲ့အေပၚ Jayaprakash တစ္ေယာက္ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ ေဆးရံုမွအိမ္ျပန္သြားၿပီးတဲ့အခ်ိန္မွာေတာ့ Sunitha နဲ႔ပတ္သက္ၿပီး Jayaprakash အႀကီးအက်ယ္စဥ္းစားပါေတာ့တယ္။ သူတကယ္ Sunitha ကို ခ်စ္တာေသခ်ာေနတဲ့အတြက္ ဆံုးျဖတ္ခ်က္တစ္ခုကို ခိုင္ခိုင္မာမာခ်မွတ္ခဲ့ပါတယ္။

ဒါနဲ႔ Sunitha ကိုခ်က္ခ်င္း message ပို႕ၿပီး ခ်စ္ခြင့္ပန္ဖြင့္ေျပာခဲ့ပါေတာ့တယ္။ ဒီတင္မကေသးဘဲ message ထဲ လက္ထပ္ခြင့္ပါ တစ္ခါတည္းေတာင္းခဲ့တာပါ။

Sunitha ရဲ႕ မ်က္ႏွာကိုခြဲစိတ္မႈအႀကိမ္ႀကိမ္လုပ္ၿပီးမွာေတာ့ Jayaprakash နဲ႔ လက္ထပ္မဂၤလာပြဲကို လူအမ်ားၾကား တင့္တင့္တယ္တယ္က်င္းပကာ ေရႊလက္တြဲခဲ့ၾကပါတယ္။ လူေတြကေတာ့ Jayaprakash ဟာ Sunitha ကို လက္ထပ္ယူတယ္ဆိုတာ သနားစိတ္ေၾကာင့္လို႕ဆိုေပမယ့္ Jayaprakash ကေတာ့ သူ႕ရဲ႕ Sunitha အေပၚထားရွိတဲ့ ႀကီးမားတဲ့ခ်စ္ျခင္းတရားေၾကာင့္လို႕ဆိုပါတယ္။

Jayaprakash နဲ႔ Sunitha တုိ႕ဟာ အခုအခါမွာေတာ့ ကေလးေလးႏွစ္ေယာက္နဲ႔အတူတူ သာယာေပ်ာ္ရႊင္တဲ့အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားၾကပါတယ္

Source: Fabiosa

Unicode ဖြင့်ဖတ်ရန်

ရုပ်ရည်ချို့တဲ့မှုကို လျစ်လျူရှုကာ အချစ်စစ် နဲ့ လက်တွဲတွေမြဲနေတဲ့ စုံတွဲ

ခေတ်တွေတစ်ခေတ်ပြီး တစ်ခေတ်ပြောင်းလဲလာတာနဲ့အညီ လူတစ်ယောက်ရဲ့ ရည်ဆင်းအင်္ဂါအသွင်အပြင်ဟာလည်း လူတစ်ဦးနဲ့တစ်ဦး အဆက်အဆံလုပ်ရာမှာ သိပ်ကိုအရေးပါအရာရောက်တဲ့ ကဏ္ဍအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ အပေါင်းအသင်း၊ မိတ်ဆွေ၊ အဓိကအနေနဲ့ ချစ်ရေးချစ်ရာနှလုံးသားရေးမှာ အခြားအရာတွေထက် ရုပ်ရည် ကိုကြည့်ပြီး ဦးစွာဆုံးဖြတ်တတ်ကြပါတယ်။

တစ်ဖက်လူရဲ့အမြင်တင်မဟုတ်ဘဲ မိမိကိုယ်တိုင်ကကို ကိုယ့်ရုပ်ရည်ဟာ ယနေ့ခေတ်စံနှုန်းအတိုင်းမမီပါက သိမ်ငယ်တတ်ကြပြီး အရာရာမှာ မဝံ့မရဲဖြစ်တတ်ကြပါတယ်။ ရုပ်ရည်ဟာသိပ်ကိုအရေးပါတယ်လို့ မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ်ကြီးထဲ ကောင်းမွန်တဲ့စိတ် ဝိဉာဉ် ကိုသာ ထွင်းဖောက်ကြည့်တတ်ပြီး ရုပ်ရည်သွင်ပြင်ကို စိတ်ကူးထဲတောင်မထည့်တတ်တဲ့ ရှားပါးလူစားမျိုးတွေလည်း ရှိနေဆဲပါပဲ။

ရုပ်ရည်သွင်ပြင်ကိုမကြည့်ဘဲ နှစ်နှစ်ကာကာချစ်မိသွားတယ်ဆိုတာကို သက်သေပြခဲ့တဲ့ အမျိုးသားတစ်ဦးရှိပါတယ်။ သူကတော့ Jayaprakash လို့ခေါ်တဲ့ အိန္ဒယ နိုင်ငံသားတစ်ဦးပါ။ Jayaprakash ဟာ သူ့ရဲ့ဖူးစာရှင် Sunitha ကို ငယ်စဉ်ကတည်းက တစ်ဖက်သတ်ချစ်ကျွမ်းဝင်ခဲ့သူတစ်ဦးပါ။ ၂၀၀၄ ခုနှစ် အသက် (၁၇) နှစ်အရွယ်မှာ အချစ်စစ်ကို စတွေ့ခဲ့တယ်လို့ Jayaprakash ကဆိုပါတယ်။

သူထိုင်နေတဲ့ စာသင်ခန်းထဲ Sunitha ဝင်လာတာကို တွေ့ပြီးမှာပဲ မြင်မြင်ချင်း နှစ်သက်ခဲ့မိပါတယ်။အဲဒီအချိန်ကတည်းက Sunitha ရဲ့အကြောင်းကို Jayaprakash တစ်ယောက် ခေါင်းထဲကနေ ထုတ်လို့ကိုမရတော့ပါဘူး။

အချိန်ခဏအကြာမှာတော့ သူတို့နှစ်ဦးဟာ သူငယ်ချင်းအဆင့်သို့ရောက်ရှိကာ ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ အခြားကောင်လေးတွေ Sunitha နားမှာမြင်တိုင်း Jayaprakash ဟာ Sunitha နဲ့ အခေါ်အပြောမလုပ်တော့တဲ့အထိကို ချစ်စိတ်တွေပိုပြီး သဝန်တိုခဲ့တာပါ။

ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းသံယောဇာဉ်ကြောင့် Jayaprakash ဟာ Sunitha ဘယ်လောက် စိတ်ထားကောင်းကြောင်း စိတ်နှလုံးဘယ်လောက်လှကြောင်း သိနေခဲ့ပါတယ်။ ကျောင်းပြီးတော့ လျှောက်လှမ်းကြတဲ့ ဘဝလမ်းကြောင်းတွေကလည်း မတူညီတော့တဲ့အတွက်ကြောင့် ခေတ္တကွဲကွာခဲ့ရပါတယ်။

တစ်ရက်မှာတော့ Jayaprakash ရဲ့ ဘဝကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေခဲ့တဲ့ ဖုန်းတစ်ခုဝင်လာခဲ့ပါတယ်။ Sunitha ယာဉ်မတော်တဆမှု ဖြစ်တယ်ဆိုတဲ့ သတင်းပါ။ ကိုယ်ချစ်နေရသူမို့ ပူပန်တဲ့စိတ်နဲ့ ဆေးရုံကိုသွားကြည့်ခဲ့တဲ့အခါမှာတော့ ဆံပင်တွေမရှိ၊ သွားတွေမရှိ၊ အရေပြားတွေတွန့်ကြေနေလို့ အသက် (၉၀) အရွယ်အဖွားကြီးတစ်ဦးအလား Sunitha ဟာ ထင်မှတ်ရပါတယ်။

မိန်းကလေးလည်းဖြစ်ပြီး အခုလိုမျိုးရုပ်ပျက်ဆင်းပျက်ဖြစ်သွားရတဲ့အပေါ် Jayaprakash တစ်ယောက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဆေးရုံမှအိမ်ပြန်သွားပြီးတဲ့အချိန်မှာတော့ Sunitha နဲ့ပတ်သက်ပြီး Jayaprakash အကြီးအကျယ်စဉ်းစားပါတော့တယ်။ သူတကယ် Sunitha ကို ချစ်တာသေချာနေတဲ့အတွက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်ခဲ့ပါတယ်။

ဒါနဲ့ Sunitha ကိုချက်ချင်း message ပို့ပြီး ချစ်ခွင့်ပန်ဖွင့်ပြောခဲ့ပါတော့တယ်။ ဒီတင်မကသေးဘဲ message ထဲ လက်ထပ်ခွင့်ပါ တစ်ခါတည်းတောင်းခဲ့တာပါ။

Sunitha ရဲ့ မျက်နှာကိုခွဲစိတ်မှုအကြိမ်ကြိမ်လုပ်ပြီးမှာတော့ Jayaprakash နဲ့ လက်ထပ်မင်္ဂလာပွဲကို လူအများကြား တင့်တင့်တယ်တယ်ကျင်းပကာ ရွှေလက်တွဲခဲ့ကြပါတယ်။ လူတွေကတော့ Jayaprakash ဟာ Sunitha ကို လက်ထပ်ယူတယ်ဆိုတာ သနားစိတ်ကြောင့်လို့ဆိုပေမယ့် Jayaprakash ကတော့ သူ့ရဲ့ Sunitha အပေါ်ထားရှိတဲ့ ကြီးမားတဲ့ချစ်ခြင်းတရားကြောင့်လို့ဆိုပါတယ်။

Jayaprakash နဲ့ Sunitha တို့ဟာ အခုအခါမှာတော့ ကလေးလေးနှစ်ယောက်နဲ့အတူတူ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြပါတယ်

Source: Fabiosa