Zawgyi ျဖင့္ဖတ္ရန္

 

ဈာန္ပ်ံတိုင္း ရဟႏၲ ာမဟုတ္ပါ

ဗုဒၶဘာသာဝင္ အမ်ားစုသည္ ေကာင္းကင္မွ ပ်ံလာေသာ ရဟန္းေတာ္တိုင္းကို ‘ရဟႏၲာ’ခ်ည္းထင္တတ္၏ ။ အက်ဥ္းခ်ဳပ္ မွတ္သားရမည္မွာ ‘ေကာင္းကင္မွာပ်ံႏိုင္တိုင္း ရဟႏၲ ာမဟုတ္၊ ရဟႏၲာ တိုင္း လည္း ေကာင္းကင္ မွာ မပ်ံႏိုင္’ ဟူေသာ အခ်က္ပင္ျဖစ္၏ ။ ေကာင္းကင္တြင္ ပ်ံႏိုင္ေသာသူသည္ သုံဦးရွိ၏။ ေဆး၊ အင္း၊ ဓာတ္ စသည္ ေအာင္ျမင္သျဖင့္ ဝိဇၨာ ေဇာ္ဂ်ီ၊ တပသီအခ်ိဳ႕ ေကာင္းကင္တြင္ ပ်ံႏိုင္၏ ။

ဈာန္အဘိညာဥ္ရေသာ ရဟန္းအခ်ိဳ႕ ေကာင္းကင္တြင္ပ်ံႏိုင္၏ ။ ယခုအခါ အဝီစိငရဲ၌ က်ခံေနရေသာ ‘ ေဒဝဒတ္ရဟန္း’ သည္ သံဃာသင္းခြဲေသာကံကို မျပဳမီ၊ ဘုရားရွင္အား ေသြးစိမ္းတည္ေအာင္ မလုပ္မီက ေကာင္းကင္ပ်ံႏိုင္ေသာ ဈာန္ အဘိဉာဥ္ရ ရဟန္းတစ္ပါးပင္ျဖစ္၏ ။ ဘုန္းႀကီးခ်င္ေသာ ေလာဘ(စိတ္ယုတ္မာ)ေၾကာင့္ မဟုတ္တာေတြ ေလွ်ာက္လုပ္ မိသျဖင့္ ဈာန္ေလွ်ာၿပီး ေျမမ်ိဳကာ အဝီစိငရဲသို႔ က်ေရာက္ေနျခင္းျဖစ္၏ ။

ဈာဥ္အဘိညာဥ္ရေသာ ရဟႏၲာမ်ားေကာင္းကင္တြင္ ပ်ံႏိုင္ၾက၏ ။ ဈာန္အဘိညာဥ္ မရေသာ ‘သုကၡဝိပႆကရဟႏၲာ’ မ်ားကား ရဟႏၲာျဖစ္ေသာ္လည္း ေကာင္းကင္တြင္ပ်ံႏိုင္ျခင္း မရွိေခ်။ ဆက္၍မွတ္ရမည္မွာ ေကာင္းကင္ပ်ံႏိုင္ျခင္းသည္ ဈာန္၏တန္ခိုးမဟုတ္၊ အဘိညာဥ္၏ တန္ခိုးသာျဖစ္သည္။ ဈာန္ႏွင့္အဘိညာဥ္သည္မတူေပ။ ဈာန္သည္ တိဟိတ္ပုဂၢိဳလ္ တိုင္း ရႏိုင္ေသာ္လည္း အဘိညာဥ္ကား တိဟိတ္ပုဂၢိဳလ္ျဖစ္႐ုံႏွင့္ မရ။ အာဟာရဓာတ္ အားေကာင္းၿပီး ကိုယ္ခႏၶာ ေတာင့္တင္း ခိုင္မာဖို႔လည္း လိုအပ္၏ ။

ဈာန္အဂၤါငါးပါး ရွိေသာ ပထမဈာန္။
ဈာန္အဂၤါေလးပါး ရွိေသာ ဒုတိယဈာန္။
ဈာန္အဂၤါသုံးပါး ရွိေသာ တတိယဈာန္။
ဈာန္အဂၤါႏွစ္ပါး ရွိေသာ စတုတၳဈာန္။
ဈာန္အဂၤါတစ္ပါး ရွိေသာ ပၪၥမဈာန္။ ဟု ငါးပါးရွိသည္။

‘ ေမတၱာဒေယာ တေယာ စတုတၳဇၥဳာနိကာ ‘ ဟူေသာ အဘိဓမၼတၳသဂၤဟက်မ္းအဖြင့္အရ ေမတၱာ၊ က႐ုဏာ၊ မုဒိတာ သုံးပါးတြင္ တစ္ပါးပါးကို ပြားမ်ားလွ်င္ ပထမဈာန္မွ စတုတၳဈာန္အထိ ရႏိုင္သည္ဟု သိရ၏ ။ ဈာန္၏အဓိပၸါယ္မွာ ‘ကိေလသာတို႔ကို ေလာင္ၿမိဳက္ျခင္း၊ ကိေလသာတို႔ကို ၿငိမ္းေစျခင္း’ ဟု ျဖစ္သည္။

သမထကမၼ႒ာန္း (၄၀)တြင္ ေမတၱာဘာဝနာသည္ ဈာန္တရားကို အျမန္ဆုံးရ၏ ။ စာေတြ႕၊ လက္ေတြ႕ႏွစ္ခုလုံးျပပါအံ့။ မဇၥိဳမပဏၰာသပါဠိေတာ္၊ ဓနၪၨာနီသုတ္အဖြင့္၌ ဓနၪၨာနီပုဏၰားႀကီးသည္ ေသခါနီး ကာလတြင္ အရွင္သာရိပုတၱရာကိုပင့္ၿပီး တရားနား၏ ။ အရွင္သာရိပုတၱရာက ေမတၱာပြားမ်ားနည္း ကို ေဟာၾကားေပးေတာ္မူ၏ ။

တရားနားရင္း၌ပင္ ေမတၱာဘာဝနာကို ပြားမ်ားေလရာ ပထမဈာန္ကို ရ၏ ။ ထိုပထမဈာန္ႏွင့္ ေသေသာေၾကာင့္ ပထမဈာန္ ျဗဟၼာ့ဘုံသို႔ ေရာက္ရ၏ ။ ထိုအေၾကာင္းကို ဗုဒၶသိေတာ္မူေသာအခါ ‘ မဂ္ဖိုလ္ရႏိုင္သူကို ဈာန္ရေၾကာင္းတရားကိုသာ ေဟာရမည္ေလာ’ ဟု အျပစ္တင္ေတာ္မူကာ ျဗဟၼာ့ျပည္အထိ လိုက္ၿပီး ဝိပႆနာတရားကို ေဟာခိုင္းေတာ္မူ၏ ။

အရွင္သာရိပုတၱရာကလည္း လိုက္ေဟာ၏ ။ ထို႔ေၾကာင့္ ျဗဟၼာျပည္ေရာက္မွ ဓနၪၨာနီပုဏၰားသည္ မဂ္ဖိုလ္ကို ရသြား၏ ။ ထိုအခါမွေနာက္ အရွင္သာရိပုတၱရာသည္ တရားေဟာသည့္အခါတိုင္း သစၥာေလးပါး ဝိပႆနာတရားကို ထည့္သြင္း ေဟာၾကားေတာ့သည္။

ဤျဖစ္ရပ္၌ ေမတၱာတရားေဟာေနစဥ္ ခဏတာ အခ်ိန္တြင္းမွာပင္ ဈာန္ရသြားသည္ ကို ေထာက္ေသာအားျဖင့္ ကိေလသာၿငိမ္းေန႐ုံ ဈာန္ရဖို႔အတြက္ေလာက္ကာ မခဲယဥ္းဟု သိႏိုင္၏။ ဈာန္ရပုံကို အလုပ္ႏွင့္ညႇိ၍ လက္ေတြျပအံ့။

ေမတၱာဘာဝနာကို ဈာန္ရေအာင္ ပြားမ်ားလိုသူသည္ မိမိကိုယ္ကစ၍ ပြားမ်ားရ၏။ ၿပီးလွ်င္ မိမိအေပၚ ေက်းဇူးအမ်ားဆုံး၊ မိမိအခ်စ္ျမတ္ႏိုးဆုံးပုဂၢိဳလ္၊ ၿပီးလွ်င္ မခ်စ္မမုန္း အလယ္အလတ္ပုဂၢိဳလ္၊ ၿပီးလွ်င္ ရန္သူျဖစ္သူတို႔အေပၚ ပြားမ်ားရမည္။ ဤကား ဝိသုဒၶိမဂ္ အဠကထာလာ အတိုင္းျဖစ္၏ ။ ထိုအစဥ္ကို မွတ္မိရန္ သီထားေသာ လကၤာတစ္ပုဒ္ကာ –

“မိမိကိုယ္က၊ အဦးစ၍
ပိယမဇၥဳ၊ ေဝရီက်ေအာင္
တစ္စတစ္စ၊ သုံးဝပုဂၢိဳလ္
ကိုယ္ႏွင့္အတူ၊ အမွ်မူ၍ ”

ပြားမ်ားမႈ အားေကာင္းလာသည္ႏွင့္ ပထမဈာန္ကို ရရွိ၏ ။ ပထမဈာန္ရပုံကာ-မိမိေမတၱာပို႔လိုသူကို အာ႐ုံယူလိုက္လွ်င္ ခ်က္ခ်င္းရ၏ ။ ဤသည္ကို’ပထမဈာန္၏ ပထမအဂၤါျဖစ္ေသာ ဝိတက္’ ဟုေခၚ၏ ။ ထိုသူ၏ သြားပုံ လာပုံ က်န္းမာ ခ်မ္းသာပုံကို လိုအပ္သလို သုံးသပ္ဆင္ျခင္၍ရ၏ ။ ဤသည္ကို ‘ ဝိစာရ ‘ ဟုေခၚ၏ ။

ေမတၱာပြားေနခ်ိန္တြင္ ဘာနဲ႔မွမတူေအာင္ အလြန္ႏွစ္သက္၏ ။ ဤသည္ကို ပီတိ ဟုေခၚ၏။ ေမတၱာ ပြားေနခ်ိန္တြင္ အလြန္ ခ်မ္းသာ၏ ။ ဤသည္ကို သုခ ဟုေခၚ၏ ။ ေမတၱာပြားေနခ်ိန္တြင္ စိတ္သည္ေမတၱာခံယူသူအေပၚ၌ တည္ၾကည္ ေန၏ ။ ဤသည္ကို ‘ဧကဂၢတာ’ ဟုေခၚ၏ ။ ထိုဧကဂၢတာ ေစတသိက္ကိုပင္ သမဓိ ဟုလည္း ေခၚၾက၏ ။

ဆိုအပ္ခဲ့ၿပီးေသာ ဈာန္အဂၤါငါးပါးႏွင့္ ျပည့္စုံေနခ်ိန္ကို ပထမဈာန္ရသည္ဟု ေခၚသည္။ ထိုပထမဈာန္ ရ႐ုံမွ်ျဖင့္ ေျမလွ်ိဳး မိုးပ်ံ ကိုယ္ေယာင္ေဖ်ာက္ျခင္းမ်ား မလုပ္ႏိုင္ေပ။ ထိုပထမဈာန္မွ ပၪၥမဈာန္အထိေရာက္ေအာင္ အစဥ္တိုင္း အစုန္ပြားမ်ား ႏိုင္၏ ။ တစ္ဖန္ ပၪၥမဈာန္မွ ပထမဈာန္ ထိေရာက္ေအာင္ အဆန္လည္း ပြားမ်ားႏိုင္၏ ။

ထိုကဲ့သို႔ ဈာန္ငါးပါးကို အစုန္အဆန္ ပြားမ်ားႏိုင္ၿပီး ဝသီေဘာ္ႏိုင္ေသာအခါ အဘိညာဥ္ကိုရ၏ ။ ထိုအဘိညာဥ္ကို ရေသာအခါတြင္မွ ဝါေယာကသိုဏ္း ဝင္စားၿပီး မိမိကိုယ္ကို ေပါ့ပါးေစကာ ေကာင္းကင္သို႔ ပ်ံႏိုင္ျခင္းျဖစ္၏ ။

ဤစကားရပ္တို႔ကို ေထာက္၍ ဈာန္ရ႐ုံမွ်ႏွင့္ ေကာင္းကင္မပ်ံႏိုင္၊ အဘိညာဥ္ အထိ ရမွသာ ေကာင္းကင္ ပ်ံႏိုင္သည္ဟု ခြဲျခားမွတ္သားရမည္။

Credit – အရွင္ဇဝန

Unicode ဖြင့်ဖတ်ရန်

ဈာန်ပျံတိုင်း ရဟန္တာ မဟုတ်ပါနှင့် ဈာန် အဘိညာဉ် အကြောင်း

ဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းကို ‘ရဟန္တာ’ချည်းထင်တတ်၏ ။ အကျဉ်းချုပ် မှတ်သားရမည်မှာ ‘ကောင်းကင်မှာပျံနိုင်တိုင်း ရဟန္တ ာမဟုတ်၊ ရဟန္တာ တိုင်း လည်း ကောင်းကင် မှာ မပျံနိုင်’ ဟူသော အချက်ပင်ဖြစ်၏ ။ ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏။ ဆေး၊ အင်း၊ ဓာတ် စသည် အောင်မြင်သဖြင့် ဝိဇ္ဇာ ဇော်ဂျီ၊ တပသီအချို့ ကောင်းကင်တွင် ပျံနိုင်၏ ။

ဈာန်အဘိညာဉ်ရသော ရဟန်းအချို့ ကောင်းကင်တွင်ပျံနိုင်၏ ။ ယခုအခါ အဝီစိငရဲ၌ ကျခံနေရသော ‘ ဒေဝဒတ်ရဟန်း’ သည် သံဃာသင်းခွဲသောကံကို မပြုမီ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် မလုပ်မီက ကောင်းကင်ပျံနိုင်သော ဈာန် အဘိဉာဉ်ရ ရဟန်းတစ်ပါးပင်ဖြစ်၏ ။ ဘုန်းကြီးချင်သော လောဘ(စိတ်ယုတ်မာ)ကြောင့် မဟုတ်တာတွေ လျှောက်လုပ် မိသဖြင့် ဈာန်လျှောပြီး မြေမျိုကာ အဝီစိငရဲသို့ ကျရောက်နေခြင်းဖြစ်၏ ။

ဈာဉ်အဘိညာဉ်ရသော ရဟန္တာများကောင်းကင်တွင် ပျံနိုင်ကြ၏ ။ ဈာန်အဘိညာဉ် မရသော ‘သုက္ခဝိပဿကရဟန္တာ’ များကား ရဟန္တာဖြစ်သော်လည်း ကောင်းကင်တွင်ပျံနိုင်ခြင်း မရှိချေ။ ဆက်၍မှတ်ရမည်မှာ ကောင်းကင်ပျံနိုင်ခြင်းသည် ဈာန်၏တန်ခိုးမဟုတ်၊ အဘိညာဉ်၏ တန်ခိုးသာဖြစ်သည်။ ဈာန်နှင့်အဘိညာဉ်သည်မတူပေ။ ဈာန်သည် တိဟိတ်ပုဂ္ဂိုလ် တိုင်း ရနိုင်သော်လည်း အဘိညာဉ်ကား တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရုံနှင့် မရ။ အာဟာရဓာတ် အားကောင်းပြီး ကိုယ်ခန္ဓာ တောင့်တင်း ခိုင်မာဖို့လည်း လိုအပ်၏ ။

ဈာန်အင်္ဂါငါးပါး ရှိသော ပထမဈာန်။
ဈာန်အင်္ဂါလေးပါး ရှိသော ဒုတိယဈာန်။
ဈာန်အင်္ဂါသုံးပါး ရှိသော တတိယဈာန်။
ဈာန်အင်္ဂါနှစ်ပါး ရှိသော စတုတ္ထဈာန်။
ဈာန်အင်္ဂါတစ်ပါး ရှိသော ပဉ္စမဈာန်။ ဟု ငါးပါးရှိသည်။

‘ မေတ္တာဒယော တယော စတုတ္ထဇ္စုာနိကာ ‘ ဟူသော အဘိဓမ္မတ္ထသင်္ဂဟကျမ်းအဖွင့်အရ မေတ္တာ၊ ကရုဏာ၊ မုဒိတာ သုံးပါးတွင် တစ်ပါးပါးကို ပွားများလျှင် ပထမဈာန်မှ စတုတ္ထဈာန်အထိ ရနိုင်သည်ဟု သိရ၏ ။ ဈာန်၏အဓိပ္ပါယ်မှာ ‘ကိလေသာတို့ကို လောင်မြိုက်ခြင်း၊ ကိလေသာတို့ကို ငြိမ်းစေခြင်း’ ဟု ဖြစ်သည်။

သမထကမ္မဋ္ဌာန်း (၄၀)တွင် မေတ္တာဘာဝနာသည် ဈာန်တရားကို အမြန်ဆုံးရ၏ ။ စာတွေ့၊ လက်တွေ့နှစ်ခုလုံးပြပါအံ့။ မဇ္စိုမပဏ္ဏာသပါဠိတော်၊ ဓနဉ္ဇာနီသုတ်အဖွင့်၌ ဓနဉ္ဇာနီပုဏ္ဏားကြီးသည် သေခါနီး ကာလတွင် အရှင်သာရိပုတ္တရာကိုပင့်ပြီး တရားနား၏ ။ အရှင်သာရိပုတ္တရာက မေတ္တာပွားများနည်း ကို ဟောကြားပေးတော်မူ၏ ။

တရားနားရင်း၌ပင် မေတ္တာဘာဝနာကို ပွားများလေရာ ပထမဈာန်ကို ရ၏ ။ ထိုပထမဈာန်နှင့် သေသောကြောင့် ပထမဈာန် ဗြဟ္မာ့ဘုံသို့ ရောက်ရ၏ ။ ထိုအကြောင်းကို ဗုဒ္ဓသိတော်မူသောအခါ ‘ မဂ်ဖိုလ်ရနိုင်သူကို ဈာန်ရကြောင်းတရားကိုသာ ဟောရမည်လော’ ဟု အပြစ်တင်တော်မူကာ ဗြဟ္မာ့ပြည်အထိ လိုက်ပြီး ဝိပဿနာတရားကို ဟောခိုင်းတော်မူ၏ ။

အရှင်သာရိပုတ္တရာကလည်း လိုက်ဟော၏ ။ ထို့ကြောင့် ဗြဟ္မာပြည်ရောက်မှ ဓနဉ္ဇာနီပုဏ္ဏားသည် မဂ်ဖိုလ်ကို ရသွား၏ ။ ထိုအခါမှနောက် အရှင်သာရိပုတ္တရာသည် တရားဟောသည့်အခါတိုင်း သစ္စာလေးပါး ဝိပဿနာတရားကို ထည့်သွင်း ဟောကြားတော့သည်။

ဤဖြစ်ရပ်၌ မေတ္တာတရားဟောနေစဉ် ခဏတာ အချိန်တွင်းမှာပင် ဈာန်ရသွားသည် ကို ထောက်သောအားဖြင့် ကိလေသာငြိမ်းနေရုံ ဈာန်ရဖို့အတွက်လောက်ကာ မခဲယဉ်းဟု သိနိုင်၏။ ဈာန်ရပုံကို အလုပ်နှင့်ညှိ၍ လက်တွေပြအံ့။

မေတ္တာဘာဝနာကို ဈာန်ရအောင် ပွားများလိုသူသည် မိမိကိုယ်ကစ၍ ပွားများရ၏။ ပြီးလျှင် မိမိအပေါ် ကျေးဇူးအများဆုံး၊ မိမိအချစ်မြတ်နိုးဆုံးပုဂ္ဂိုလ်၊ ပြီးလျှင် မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ပြီးလျှင် ရန်သူဖြစ်သူတို့အပေါ် ပွားများရမည်။ ဤကား ဝိသုဒ္ဓိမဂ် အဠကထာလာ အတိုင်းဖြစ်၏ ။ ထိုအစဉ်ကို မှတ်မိရန် သီထားသော လင်္ကာတစ်ပုဒ်ကာ –

“မိမိကိုယ်က၊ အဦးစ၍
ပိယမဇ္စု၊ ဝေရီကျအောင်
တစ်စတစ်စ၊ သုံးဝပုဂ္ဂိုလ်
ကိုယ်နှင့်အတူ၊ အမျှမူ၍ ”

ပွားများမှု အားကောင်းလာသည်နှင့် ပထမဈာန်ကို ရရှိ၏ ။ ပထမဈာန်ရပုံကာ-မိမိမေတ္တာပို့လိုသူကို အာရုံယူလိုက်လျှင် ချက်ချင်းရ၏ ။ ဤသည်ကို’ပထမဈာန်၏ ပထမအင်္ဂါဖြစ်သော ဝိတက်’ ဟုခေါ်၏ ။ ထိုသူ၏ သွားပုံ လာပုံ ကျန်းမာ ချမ်းသာပုံကို လိုအပ်သလို သုံးသပ်ဆင်ခြင်၍ရ၏ ။ ဤသည်ကို ‘ ဝိစာရ ‘ ဟုခေါ်၏ ။

မေတ္တာပွားနေချိန်တွင် ဘာနဲ့မှမတူအောင် အလွန်နှစ်သက်၏ ။ ဤသည်ကို ပီတိ ဟုခေါ်၏။ မေတ္တာ ပွားနေချိန်တွင် အလွန် ချမ်းသာ၏ ။ ဤသည်ကို သုခ ဟုခေါ်၏ ။ မေတ္တာပွားနေချိန်တွင် စိတ်သည်မေတ္တာခံယူသူအပေါ်၌ တည်ကြည် နေ၏ ။ ဤသည်ကို ‘ဧကဂ္ဂတာ’ ဟုခေါ်၏ ။ ထိုဧကဂ္ဂတာ စေတသိက်ကိုပင် သမဓိ ဟုလည်း ခေါ်ကြ၏ ။

ဆိုအပ်ခဲ့ပြီးသော ဈာန်အင်္ဂါငါးပါးနှင့် ပြည့်စုံနေချိန်ကို ပထမဈာန်ရသည်ဟု ခေါ်သည်။ ထိုပထမဈာန် ရရုံမျှဖြင့် မြေလျှိုး မိုးပျံ ကိုယ်ယောင်ဖျောက်ခြင်းများ မလုပ်နိုင်ပေ။ ထိုပထမဈာန်မှ ပဉ္စမဈာန်အထိရောက်အောင် အစဉ်တိုင်း အစုန်ပွားများ နိုင်၏ ။ တစ်ဖန် ပဉ္စမဈာန်မှ ပထမဈာန် ထိရောက်အောင် အဆန်လည်း ပွားများနိုင်၏ ။

ထိုကဲ့သို့ ဈာန်ငါးပါးကို အစုန်အဆန် ပွားများနိုင်ပြီး ဝသီဘော်နိုင်သောအခါ အဘိညာဉ်ကိုရ၏ ။ ထိုအဘိညာဉ်ကို ရသောအခါတွင်မှ ဝါယောကသိုဏ်း ဝင်စားပြီး မိမိကိုယ်ကို ပေါ့ပါးစေကာ ကောင်းကင်သို့ ပျံနိုင်ခြင်းဖြစ်၏ ။

ဤစကားရပ်တို့ကို ထောက်၍ ဈာန်ရရုံမျှနှင့် ကောင်းကင်မပျံနိုင်၊ အဘိညာဉ် အထိ ရမှသာ ကောင်းကင် ပျံနိုင်သည်ဟု ခွဲခြားမှတ်သားရမည်။

Credit – အရှင်ဇဝန