Zawgyi ဖြင့်ဖတ်ရန်




 





Unicode ဖြင့်ဖတ်ရန်

ကြည့်မိသူတိုင်း အားကျနေရတဲ့ ချစ်ဇနီးလေးကို တင်းကြပ်စွာထွေးပွေ့ထားတဲ့ ဇာဏ်ခီ ရဲ့ ပုံရိပ်

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ဇာဏ်ခီ နဲ့ ခရစ်စတီးနားခီ တို့ဟာ ချစ်စရာကောင်းတဲ့ သားလေးနဲ့ ပျော်ရွှင်ဖွယ် မိသားစုလေးကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။ တူညီတဲ့ အနုပညာလမ်းခရီးကို လျှောက်လှမ်းနေကြတဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီ တို့ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ သစ္စာရှိကြတဲ့ စံပြ အိမ်ထောင်သည် တွေအဖြစ် ပရိသတ်တွေကလဲ သတ်မှတ်ပေးထားကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ အရှေ့မြင်းပြိုင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ We Rock for Justice ပွဲကြီးမှာ ဇာဏ်ခီက ဇော်ဝင်းထွဋ်တို့ရဲ့ Emperor အဖွဲ့နဲ့အတူတူ ပါဝင်သီဆို ဖျော်ဖြေခဲ့ပါတယ်။ ဇာဏ်ခီက သူ့ရဲ့ ဖျော်ဖြေမှုအပြီးမှာ စင်အောင်ဆင်းပြီး ဇနီးလေး ခရစ်စတီးနားခီနဲ့အတူတူ ရှိုးပွဲအတူတူ ကြည့်ခဲ့ပါတယ်။

ဇနီးလေး ခရစ်စတီးနားခီကို တင်းကြပ်စွာ ထွေးပွေ့ထားတဲ့ ဇာဏ်ခီရဲ့ ပုံရိပ်လေးတွေက အရမ်းကို ကြည်နူးဖို့ကောင်းတာကြောင့် ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ရဲ့ ကြည်နူးစရာ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

ဘယ်လိုတွေတောင် Ro နေကြတာလဲ ခီမောင်နှံရယ်

ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ကတော့ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

ပရိသတ်ကြီးလဲ ချစ်စရာကောင်းတဲ့ ခီမောင်နှံရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အားကျနေကြပြီထင်ပါတယ်။ ပရိသတ်တွေလဲ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့လို စစ်မှန်တဲ့ အချစ်စစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူတင်ရှိပါတယ်။

share from : burmese.asia