Zawgyi ျဖင့္ဖတ္ရန္

ျမန္မာ ႐ုပ္ရွင္ ဇာတ္ကား မ်ားက ႏိုင္ငံျခားကား မ်ားကို ေကာ္ပီ ယူၿပီး ျပန္လည္႐ိုက္ကူးတာနဲ႔ ပတ္သက္ၿပီး လတ္တေလာမွာ ေဝဖန္မႈမ်ား ျဖစ္ေပၚလ်က္ရွိတဲ့အေပၚ သ႐ုပ္ေဆာင္ ဇဏ္ခီကေတာ့ ေကာ္ပီဆိုရင္ ဘယ္ေကာ္ပီမွ အားမေပးဘူးလို႔ ေျပာပါတယ္။

“ေကာ္ပီဆိုရင္ ဘယ္ေကာ္ပီမွ အားမေပးပါဘူး။ ႐ုပ္ရွင္ပိုင္းေရာ ဂီတပိုင္းေရာ ပုံဆြဲတာေရာ ရွိသမွ် ေနာက္ဆုံးေက်ာင္းမွာ စာစီစာကုံး ေရးတာကအစ တျခားသူဆီက ကူးယူတာတို႔ ဆရာမေျပာတဲ့ အတိုင္းေရးခ်တာတို႔ လုံးဝ အားမေပးဘူး။ Copy ကေတာ့ ေဟာလိဝုဒ္မွာဆိုရင္ ကိုရီးယားကားျပန္႐ိုက္တာတို႔ တ႐ုတ္ကား ျပန္႐ိုက္တာတို႔ ရွိတယ္”

 

 

“ဒါေပမဲ့ သူတို႔က ဒီကားႀကိဳက္လိုက္တာဆိုၿပီး ျပန္ယူ႐ိုက္လိုက္တာ မဟုတ္ဘူး။ Film Maker၊ Production ကို ခ်ဥ္းကပ္တယ္။ က်သင့္ေငြကို ေပးၿပီးေတာ့မွ ျပန္႐ိုက္တာ။ အဲဒီလိုမ်ိဳး ဆိုရင္ေတာ့ က်ေနာ့္အေနနဲ႔ ဘာမွမေျပာဘူးေပါ့။ ဒါေပမဲ့ ဒီကားႀကိဳက္တယ္။ ဒီပုံစံေလး ယူ႐ိုက္မယ္ ဆိုတာေတာ့ မေကာင္းဘူး။ သီခ်င္းလိုပဲေပါ့။ ဒီသီခ်င္း ႀကိဳက္တယ္။ ဗမာစာသားသြပ္ၿပီး ဆိုၾကမယ္ဆိုၿပီး ဆိုတာမေကာင္းဘူးေပါ့။ က်ေနာ့္အေနနဲ႔ကေတာ့ အားမေပးပါဘူး”လို႔ ဇဏ္ခီက ေျပာပါတယ္။

အခုခ်ိန္မွာ ျမန္မာကားမၾကည့္တဲ့ ပရိသတ္မ်ားအေနနဲ႔လည္း ျပန္လည္စိတ္ဝင္စားလာၾကတဲ့အတြက္ အဲဒီအခြင့္အေရး ကို လက္လြတ္မခံသင့္ဘဲ ပိုေကာင္းေအာင္ ႐ိုက္သင့္တယ္လို႔လည္း ဆိုပါတယ္။“က်ေနာ္ကေတာ့ Forward Moving ပဲ ႀကိဳက္တယ္။ ေရွ႕ဆက္သြားမယ္။ ယုံၾကည္ေနတာကေတာ့ ပိုေကာင္းလာလိမ့္မယ္။ က်ေနာ္တို႔ ဥပါယ္တံမ်ဥ္ မထြက္ခင္က က်ေနာ္ ေျပာသလိုေပါ့။ ျမန္မာကား မၾကည့္တဲ့လူဦးေရက ေတာ္ေတာ့္ကို မ်ားတယ္”

“သူတို႔သာ႐ုံထဲ ျပန္ေရာက္လာရင္ အရင္က ေအဝမ္းတို႔ေခတ္က အတိုင္းပဲ ျပန္ၿပီး ဦးေမာ့လာလိမ့္မယ္။ အခုဆိုရင္လည္း မၾကည့္တဲ့သူေတြ ႐ုံထဲျပန္ေရာက္လာၿပီဆိုေတာ့ အဲဒီအခြင့္အေရးကို လက္လြတ္မခံသင့္ဘူး။ သူတို႔ကို ပိုၿပီးေတာ့ ဆြဲေဆာင္ႏိုင္ရမယ္”လို႔ ဇဏ္ခီက ေျပာပါတယ္။လတ္တေလာမွာလည္း တတိယေျမာက္ ႐ုပ္ရွင္ဇာတ္ကားျဖစ္တဲ့ “ထာဝရေႏွာင္ႀကိဳး”ကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားလ်က္ရွိၿပီး ၅ ပုံ ပုံတပုံေလာက္ေတာ့ ၿပီးသြားၿပီလို႔ သိရပါတယ္။

“ေလာေလာဆယ္ကေတာ့ ေသခ်ာအာ႐ုံနစ္ၿပီး လုပ္ေနၾကတာေတာ့ တတိယေျမာက္ကား ထာဝရေႏွာင္ႀကိဳးပါ။ အေကာင္းဆုံးျဖစ္ေအာင္ က်ေနာ္တို႔ႀကိဳးစားေနတယ္။ ၿပီးခဲ့တဲ့ ၂ကားထက္လည္းပိုေကာင္းေအာင္ ႏိုင္ငံတကာစံခ်ိန္လည္း ပိုမွီေအာင္ႀကိဳးစားေနၾကပါတယ္။ ၅ ပုံပုံ တပုံေလာက္ေတာ့ ၿပီးသြားၿပီ။ ဧၿပီလေလာက္ထိေတာ့ ႐ိုက္ကူးသြားမယ္”လို႔ ဇဏ္ခီက ေျပာပါတယ္။

Credit-ဧရာဝတီလိုက္ဖ္စတိုင္

Unicode ဖြင့်ဖတ်ရန်

“ကော်ပီဆိုရင် ဘယ်ကော်ပီမှ အားမပေးပါဘူး”လို့ ပြောလိုက်တဲ့ ဇဏ်ခီ

မြန်မာ ရုပ်ရှင် ဇာတ်ကား များက နိုင်ငံခြားကား များကို ကော်ပီ ယူပြီး ပြန်လည်ရိုက်ကူးတာနဲ့ ပတ်သက်ပြီး လတ်တလောမှာ ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိတဲ့အပေါ် သရုပ်ဆောင် ဇဏ်ခီကတော့ ကော်ပီဆိုရင် ဘယ်ကော်ပီမှ အားမပေးဘူးလို့ ပြောပါတယ်။

“ကော်ပီဆိုရင် ဘယ်ကော်ပီမှ အားမပေးပါဘူး။ ရုပ်ရှင်ပိုင်းရော ဂီတပိုင်းရော ပုံဆွဲတာရော ရှိသမျှ နောက်ဆုံးကျောင်းမှာ စာစီစာကုံး ရေးတာကအစ တခြားသူဆီက ကူးယူတာတို့ ဆရာမပြောတဲ့ အတိုင်းရေးချတာတို့ လုံးဝ အားမပေးဘူး။ Copy ကတော့ ဟောလိဝုဒ်မှာဆိုရင် ကိုရီးယားကားပြန်ရိုက်တာတို့ တရုတ်ကား ပြန်ရိုက်တာတို့ ရှိတယ်”

“ဒါပေမဲ့ သူတို့က ဒီကားကြိုက်လိုက်တာဆိုပြီး ပြန်ယူရိုက်လိုက်တာ မဟုတ်ဘူး။ Film Maker၊ Production ကို ချဉ်းကပ်တယ်။ ကျသင့်ငွေကို ပေးပြီးတော့မှ ပြန်ရိုက်တာ။ အဲဒီလိုမျိုး ဆိုရင်တော့ ကျနော့်အနေနဲ့ ဘာမှမပြောဘူးပေါ့။ ဒါပေမဲ့ ဒီကားကြိုက်တယ်။ ဒီပုံစံလေး ယူရိုက်မယ် ဆိုတာတော့ မကောင်းဘူး။ သီချင်းလိုပဲပေါ့။ ဒီသီချင်း ကြိုက်တယ်။ ဗမာစာသားသွပ်ပြီး ဆိုကြမယ်ဆိုပြီး ဆိုတာမကောင်းဘူးပေါ့။ ကျနော့်အနေနဲ့ကတော့ အားမပေးပါဘူး”လို့ ဇဏ်ခီက ပြောပါတယ်။

အခုချိန်မှာ မြန်မာကားမကြည့်တဲ့ ပရိသတ်များအနေနဲ့လည်း ပြန်လည်စိတ်ဝင်စားလာကြတဲ့အတွက် အဲဒီအခွင့်အရေး ကို လက်လွတ်မခံသင့်ဘဲ ပိုကောင်းအောင် ရိုက်သင့်တယ်လို့လည်း ဆိုပါတယ်။“ကျနော်ကတော့ Forward Moving ပဲ ကြိုက်တယ်။ ရှေ့ဆက်သွားမယ်။ ယုံကြည်နေတာကတော့ ပိုကောင်းလာလိမ့်မယ်။ ကျနော်တို့ ဥပါယ်တံမျဉ် မထွက်ခင်က ကျနော် ပြောသလိုပေါ့။ မြန်မာကား မကြည့်တဲ့လူဦးရေက တော်တော့်ကို များတယ်”

“သူတို့သာရုံထဲ ပြန်ရောက်လာရင် အရင်က အေဝမ်းတို့ခေတ်က အတိုင်းပဲ ပြန်ပြီး ဦးမော့လာလိမ့်မယ်။ အခုဆိုရင်လည်း မကြည့်တဲ့သူတွေ ရုံထဲပြန်ရောက်လာပြီဆိုတော့ အဲဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။ သူတို့ကို ပိုပြီးတော့ ဆွဲဆောင်နိုင်ရမယ်”လို့ ဇဏ်ခီက ပြောပါတယ်။လတ်တလောမှာလည်း တတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ထာဝရနှောင်ကြိုး”ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလျက်ရှိပြီး ၅ ပုံ ပုံတပုံလောက်တော့ ပြီးသွားပြီလို့ သိရပါတယ်။

“လောလောဆယ်ကတော့ သေချာအာရုံနစ်ပြီး လုပ်နေကြတာတော့ တတိယမြောက်ကား ထာဝရနှောင်ကြိုးပါ။ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ကြိုးစားနေတယ်။ ပြီးခဲ့တဲ့ ၂ကားထက်လည်းပိုကောင်းအောင် နိုင်ငံတကာစံချိန်လည်း ပိုမှီအောင်ကြိုးစားနေကြပါတယ်။ ၅ ပုံပုံ တပုံလောက်တော့ ပြီးသွားပြီ။ ဧပြီလလောက်ထိတော့ ရိုက်ကူးသွားမယ်”လို့ ဇဏ်ခီက ပြောပါတယ်။

Credit-ဧရာဝတီလိုက်ဖ်စတိုင်