Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
၇၂ နှစ်အရွယ် အဖွား နဲ့ ၁၉ နှစ်သားတို့ရဲ့ အထူးခြားဆုံး လက်ထပ် မင်္ဂလာပွဲ
ဖူးစာရေးနတ် မြားနတ်မောင် ရဲ့ စီစဉ်ပေးမှုလို့ဆိုရမှာပါ။ ဒါမှမဟုတ် ကံကြုံလို့ နဖူးစာဆုံတယ်လို့သာ ချစ်စဖွယ်သတ်မှတ်ရမှာဖြစ်ပါတယ်။ ၁၉ နှစ်သား ဂယ်ရီ နဲ့ ၇၂ နှစ်အရွယ် အဖွား အယ်လ်မက်ဒါ တို့ရဲ့ ချစ်ဇာတ်လမ်းကတော့ သမိုင်းမှတ်တမ်းတွေ၊ ဒဏ္ဍာရီပုံပြင်တွေထဲ ကြားခဲ့၊ မြင်ယောင်ခဲ့ရသလို ထူးခြားဆန်းကြယ်လွန်းပါတယ်။ အချစ်စစ်၊ အချစ်မှန်တွေဆိုတာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ဝိဉာဉ်တွေချင်းဆက်သွယ်ရတာဖြစ်ကြောင်း ပိုပြီးယုံကြည်စရာဖြစ်လာစေခဲ့ပါတယ်။
ထူးခြားဆန်းကျယ်မှုတွေဆိုတာ ဒီလိုပါ။ သူတို့ နှစ်ဦး တွေ့ဆုံပြီး ၂ပတ်ကြာ၊ ချစ်သက်ဝင်ပြီးချိန်မှာတော့ မင်္ဂလာပွဲကတော့ တကယ်အထမြောက်ခဲ့ပါတယ်။ ဂယ်ရီက ပါတီတစ်ခုမှာ အဖွား အယ်လ်မက်ဒါ နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ သူ့ထက် ၅၃ နစ်ပိုကြီးတဲ့ အဖွားကို ဂယ်ရီက မြင်မြင်ချင်းချစ်မိသွားတယ်။ မျက်လုံးပြာလဲ့လဲ့ နဲ့ ပျော်ရွှင်နေတတ်တဲ့ အဖွားရဲ့ပင်ကိုအလှကို ဂယ်ရီက စိတ်ညွတ်သွားခဲ့သလို ဂယ်ရီရဲ့သန့်ပြန့်သပ်ရပ်တဲ့အသွင်သဏ္ဍာန်မှာ အဖွားက အင်မတန်သဘောကျပါတယ်။ နှစ်ဦးစလုံးအတွက် မြင်မြင်ချင်းအချစ်တွေက ကိုယ်စီမွေးဖွားလာခဲ့ပါတယ်။ သာမန် မဟုတ်ဘဲ ဖြစ်တောင့်ဖြစ်ခဲ နဖူးစာပါလာခဲ့တာပါပဲ၊
ဘယ်သူမှယုံစရာမရှိလောက်အောင်ပါပဲ။ အချိန်ရှိသလောက်၊ အတူရှိခွင့်ရသလောက် ကိုယ့်ရဲ့တစ်ဘဝလုံးကို အတူဖြတ်သန်းဖို့အတွက် နံရိုးရှင်အစစ်ကို ဂယ်ရီတွေ့ခဲ့ပါတယ်။ ဂယ်ရီဟာ ပင်ကိုယ်ဗီဇအရကို မိမိထက်အသက်အရွယ်ကြီးတဲ့သူတွေကို ချစ်စိတ်တိမ်းတတ်သူပါ။ အဖွားနဲ့ ၁၄ ရက်ကြာ အတူအချိန်ဖြုန်း၊ ဒိတ်လုပ်ပြီးချိန်မှာတော့ လက်ထပ်ခွင်ပန်ခဲ့ပြီး အဖွားက ကျေကျေနပ်နပ်နဲ့ကို ခေါင်းငြိမ့်ခဲ့ပါတယ်။ အဖွားရဲ့ဘဝမှာလည်း အိုဇာတာကောင်းဖို့ဖြစ်လာခဲ့ပါတယ်။
လူလူချင်း ချစ်မြတ်နိုးမှု၊ မေတ္တာသဘောမှာ အသက်အရွယ်အရဆိုတာ ကိန်းဂဏန်းသက်သက်သာဖြစ်ကြောင်း အဖွားနဲ့ ဂယ်ရီတို့စုံတွဲက သက်သေပြခဲ့ပါတယ်။ အစပိုင်းမှာတော့ နှစ်ဦးနှစ်ဖက် ဆွေမျိုးမိတ်သင်္ဂဟအသိုင်းအဝိုင်းတွေဘက်က အရမ်းအံ့အားသင့်သွားခဲ့ပေမယ့် အတူတူဖြတ်သန်းသွားဖို့ ကံပါလာတဲ့စုံတွဲအတွက်ကတော့ သူ့တို့ရဲ့ပေါင်းစည်းမှုမှာ ထောက်ခံအားပေးမှုရရှိခဲ့ပါတယ်။ အချစ်မှာ မျက်စိမရှိတဲ့လေ။
share from: /burmese.asia
LEAVE A REPLY