Zawgyi ျဖင့္ဖတ္ရန္

 

ၿဗိတိန္ ရဲ႕ ထိပ္တန္း သ႐ုပ္ေဆာင္ ေတြထဲက တစ္ဦးျဖစ္တဲ့ Daniel Craig ဟာ ၂၀၀၆ ခုႏွစ္မွာ႐ိုက္ကူးခဲ့တဲ့ Casino Royale ဇာတ္ကားနဲ႔စတင္ၿပီး ေက်ာ္ၾကားခဲ့တာျဖစ္ပါတယ္ ။အဲဒီေနာက္မွာေတာ့ Quantum of Solace (2008) ၊ Skyfall (2012) ၊ Spectre (2015) တို႔ကိုဆက္လက္႐ိုက္ကူးခဲ့ၿပီး လက္ရွိအခ်ိန္မွာ Bond 25 (2020) ဇာတ္ကားႀကီးကို ႐ိုက္ကူးေနပါတယ္ ။သူ႔ရဲ႕နာမည္အျပည့္အစုံကေတာ့ Daniel Wroughton Craig ျဖစ္ၿပီး ၁၉၆၈ ခုႏွစ္ မတ္လ ၂ ရက္ေန႔မွာေမြးဖြားခဲ့တာပါ ။

သူ႔ရဲ႕ဇာတိကေတာ့ အဂၤလန္ႏိုင္ငံ ၊ Cheshire နယ္ ၊ Chester ၿမိဳ႕ ၊ Liverpool လမ္း အိမ္အမွတ္ ၄၁ ျဖစ္ပါတယ္ ။သူ႔အေဖTimothy John Craig ကေတာ့ စတီးေတြကို ပင္လယ္ကူးသန္းေရာင္းဝယ္ေရးျပဳလုပ္ခဲ့ဖူးၿပီး ေနာက္ပိုင္းမွာေတာ့ Chestire နယ္မွာ Ring O’Bells ဆိုတဲ့ကလပ္ကို ဖြင့္လွစ္ၿပီး ဦးစီးလုပ္ေဆာင္ခဲ့တယ္လို႔သိရပါတယ္ ။

Craig ရဲ႕အေမ Carol Olivia ကေတာ့ အႏုပညာ ဆရာမတစ္ေယာက္ျဖစ္ပါတယ္ ။Craig ဟာ အဂၤလိပ္စစ္စစ္တစ္ေယာက္မဟုတ္ပါဘူး ။ သူဟာ Welsh , Scottish , Irish နဲ႔ Ancestry ေသြးေတြေရာေႏွာပါဝင္ေနတဲ့ သူတစ္ဦးပါ ။

၁၉၇၂ ခုႏွစ္ သူ႔မိဘႏွစ္ပါးလမ္းခြဲခဲ့တဲ့အခ်ိန္မွာေတာ့ Craig ကို သူ႔အစ္မ Lea က ဆက္လက္ေစာင့္ေရွာက္ၿပီး သူ႔အေမအိမ္မွာပဲဆက္လက္ေနထိုင္ခဲ့ၾကပါတယ္ ။Craig ဟာ Liverpool Everyman ျပဇာတ္႐ုံမွာ သူ႔အေမ စီစဥ္တဲ့ ဇာတ္ပြဲေတြကိုၾကည့္ရင္း သ႐ုပ္ေဆာင္ဖို႔ အားသန္လာခဲ့တာပဲျဖစ္ပါတယ္ ။

အသက္ ၆ ႏွစ္အ႐ြယ္ေရာက္တဲ့အခါမွာေတာ့ မူလတန္းေက်ာင္းျပဇာတ္မွာ စတင္သ႐ုပ္ေဆာင္ခဲ့ၿပီး Olvier ဆိုတဲ့နာမည္နဲ႔ ေရပန္းစားလာခဲ့ပါတယ္ ။ အခုလိုသ႐ုပ္ေဆာင္ဖို႔ျဖစ္လာတာကလည္း သူ႔အေမရဲ႕အားေပးေထာက္ပံ့မႈေတြေၾကာင့္ပါ ။သူပထမဆုံးၾကည့္ခဲ့ဖူးတဲ့ ဂ်ိန္းစ္ဘြန္းဇာတ္ကားကေတာ့ ၁၉၇၃ ခုႏွစ္မွာ႐ုံတင္ျပသခဲ့တဲ့ Roger Moore ရဲ႕ Live and Let Die ဆိုတဲ့ ဇာတ္ကားပဲျဖစ္ပါတယ္ ။

ဒီကားကိုေတာ့ Craig ဟာ သူ႔အေဖနဲ႔အတူသြားေရာက္ၾကည့္ရွခဲ့တာျဖစ္ၿပီး ဒီဇာတ္ကားဟာ သူ႔စိတ္ကို စိုးမိုးသြားခဲ့တဲ့ ဇာတ္ကားတစ္ကားလို႔ေျပာရမွာပါ ။အသက္ ၁၄ ႏွစ္ေရာက္တဲ့အခါမွာေတာ့ Craig ဟာ Wirral , West Kirby က Hilbre အထက္တန္းေက်ာင္းကို တက္ေရာက္ခဲ့ၿပီး Olvier ဆိုတဲ့နာမည္နဲ႔ပဲ အထက္ေက်ာင္းျပဇာတ္ေတြျဖစ္တဲ့ “Romeo and Juliet” နဲ႔ “Cinderella” ဇာတ္ကားမွာပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္ ။

၁၉၈၄ ခုႏွစ္ အသက္ ၁၆ အ႐ြယ္မွာေတာ့ Hibre အထက္ေက်ာင္းကထြက္လာခဲ့ၿပီး မန္ခ်က္စတာမွ National Youth Teatre’s (NYT) Troupe အဖြဲ႕ထဲဝင္ေရာက္ဖို႔ ေလ်ာက္ခဲ့ပါတယ္ ။အဖြဲ႕လက္ခံလိုက္တဲ့အခါမွာေတာ့ လန္ဒန္ကို ေျပာင္းေ႐ႊ႕ၿပီး အေျခခ်ေနထိုင္ခဲ့ပါတယ္ ။အဲ့ဒီအဖြဲ႕နဲ႔အတူ ပထမဆုံး ကျပခဲ့တဲ့ ဇာတ္ထုပ္ကေတာ့ ရွိတ္စပီးယားရဲ႕ “Troilus and Cressida” ဇာတ္ပဲျဖစ္ပါတယ္ ။

အႏုပညာသမားတစ္ေယာက္ရဲ႕ လမ္းေၾကာင္းဟာ အလြန္ၾကမ္းတမ္းတာေၾကာင့္ သူ႔ရပ္တည္ႏိုင္ဖို႔အတြက္ စားေသာက္ဆိုင္ေတြမွာ စားပြဲထိုးအျဖစ္လုပ္ကိုင္ခဲ့၇ပါတယ္ ။NYT အဖြဲ႕ကို ဦးစီးခဲ့သူကေတာ့ ဒါ႐ိုက္တာ Edward Wilson ျဖစ္ၿပီး ဒီအဖြဲ႕နဲ႔အတူ Craig ဟာ Valencia ၊ Spain ၊ Moscow နဲ႔ Russia အစရွိတဲ့ေနရာကိုသြားေရာက္ေဖ်ာ္ေျဖခဲ့ပါတယ္ ။၁၉၈၈ ခုႏွစ္မွာေတာ့ Guildhall School of Music and Drama ေက်ာင္းကို တက္ေရာက္ၿပီး အႏုပညာေရးရာေတြကိုေလ့လာသင္ယူရင္း Ewan McGregor ၊ Alistair McGowan ၊ Damian Lweis နဲ႔ Joseph Fiennes တို႔နဲ႔စတင္ဆုံေတြ႕ခဲ့တာပဲျဖစ္ပါတယ္ ။

၁၉၉၁ ခုႏွစ္ ၊ တကၠသိုလ္က ဘြဲ႕ရၿပီးေနာက္ The Royal Shakespeare Company နဲ႔ သုံးႏွစ္တာစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္ ။၁၉၉၂ ခုႏွစ္မွာ စေကာ့တလန္ မင္းသမီးတစ္ဦးျဖစ္တဲ့ Fiona Loudon နဲ႔ လက္ထပ္ျဖစ္ခဲ့ၿပီး Ella Craig ဆိုတဲ့သမီးေလးတစ္ဦး ထြန္းကားခဲ့ပါတယ္ ။

Craig ဟာ သူ႔ရဲ႕ပြဲဦးထြက္ ဇာတ္ကားျဖစ္တဲ့ The Power of One ကို ၁၉၉၂ ခုႏွစ္မွာ စတင္႐ိုက္ကူးခဲ့တာပါ ။၁၉၉၆ ခုႏွစ္အတြင္းမွာ ျပသခဲ့တဲ့ Our Friends in the North စီးရီးကလည္း သူ႔ကိုနာမည္ေက်ာ္တစ္ေယာက္ျဖစ္ေအာင္ တြန္းပို႔ခဲ့တဲ့ စီးရီးတစ္ခုပါပဲ ။

ေနာက္ပိုင္း ၂၀၀၁ ခုႏွစ္ထုတ္ Lara Croft : Tomb Raider ဇာတ္ကား နဲ႔ ၂၀၀၂ ခုႏွစ္ထုတ္ Road to Perdition ဇာတ္ကားမွာ ဇာတ္ပို႔အေနနဲ႔သ႐ုပ္ေဆာင္ခဲ့ပါတယ္ ။ေခါင္းေဆာင္မင္းသားအျဖစ္စတင္သ႐ုပ္ေဆာင္ခဲ့တဲ့ ၂၀၀၄ ခုႏွစ္မွာထြက္ရွိလာခဲ့တဲ့ Layer Cake ဇာတ္ကားမွာဆိုရင္ ဆုေပါင္းမ်ားစြာရရွိခဲ့တဲ့အထိေအာင္ျမင္ခဲ့ပါတယ္ ။

၂၀၀၅ ခုႏွစ္Munich ဇာတ္ကား႐ိုက္ကူးၿပီးတဲ့အခ်ိန္မွာ ဆဌမေျမာက္ ဂ်ိန္းစ္ဘြန္းမင္းသားအျဖစ္ စတင္နာမည္ေက်ာ္လာခဲ့ပါတယ္ ။ထို႔အျပင္ ၁၉၆၄ ခုႏွစ္ ပၪၥမေျမာက္ ဂ်ိန္းစ္ဘြန္းသ႐ုပ္ေဆာင္ျဖစ္တဲ့ Ian Fleming ကြယ္လြန္ၿပီးေနာက္မွာ ပထမဆုံးေပၚထြက္လာခဲ့တဲ့ ဂ်ိန္းစ္ဘြန္းသ႐ုပ္ေဆာင္တစ္ဦးလည္းပါတယ္။

ကနဦး ဂ်ိန္းစ္ဘြန္းသ႐ုပ္ေဆာင္ေလးဦးျဖစ္တဲ့ Sean Connery , Roger Moore , Timothy Dalton နဲ႔ Pierce Brosnan တို႔လည္း Craig ဟာ ဂ်ိန္းစ္ဘြန္းဇာတ္႐ုပ္နဲ႔သိပ္လိုက္တယ္လို႔ ခ်ီးမြမ္းေျပာဆိုခဲ့ၾကပါတယ္ ။
ဒါကေတာ့ လူတိုင္းပါးစပ္ဖ်ားမွာေရပန္းစားဆဲရွိေနတဲ့ ဂ်ိန္းစ္ဘြန္းေခၚ Dainel Craig ရဲ႕ ဇာတ္ေၾကာင္းအျပည့္အစုံပါပဲ ။
ယခုေဖာ္ျပထားတဲ့အခ်က္ေတြအျပင္ လူေတြမသိေသးတဲ့အခ်က္ေတြကို သင္သိထားခဲ့ရင္လည္း ေကာမက္မွာေျပာခဲ့ေပးပါဦး ။

share from : xyznews

Unicode ဖြင့်ဖတ်ရန်

Jame Bond ဇာတ်ကောင်အဖြစ် အောင်မြင်ကျော်ကြားခဲ့တဲ့ Dainel Craig ရဲ့ နောက်ကြောင်းရာဇဝင်

ဗြိတိန် ရဲ့ ထိပ်တန်း သရုပ်ဆောင် တွေထဲက တစ်ဦးဖြစ်တဲ့ Daniel Craig ဟာ ၂၀၀၆ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Casino Royale ဇာတ်ကားနဲ့စတင်ပြီး ကျော်ကြားခဲ့တာဖြစ်ပါတယ် ။အဲဒီနောက်မှာတော့ Quantum of Solace (2008) ၊ Skyfall (2012) ၊ Spectre (2015) တို့ကိုဆက်လက်ရိုက်ကူးခဲ့ပြီး လက်ရှိအချိန်မှာ Bond 25 (2020) ဇာတ်ကားကြီးကို ရိုက်ကူးနေပါတယ် ။သူ့ရဲ့နာမည်အပြည့်အစုံကတော့ Daniel Wroughton Craig ဖြစ်ပြီး ၁၉၆၈ ခုနှစ် မတ်လ ၂ ရက်နေ့မှာမွေးဖွားခဲ့တာပါ ။

သူ့ရဲ့ဇာတိကတော့ အင်္ဂလန်နိုင်ငံ ၊ Cheshire နယ် ၊ Chester မြို့ ၊ Liverpool လမ်း အိမ်အမှတ် ၄၁ ဖြစ်ပါတယ် ။သူ့အဖေTimothy John Craig ကတော့ စတီးတွေကို ပင်လယ်ကူးသန်းရောင်းဝယ်ရေးပြုလုပ်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ Chestire နယ်မှာ Ring O’Bells ဆိုတဲ့ကလပ်ကို ဖွင့်လှစ်ပြီး ဦးစီးလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ် ။

Craig ရဲ့အမေ Carol Olivia ကတော့ အနုပညာ ဆရာမတစ်ယောက်ဖြစ်ပါတယ် ။Craig ဟာ အင်္ဂလိပ်စစ်စစ်တစ်ယောက်မဟုတ်ပါဘူး ။ သူဟာ Welsh , Scottish , Irish နဲ့ Ancestry သွေးတွေရောနှောပါဝင်နေတဲ့ သူတစ်ဦးပါ ။

၁၉၇၂ ခုနှစ် သူ့မိဘနှစ်ပါးလမ်းခွဲခဲ့တဲ့အချိန်မှာတော့ Craig ကို သူ့အစ်မ Lea က ဆက်လက်စောင့်ရှောက်ပြီး သူ့အမေအိမ်မှာပဲဆက်လက်နေထိုင်ခဲ့ကြပါတယ် ။Craig ဟာ Liverpool Everyman ပြဇာတ်ရုံမှာ သူ့အမေ စီစဉ်တဲ့ ဇာတ်ပွဲတွေကိုကြည့်ရင်း သရုပ်ဆောင်ဖို့ အားသန်လာခဲ့တာပဲဖြစ်ပါတယ် ။

အသက် ၆ နှစ်အရွယ်ရောက်တဲ့အခါမှာတော့ မူလတန်းကျောင်းပြဇာတ်မှာ စတင်သရုပ်ဆောင်ခဲ့ပြီး Olvier ဆိုတဲ့နာမည်နဲ့ ရေပန်းစားလာခဲ့ပါတယ် ။ အခုလိုသရုပ်ဆောင်ဖို့ဖြစ်လာတာကလည်း သူ့အမေရဲ့အားပေးထောက်ပံ့မှုတွေကြောင့်ပါ ။သူပထမဆုံးကြည့်ခဲ့ဖူးတဲ့ ဂျိန်းစ်ဘွန်းဇာတ်ကားကတော့ ၁၉၇၃ ခုနှစ်မှာရုံတင်ပြသခဲ့တဲ့ Roger Moore ရဲ့ Live and Let Die ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ် ။

ဒီကားကိုတော့ Craig ဟာ သူ့အဖေနဲ့အတူသွားရောက်ကြည့်ရှခဲ့တာဖြစ်ပြီး ဒီဇာတ်ကားဟာ သူ့စိတ်ကို စိုးမိုးသွားခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရမှာပါ ။အသက် ၁၄ နှစ်ရောက်တဲ့အခါမှာတော့ Craig ဟာ Wirral , West Kirby က Hilbre အထက်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး Olvier ဆိုတဲ့နာမည်နဲ့ပဲ အထက်ကျောင်းပြဇာတ်တွေဖြစ်တဲ့ “Romeo and Juliet” နဲ့ “Cinderella” ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။

၁၉၈၄ ခုနှစ် အသက် ၁၆ အရွယ်မှာတော့ Hibre အထက်ကျောင်းကထွက်လာခဲ့ပြီး မန်ချက်စတာမှ National Youth Teatre’s (NYT) Troupe အဖွဲ့ထဲဝင်ရောက်ဖို့ လျောက်ခဲ့ပါတယ် ။အဖွဲ့လက်ခံလိုက်တဲ့အခါမှာတော့ လန်ဒန်ကို ပြောင်းရွှေ့ပြီး အခြေချနေထိုင်ခဲ့ပါတယ် ။အဲ့ဒီအဖွဲ့နဲ့အတူ ပထမဆုံး ကပြခဲ့တဲ့ ဇာတ်ထုပ်ကတော့ ရှိတ်စပီးယားရဲ့ “Troilus and Cressida” ဇာတ်ပဲဖြစ်ပါတယ် ။

အနုပညာသမားတစ်ယောက်ရဲ့ လမ်းကြောင်းဟာ အလွန်ကြမ်းတမ်းတာကြောင့် သူ့ရပ်တည်နိုင်ဖို့အတွက် စားသောက်ဆိုင်တွေမှာ စားပွဲထိုးအဖြစ်လုပ်ကိုင်ခဲ့၇ပါတယ် ။NYT အဖွဲ့ကို ဦးစီးခဲ့သူကတော့ ဒါရိုက်တာ Edward Wilson ဖြစ်ပြီး ဒီအဖွဲ့နဲ့အတူ Craig ဟာ Valencia ၊ Spain ၊ Moscow နဲ့ Russia အစရှိတဲ့နေရာကိုသွားရောက်ဖျော်ဖြေခဲ့ပါတယ် ။၁၉၈၈ ခုနှစ်မှာတော့ Guildhall School of Music and Drama ကျောင်းကို တက်ရောက်ပြီး အနုပညာရေးရာတွေကိုလေ့လာသင်ယူရင်း Ewan McGregor ၊ Alistair McGowan ၊ Damian Lweis နဲ့ Joseph Fiennes တို့နဲ့စတင်ဆုံတွေ့ခဲ့တာပဲဖြစ်ပါတယ် ။

၁၉၉၁ ခုနှစ် ၊ တက္ကသိုလ်က ဘွဲ့ရပြီးနောက် The Royal Shakespeare Company နဲ့ သုံးနှစ်တာစာချုပ်ချုပ်ဆိုခဲ့ပါတယ် ။၁၉၉၂ ခုနှစ်မှာ စကော့တလန် မင်းသမီးတစ်ဦးဖြစ်တဲ့ Fiona Loudon နဲ့ လက်ထပ်ဖြစ်ခဲ့ပြီး Ella Craig ဆိုတဲ့သမီးလေးတစ်ဦး ထွန်းကားခဲ့ပါတယ် ။

Craig ဟာ သူ့ရဲ့ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ The Power of One ကို ၁၉၉၂ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့တာပါ ။၁၉၉၆ ခုနှစ်အတွင်းမှာ ပြသခဲ့တဲ့ Our Friends in the North စီးရီးကလည်း သူ့ကိုနာမည်ကျော်တစ်ယောက်ဖြစ်အောင် တွန်းပို့ခဲ့တဲ့ စီးရီးတစ်ခုပါပဲ ။

နောက်ပိုင်း ၂၀၀၁ ခုနှစ်ထုတ် Lara Croft : Tomb Raider ဇာတ်ကား နဲ့ ၂၀၀၂ ခုနှစ်ထုတ် Road to Perdition ဇာတ်ကားမှာ ဇာတ်ပို့အနေနဲ့သရုပ်ဆောင်ခဲ့ပါတယ် ။ခေါင်းဆောင်မင်းသားအဖြစ်စတင်သရုပ်ဆောင်ခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Layer Cake ဇာတ်ကားမှာဆိုရင် ဆုပေါင်းများစွာရရှိခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ် ။

၂၀၀၅ ခုနှစ်Munich ဇာတ်ကားရိုက်ကူးပြီးတဲ့အချိန်မှာ ဆဌမမြောက် ဂျိန်းစ်ဘွန်းမင်းသားအဖြစ် စတင်နာမည်ကျော်လာခဲ့ပါတယ် ။ထို့အပြင် ၁၉၆၄ ခုနှစ် ပဉ္စမမြောက် ဂျိန်းစ်ဘွန်းသရုပ်ဆောင်ဖြစ်တဲ့ Ian Fleming ကွယ်လွန်ပြီးနောက်မှာ ပထမဆုံးပေါ်ထွက်လာခဲ့တဲ့ ဂျိန်းစ်ဘွန်းသရုပ်ဆောင်တစ်ဦးလည်းပါတယ်။

ကနဦး ဂျိန်းစ်ဘွန်းသရုပ်ဆောင်လေးဦးဖြစ်တဲ့ Sean Connery , Roger Moore , Timothy Dalton နဲ့ Pierce Brosnan တို့လည်း Craig ဟာ ဂျိန်းစ်ဘွန်းဇာတ်ရုပ်နဲ့သိပ်လိုက်တယ်လို့ ချီးမွမ်းပြောဆိုခဲ့ကြပါတယ် ။
ဒါကတော့ လူတိုင်းပါးစပ်ဖျားမှာရေပန်းစားဆဲရှိနေတဲ့ ဂျိန်းစ်ဘွန်းခေါ် Dainel Craig ရဲ့ ဇာတ်ကြောင်းအပြည့်အစုံပါပဲ ။
ယခုဖော်ပြထားတဲ့အချက်တွေအပြင် လူတွေမသိသေးတဲ့အချက်တွေကို သင်သိထားခဲ့ရင်လည်း ကောမက်မှာပြောခဲ့ပေးပါဦး ။

share from : xyznews