Zawgyi ျဖင့္ဖတ္ရန္

စာေရးဆရာမၾကီး ဂ်ဴး ရဲ႕ အေကာင္းဆံုးေသာ ဝတၱဳေတြထဲက တစ္ပုဒ္ျဖစ္တဲ့ “လရဲ႕ေအာက္ဘက္ မိုင္အေဝးမွာ” ဝတၱဳကိုေတာ့ လက္ရွိမွာ လူငယ္ ဒါရိုက္တာ ထူးပိုင္ေဇာ္ဦးက ဝယ္ယူထားျပီး အဓိက ဇာတ္ေကာင္ေတြျဖစ္ၾကတဲ့ ေဒၚခင္သန္႔စင္အျဖစ္ သရုပ္ေဆာင္ မယ့္သူနဲ႔ ေနေရာင္ခန္႔ေနရာမွ ပါဝင္သရုပ္ေဆာင္မယ့္သူေတြကို ပရိသတ္ေတြနဲ႔ တရားဝင္ အသိေပးလိုက္ျပီပဲ ျဖစ္ပါတယ္။ က်ရာဇာတ္ရုပ္ကို အပီျပင္ဆံုးသရုပ္ေဆာင္ႏိုင္လြန္းသူၾကီး အိျႏၵာေက်ာ္ဇင္ကေတာ့ ေဒၚခင္သန္႔စင္ေနရာမွ ပါဝင္သရုပ္ေဆာင္သြားမွာျဖစ္ျပီး၊ ေဒါင္းကေတာ့​ေနေရာင္ခန္႔ေနရာမွ ပံုေဖာ္သရုပ္ေဆာင္သြားမွာပဲ ျဖစ္ပါတယ္။

ခ်စ္ပရိသတ္ေတြအတြက္ ဒါရိုက္တာ ထူးပိုင္ေဇာ္ဦး ရိုက္ကူးမယ့္ “လရဲ႕ ေအာက္ဘက္ မိုင္အေဝးမွာ” ရုပ္ရွင္ အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေန္ာ။

 

ဒါရိုက္တာ ထူးပိုင္ေဇာ္ဦးကေတာ့ ” အလင္းသစ္ မဂၢဇင္းအယ္ဒီတာ၊ ဆယ္ေက်ာ္သက္အရြယ္ သား ၂ ေယာက္ ကို single mother အေနနဲ႔ ျပဳစုပ်ိဳးေထာင္ေနတဲ့ ထက္ျမက္ေသာ မိခင္ ေဒၚခင္သန္႔စင္ အျဖစ္ အိျႏၵာေက်ာ္ဇင္ !ခ်စ္ေသာအယ္ဒီတာ ၊ အႏိႈင္းမဲ့ ႐ုပ္သံဇာတ္လမ္းေတြကို TV မွာ ၾကည့္ဖူးကတည္းက ခုခ်ိန္ထိ ခ်စ္ခင္အားေပးခဲ့ရတဲ့ မအူဝဲ နဲ႔ ပထမဆံုး အတူတကြ အႏုပညာဖန္တီးပံုေဖာ္ရမွာမို႔ ေပ်ာ္ရႊင္ရင္ခုန္ေနပါတယ္။” ဆိုျပီး အူဝဲကိုခ်စ္ၾကတဲ့ ပရိသတ္ေတြအတြက္ ရင္ခုန္စြာ ေျပာထားတာပါ။

 

ဆက္ျပီးေတာ့လည္း ဒါရိုက္တာက”လရဲ႕ေအာက္ဘက္ မိုင္အေဝးမွာ ဝတၳဳ ကို ႐ုပ္ရွင္အျဖစ္႐ိုက္ကူးဖို႔ ဆရာမဂ်ဴး နဲ႔ သေဘာတူညီခ်က္ရခဲ့တဲ့ အခ်ိန္ကတည္းက ေနေရာင္ခန္႔ ဇာတ္ေကာင္ေနရာကို ” ေဒါင္း ” တစ္ေယာက္တည္းကို ပဲ ျမင္ေယာင္ထားတာ။ အခုေတာ့ က်ေတာ္တို႔ တကယ္ကို အတူတကြ ပံုေဖာ္ဖန္တီးဖို႔ ျဖစ္လာပါၿပီ။ ေနေရာင္ခန္႔ အျဖစ္ DAUNG – ေဒါင္း” ဆိုျပီး ေနေရာင္ခန္႔ေနရာမွာ ေဒါင္းကို ေရြးခ်ယ္ျဖစ္တဲ့အေၾကာင္း ေရးသားထားပါေသးတယ္။

“ည” ရုပ္ရွင္ကို အမိုက္စား ဖန္တီးပံုေဖာ္ခဲ့တဲ့ ဒါရိုက္တာ ထူးပိုင္ေဇာ္ဦးရဲ႕အရည္အခ်င္းကိုေတာ့ ပရိသတ္ေတြအားလံုးလည္း အသိအမွတ္ျပဳထားၾကတာမို႔ ဆရာမၾကီး ဂ်ူးရဲ႕ “လရဲ႕ေအာက္ဘက္မိုင္အေဝးမွာ” ဝတၱဳကို ႐ုပ္ရွင္အျဖစ္ အသက္သြင္းမယ္ဆိုေတာ့လည္း ပရိသတ္ေတြက ရင္ခုန္စိတ္လႈပ္ရွားစြာ ေစာင့္ေမွ်ာ္ေနၾကတာပါ။ ခ်စ္ပရိသတ္ေတြလည္း အိျႏၵာေက်ာ္ဇင္နဲ႔ ေဒါင္းတို႔ ပထမဦးဆံုးေတြ႔ဆံုၾကမယ့္ “လရဲ႕ေအာက္ဘက္မိုင္အေဝးမွာ” ႐ုပ္ရွင္ၾကီးကို စိတ္ဝင္စားတယ္ဆိုရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။

share from: burmese.asia

Unicode ဖြင့်ဖတ်ရန်

“လရဲ့အောက်ဘက် မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆုံကြတော့မယ့် အိန္ဒြာကျော်ဇင် နဲ့ ဒေါင်း
ဂျူး

စာရေးဆရာမကြီး ဂျူး ရဲ့ အကောင်းဆုံးသော ဝတ္တုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ဝတ္တုကိုတော့ လက်ရှိမှာ လူငယ် ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဝယ်ယူထားပြီး အဓိက ဇာတ်ကောင်တွေဖြစ်ကြတဲ့ ဒေါ်ခင်သန့်စင်အဖြစ် သရုပ်ဆောင် မယ့်သူနဲ့ နေရောင်ခန့်နေရာမှ ပါဝင်သရုပ်ဆောင်မယ့်သူတွေကို ပရိသတ်တွေနဲ့ တရားဝင် အသိပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်လွန်းသူကြီး အိန္ဒြာကျော်ဇင်ကတော့ ဒေါ်ခင်သန့်စင်နေရာမှ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး၊ ဒေါင်းကတော့နေရောင်ခန့်နေရာမှ ပုံဖော်သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးမယ့် “လရဲ့ အောက်ဘက် မိုင်အဝေးမှာ” ရုပ်ရှင် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နေ်ာ။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ ” အလင်းသစ် မဂ္ဂဇင်းအယ်ဒီတာ၊ ဆယ်ကျော်သက်အရွယ် သား ၂ ယောက် ကို single mother အနေနဲ့ ပြုစုပျိုးထောင်နေတဲ့ ထက်မြက်သော မိခင် ဒေါ်ခင်သန့်စင် အဖြစ် အိန္ဒြာကျော်ဇင် !ချစ်သောအယ်ဒီတာ ၊ အနှိုင်းမဲ့ ရုပ်သံဇာတ်လမ်းတွေကို TV မှာ ကြည့်ဖူးကတည်းက ခုချိန်ထိ ချစ်ခင်အားပေးခဲ့ရတဲ့ မအူဝဲ နဲ့ ပထမဆုံး အတူတကွ အနုပညာဖန်တီးပုံဖော်ရမှာမို့ ပျော်ရွှင်ရင်ခုန်နေပါတယ်။” ဆိုပြီး အူဝဲကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ရင်ခုန်စွာ ပြောထားတာပါ။

ဆက်ပြီးတော့လည်း ဒါရိုက်တာက”လရဲ့အောက်ဘက် မိုင်အဝေးမှာ ဝတ္ထု ကို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့ ဆရာမဂျူး နဲ့ သဘောတူညီချက်ရခဲ့တဲ့ အချိန်ကတည်းက နေရောင်ခန့် ဇာတ်ကောင်နေရာကို ” ဒေါင်း ” တစ်ယောက်တည်းကို ပဲ မြင်ယောင်ထားတာ။ အခုတော့ ကျတော်တို့ တကယ်ကို အတူတကွ ပုံဖော်ဖန်တီးဖို့ ဖြစ်လာပါပြီ။ နေရောင်ခန့် အဖြစ် DAUNG – ဒေါင်း” ဆိုပြီး နေရောင်ခန့်နေရာမှာ ဒေါင်းကို ရွေးချယ်ဖြစ်တဲ့အကြောင်း ရေးသားထားပါသေးတယ်။

“ည” ရုပ်ရှင်ကို အမိုက်စား ဖန်တီးပုံဖော်ခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့အရည်အချင်းကိုတော့ ပရိသတ်တွေအားလုံးလည်း အသိအမှတ်ပြုထားကြတာမို့ ဆရာမကြီး ဂျူးရဲ့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ဝတ္တုကို ရုပ်ရှင်အဖြစ် အသက်သွင်းမယ်ဆိုတော့လည်း ပရိသတ်တွေက ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတာပါ။ ချစ်ပရိသတ်တွေလည်း အိန္ဒြာကျော်ဇင်နဲ့ ဒေါင်းတို့ ပထမဦးဆုံးတွေ့ဆုံကြမယ့် “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ရုပ်ရှင်ကြီးကို စိတ်ဝင်စားတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

share from: burmese.asia

LEAVE A REPLY