Zawgyi ဖြင့်ဖတ်ရန်


 

 



 

 


 

 

Credit :popolay

Unicode ဖြင့်ဖတ်ရန်

ကျွန်မအချစ်ဆုံးယောင်္ကျားသုံးယောက်မှာပရိတ်သတ်ကိုရှော့ခ်ရသွားစေတဲ့ မအူဝဲ ရဲ့သရုပ်ဆောင်ချက်တွေ

နိုင်ငံကျော် သရုပ်ဆောင် အများအပြားပါဝင် သရုပ်ဆောင်ထား တဲ့ ‘ကျွန်မအချစ်ဆုံး ယောင်္ကျားသုံးယောက်’ ဆိုတဲ့ရုပ်ရှင်ကားကြီး Trailer ထွက်ရှိလို့လာပါတယ်။

ရန်အောင်၊ ပြေတီဦး၊ မင်းဦး၊ မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်၊ မင်းဘုန်းမြတ်၊ နန်းစန္ဒာလှထွန်းနဲ့ Emily Bo တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။

လတ်တလော ရက်ပိုင်းအတွင်း စိတ်ဋ္ဌေးရုပ်ရှင်ထုတ်လုပ်ရေးမှ ‘ကျွန်မအချစ်ဆုံးယောင်္ကျားသုံးယောက်’ ရုပ်ရှင် ဇာတ်ကားကြီး trailer video ကိုတင်ပေးခဲ့ပါတယ်။

Video ကိုကြည့်တဲ့အခါမှာတော့ ပရိတ်သတ်ထင်ထားတာထက်ကို ဇာတ်လမ်းက အနှစ်သာရပိုရှိမယ့်ပုံပါပဲ။ လာမယ့် မတ်လ (၁၅) ရက်နေ့မှာရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ မအူဝဲရဲ့ သရုပ်ဆောင်ပုံတွေက အံ့မခန်းပဲမို့ စောင့်မျှော်ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လိမ့်မယ်ထင်ပါတယ်။

Credit :popolay