Zawgyi ျဖင့္ဖတ္ရန္

Justin နဲ႔ Hailey Bieber တို႔ကေတာ့ အင္တာဗ်ဴးတစ္ခုမွာ သူတို႔ရဲ႕ လက္ထပ္ပြဲနဲ႔ပတ္သက္ၿပီး ေျပာျပခဲ့ပါ တယ္။ အဲ့ဒီ အင္တာဗ်ဴးမွာေတာ့ တစ္ခ်ိဳ႕ အေျဖေတြက ပရိသတ္ေတြကို ေသခ်ာေပါက္ အံ့ၾသသြားေစခဲ့ ပါတယ္။လင္မယား အရာေျမာက္တဲ့ Sex ကိစၥကို ေတာ့ သူတို႔ရဲ႕ wedding night အထိ ထိန္းသိမ္းေစာင့္ဆိုင္းခဲ့တယ္လို႔ ေျဖ ခဲ့တဲ့ အေျဖကေတာ့ အေတာ္ေလးကို လူေျပာမ်ားေနပါတယ္။ဒီအေၾကာင္းကိုေတာ့ Vogue ရဲ႕ အင္တာဗ်ဴး မွာ ေျဖခဲ့ တာပါ။

သူတို႔ စုံတြဲ ကေတာ့ (၂၀၁၈)ေမလကမွ ျပန္ေပါင္းထုပ္ျဖစ္ခဲ့ၾကတာပါ။ဒီ့မတိုင္ခင္လြန္ခဲ့တဲ့ ႏွစ္ေတြတည္းက ႏွစ္ေယာက္ သား တြဲခဲ့ဖူူးပါတယ္။ဒီတစ္ႀကိမ္ျပန္ေပါင္းထုပ္ခ်ိန္မွာေတာ့ ခ်စ္သူအဆင့္ကို ေက်ာ္လြန္ၿပီး လက္ထပ္ခဲ့ ၾကတာပါ။ အ သက္ (၂၄)ႏွစ္ရွိေနၿပီျဖစ္တဲ့ JB ကေတာ့ သူ႔ရဲ႕ Sex Life နဲ႔ပတ္သက္ၿပီး အခုလို ေျပာခဲ့ပါတယ္။JB က အေသာက္ အ စား အေပ်ာ္အပါးကို ေရွာင္ခ်ိန္မွာေတာ့ဘုရားသခင္နဲ႔ ပိုၿပီး နီးစပ္မႈရွိသြားတယ္လို႔ ခံစားရတယ္လို႔ ဆိုပါ တယ္။သူနဲ႔ Hailey နဲ႔ ျပန္ေပါင္းထုပ္တဲ့ အခ်ိန္ဟာ သူ႔ကိုယ္သူျပန္လည္သုံးသပ္ၿပီး ဘာသာေရးကို လိုက္စားေနတဲ့ အခ်ိန္ပါ။ ဒါေၾကာင့္ လက္မထပ္ရေသးခင္အတူမေနရတဲ့ မတရားေသာေမထုံကိုေရွာင္ၾကဥ္ခဲ့ပါတယ္။အဲ့ဒီအခ်ိန္ဟာ သူနဲ႔ Hailey တို႔ ျပန္ေပါင္းထုပ္ေနတဲ့ အခ်ိန္ဆိုေပမယ့္္ JB ကေတာ့ ဒီအရာကို ေစာင့္ထိန္းခဲ့တယ္လို႔ဆိုပါတယ္။ခရစ္ယာန္ဘာ သာမွာဆိုရင္ လက္မထပ္ရေသးခင္ လိင္ကိစၥကို ေရွာင္တဲ့ သန႔္စင္ေသာ ထိမ္းျမားျခင္းဆိုတာ ရွိပါတယ္။

 

 

“ဘုရားသခင္က Sex ကိစၥနဲ႔ပတ္သက္ၿပီး လူေတြကို စည္းထားၿပီး ေစာင့္ထိန္းေစခ်င္တယ္။ဘုရားသခင္က က်ေတာ္တို႔ ခင္ဗ်ားတို႔ကို အမဂၤလာ(လက္မထပ္ခင္က်ဴးလြန္ျခင္းျဖင့္ျဖစ္လာမယ့္ အမဂၤလာ)ကို ကာကြယ္ေပးထားတယ္။လက္မ ထပ္ခင္အတူေနတယ္ဆိုတာက ကိုယ့္ကိုယ္ကို တန္ဖိုးမထားျခင္းနဲ႔ ဒီအရာမွ မပါရင္ တာဝန္မေက်ဘူးလို႔ လက္မထပ္ ခင္အတူေနၾကတဲ့ သူေတြက ခံစားရလို႔ ပါ….ဘုရားသခင္ဆီမွာပဲ က်ေတာ့္ကိုယ္က်ေတာ္ထပ္ၿပီး နစ္ျမႇဳပ္ထားခ်င္တယ္။

 

ဘာလို႔လဲ ဆိုေတာ့ က်ေတာ့္ရဲ႕ စိတ္ဝိဉာဥ္ အေျခအေနက ပိုေကာင္းလာတယ္လို႔ ခံစားရလု႔ိ၊ဘုရားသခင္က ေကာင္း ခ်ီးေပးတယ္၊ Hailey က အဲ့ဒါရဲ႕ ရလဒ္ပဲ ေလ။ပိုၿပီးလန္းဆန္းေစတယ္။ေကာင္းတဲ့အျပဳအမူလုပ္လို႔ ေကာင္းတဲ့ ရလဒ္ျပန္ရတာ………………….” လို႔ ေျပာခဲ့ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

လက်မထပ်ခင်အထိ လိင်ကိစ္စ ကို စောင့်ထိန်းတယ်လို့ ပြောလာတဲ့ JB

Justin နဲ့ Hailey Bieber တို့ကတော့ အင်တာဗျူးတစ်ခုမှာ သူတို့ရဲ့ လက်ထပ်ပွဲနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါ တယ်။ အဲ့ဒီ အင်တာဗျူးမှာတော့ တစ်ချို့ အဖြေတွေက ပရိသတ်တွေကို သေချာပေါက် အံ့သြသွားစေခဲ့ ပါတယ်။လင်မယား အရာမြောက်တဲ့ Sex ကိစ္စကို တော့ သူတို့ရဲ့ wedding night အထိ ထိန်းသိမ်းစောင့်ဆိုင်းခဲ့တယ်လို့ ဖြေ ခဲ့တဲ့ အဖြေကတော့ အတော်လေးကို လူပြောများနေပါတယ်။ဒီအကြောင်းကိုတော့ Vogue ရဲ့ အင်တာဗျူး မှာ ဖြေခဲ့ တာပါ။

သူတို့ စုံတွဲ ကတော့ (၂၀၁၈)မေလကမှ ပြန်ပေါင်းထုပ်ဖြစ်ခဲ့ကြတာပါ။ဒီ့မတိုင်ခင်လွန်ခဲ့တဲ့ နှစ်တွေတည်းက နှစ်ယောက် သား တွဲခဲ့ဖူူးပါတယ်။ဒီတစ်ကြိမ်ပြန်ပေါင်းထုပ်ချိန်မှာတော့ ချစ်သူအဆင့်ကို ကျော်လွန်ပြီး လက်ထပ်ခဲ့ ကြတာပါ။ အ သက် (၂၄)နှစ်ရှိနေပြီဖြစ်တဲ့ JB ကတော့ သူ့ရဲ့ Sex Life နဲ့ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။JB က အသောက် အ စား အပျော်အပါးကို ရှောင်ချိန်မှာတော့ဘုရားသခင်နဲ့ ပိုပြီး နီးစပ်မှုရှိသွားတယ်လို့ ခံစားရတယ်လို့ ဆိုပါ တယ်။သူနဲ့ Hailey နဲ့ ပြန်ပေါင်းထုပ်တဲ့ အချိန်ဟာ သူ့ကိုယ်သူပြန်လည်သုံးသပ်ပြီး ဘာသာရေးကို လိုက်စားနေတဲ့ အချိန်ပါ။ ဒါကြောင့် လက်မထပ်ရသေးခင်အတူမနေရတဲ့ မတရားသောမေထုံကိုရှောင်ကြဉ်ခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ သူနဲ့ Hailey တို့ ပြန်ပေါင်းထုပ်နေတဲ့ အချိန်ဆိုပေမယ့် JB ကတော့ ဒီအရာကို စောင့်ထိန်းခဲ့တယ်လို့ဆိုပါတယ်။ခရစ်ယာန်ဘာ သာမှာဆိုရင် လက်မထပ်ရသေးခင် လိင်ကိစ္စကို ရှောင်တဲ့ သန့်စင်သော ထိမ်းမြားခြင်းဆိုတာ ရှိပါတယ်။

“ဘုရားသခင်က Sex ကိစ္စနဲ့ပတ်သက်ပြီး လူတွေကို စည်းထားပြီး စောင့်ထိန်းစေချင်တယ်။ဘုရားသခင်က ကျတော်တို့ ခင်ဗျားတို့ကို အမင်္ဂလာ(လက်မထပ်ခင်ကျူးလွန်ခြင်းဖြင့်ဖြစ်လာမယ့် အမင်္ဂလာ)ကို ကာကွယ်ပေးထားတယ်။လက်မ ထပ်ခင်အတူနေတယ်ဆိုတာက ကိုယ့်ကိုယ်ကို တန်ဖိုးမထားခြင်းနဲ့ ဒီအရာမှ မပါရင် တာဝန်မကျေဘူးလို့ လက်မထပ် ခင်အတူနေကြတဲ့ သူတွေက ခံစားရလို့ ပါ….ဘုရားသခင်ဆီမှာပဲ ကျတော့်ကိုယ်ကျတော်ထပ်ပြီး နစ်မြှုပ်ထားချင်တယ်။ ဘာလို့လဲ ဆိုတော့ ကျတော့်ရဲ့ စိတ်ဝိဉာဉ် အခြေအနေက ပိုကောင်းလာတယ်လို့ ခံစားရလု့ိ၊ဘုရားသခင်က ကောင်း ချီးပေးတယ်၊ Hailey က အဲ့ဒါရဲ့ ရလဒ်ပဲ လေ။ပိုပြီးလန်းဆန်းစေတယ်။ကောင်းတဲ့အပြုအမူလုပ်လို့ ကောင်းတဲ့ ရလဒ်ပြန်ရတာ………………….” လို့ ပြောခဲ့ပါတယ်။

share from : burmese.asia

LEAVE A REPLY