Zawgyi ဖြင့်ဖတ်ရန်


 





Unicode ဖြင့်ဖတ်ရန်

အနုတ်ပြနေတဲ့ အအေးဒဏ်တောင် မမှုခဲ့ကြတဲ့ UK မှ နိုက်အောက်ထွက်သူများ

UK အပူချိန် အတ္တလန္တိတ် သမိုင်း
၂၀၁၉ ဇန်နဝါရီလထဲ UK နဲ့ US တို့မှာ သမိုင်း တစ်လျှောက်အအေးဆုံး ရာသီဥတုဒဏ်တွေကို ခံစားနေရပါတယ်။ US မှာတော့ အတ္တလန္တိတ် ထက်တောင် ပိုအေးခဲနေတဲ့ အပူချိန်၊ -56C လောက်ရှိနေပြီး UK မှာတော့ -15C လောက် ဒေသတိုင်းလိုလိုမှာ ပျမ်းမျှရှိနေပြီး နှင်းကျကာ ရေတွေလည်း ခဲနေခဲ့ပါတယ်။

UK မှာ ဆီးနှင်းတွေ ကျကာ အပူချိန် အမှတ်က သုညနားမှာပဲ တဝဲလည်လည်ဖြစ်နေခဲ့လို့ ညဘက်တွေမှာ ဘယ်သူမှအပြင်ထွက်ချင်ကြမှာမဟုတ်ပါဘူး။ အေးခဲလွန်းတဲ့အတွက် သာမန်လူတွေအနေနဲ့ကတော့ အိမ်တွင်းအောင်းနေကြပေမယ့် ညရဲ့ ပျိုမျစ်မှုကို ကြိုက်နှစ်သက်တဲ့လူငယ်တွေအတွက်တော့ အအေးဒဏ်ဟာ သူတို့ရဲ့ပျော်ရွှင်မှုကို မတားဆီးနိုင်ခဲ့ပါဘူး။

New Castle မှာတော့ နေ့ခင်းဖက်တွေမှာ 10 C လောက်တောင် မရှိဘဲ ညဖက်တွေမှာတော့ အနုတ်ဖက်ကို ရောက်နေကြပါတယ်။ သို့ပေမယ့် လူငယ်တွေကတော့ နွေးထွေးထူထဲတဲ့ အဝတ်အစားတွေကို ဝတ်ထားခြင်းမရှိဘဲ လမ်းမပေါ်မှာရှိနေခဲ့ကြပါတယ်။

ကလပ်တက်ဖို့အတွက် ပေါ့ပေါ့ပါးပါးအဝတ်လေးတွေ ဝတ်ပြီး ကလပ်အဝင်အဝမှာ အထဲကို ဝင်ဖို့အတွက် တန်းစီနေကြတာပဲဖြစ်ပါတယ်။

အေးခဲနေတဲ့ ရာသီဥတုမှာ နိုက်အောက်ထွက်မပျက်ကြတဲ့ ယူကေသားတို့ရဲ့ ပုံတွေကို ကြည့်ပြီး လူတွေကတော့ နားမလည်နိုင် ဖြစ်နေကြပါတယ်။ သင်ရော သင်ဝါသနာပါတဲ့ ပျော်စရာတစ်ခုခုကို လုပ်ဖို့ သူတို့လို နှင်းထုထဲ အဝတ်ပါးလေးတွေနဲ့ အံတုနိုင်ကြပါ့မလား.

share from : burmese.asia

LEAVE A REPLY