Zawgyi ဖြင့်ဖတ်ရန်

 





Credit : popolay

Unicode ဖြင့်ဖတ်ရန်

(၁၀) လကြာလက်တွဲပြီး ချစ်သူ အဖြစ်ကနေပြတ်စဲလိုက်ပြီဖြစ်တဲ့ ကင်ဘမ်း နဲ့ အိုယွန်းဆော

F4 မင်းသား (၄) ယောက်ထဲက ပါးချိုင့်ပါတဲ့ အပြုံးချိုချိုပိုင်ရှင် မင်းသားလေး ကင်ဘမ်းဟာ Hwayugi: Korean Odessy ထဲက မင်းသမီးလေး အိုယွန်းဆော နဲ့ တွဲခုတ်နေခဲ့တာ (၁၀) လတင်းတင်းပြည့်သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ ၂၀၁၈၊ ဇွန်လပိုင်းမှာ သူတို့နှစ်ယောက် ချစ်ကြိုးသွယ်နေပြီဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးကြေငြာခဲ့ပါတယ်။ ကင်ဘမ်းနဲ့ အိုယွန်းဆောတို့ ဧပြီလ ကတည်းက တွဲခုတ်နေကြတာဖြစ်ပြီး ဇွန်လမှ ပရိတ်သတ်ကိုအသိပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦး သဘောတူ လမ်းခွဲပြတ်စဲလိုက်ပြီး မိတ်ဆွေ သူငယ်ချင်းအနေနဲ့ အခင်အမင်မပျက်ရှိသွားမယ်လို့ ဆိုပါတယ်။

ကင်ဘမ်းဟာ အသက် (၃၀) ရှိပြီဖြစ်ပြီး အိုယွန်းဆောကတော့ အသက် ၃၂ နှစ်ရှိပြီပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ သူတို့နှစ်ယောက် လမ်းခွဲပြတ်စဲသွားပေမယ့် ပရိတ်သတ်ကြီးက ဆက်လက်အားပေးဦးမယ်မဟုတ်လား။

Credit : popolay