Zawgyi ျဖင့္ဖတ္ရန္

သင္တို႔ ခပ္ငယ္ငယ္ကၾကည့္ခဲ့ဖူးတဲ့ အင္ဂ်င္နီယာ ဇာတ္ကားကိုမွတ္မိၾကေသးရဲ႕လား..။ ရသမ်ိဳးစုံေပးစြမ္းႏိုင္ခဲ့တဲ့ 3 Idiots ဇာတ္ကားဟာ အိႏၵိယအင္ဂ်င္နီယာေကာလိပ္ ေက်ာင္းအတူတက္ေနၾကတဲ့ ေက်ာင္းသား(၃)ေယာက္ ရဲ႕သူငယ္ခ်င္းဆက္ဆံေရး နဲ႔ အိႏၵိယ ပညာေရးစနစ္ရဲ႕လက္ေအာက္က ေက်ာင္းသားေတြ ခံစားရတဲ့ဖိအားေတြကို ႐ိုက္ကူးျပသထားတာပဲျဖစ္ပါတယ္။ လက္ရွိမ်က္ေမွာက္ေခတ္က လူေတြဟာ လြန္ခဲ့တဲ့(၁၀)စုႏွစ္တစ္စုက အေၾကာင္းအရာကို ျပန္လည္ေျပာျပခဲ့တဲ့ပုံစံေလး႐ိုက္ကူးျပသထားခဲ့တာပဲျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္း

ဖာဟန္ နဲ႔ ရာဂ်ဳးတို႔ဟာ နာမည္ႀကီး Imperial College of Engineering (ICE) ကို တက္ေရာက္ခြင့္ရခဲ့တဲ့ ေက်ာင္းသားေလး (၂)ေယာက္ျဖစ္ပါတယ္။ သူတို႔၂ေယာက္ဟာ ရန္ခ်ိဳဆိုတဲ့ ေက်ာင္းသားနဲ႔ အခန္းေဖာ္ေတြေပါ့။ ဖာဟန္ ကေတာ့ ဓာတ္ပုံ႐ိုက္ကူးျခင္းကို ဝါသနာပါေပမယ့္လည္း ဖခင္ျဖစ္သူကို စိတ္ခ်မ္းသာေစခ်င္လို႔ အင္ဂ်င္နီယာေက်ာင္းကိုတက္ေရာက္ခြင့္ရခဲ့သူပါ။ ရာဂ်ဳးကေတာ့ မိသားစုကို ဆင္းရဲတြင္းထဲက ကယ္တင္ခ်င္လို႔ အင္ဂ်င္နီယာေက်ာင္းကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ရာဂ်ဳးကေတာ့ အင္ဂ်င္နီယာအတတ္ပညာကို အမွန္တကယ္ စိတ္ပါဝင္စားရွိသူတစ္ဦးပါ။

ဒီဇာတ္ကားထဲမွာ အဓိက မင္းသားကေတာ့ ရန္ခ်ိဳပါ။ ရန္ခ်ိဳဟာ အင္ဂ်င္နီယာအတတ္ပညာကို စိတ္ပါဝင္စားရွိေပမယ့္လည္း စာသင္ခန္းထဲမွာ ပုံမွန္မဟုတ္တဲ့အေျဖေတြေျဖဖို႔စိတ္ပါဝင္စားရွိသူျဖစ္ကာ ေရွး႐ိုးစြဲလြန္းတဲ့ ပေရာ္ဖက္ဆာနဲ႔လည္း ပဋိပကၡေတြရွိသူတစ္ဦးပါ။ ICE community မွာ ဗိုင္းရပ္ လို႔အမည္ေပးခံထားရတဲ့ အဆိုပါ ပေရာ္ဖက္ဆာဟာ ေရွး႐ိုးစြဲတဲ့ ပညာေရးလိုက္စားသူတစ္ဦးျဖစ္ၿပီး စည္းကမ္းတင္းၾကပ္လြန္းတဲ့ အေတြးအေခၚေတြရွိသူျဖစ္တာေၾကာင့္ လြတ္လြတ္လပ္လပ္ပညာသင္ၾကားခ်င္တဲ့ ရန္ခ်ိဳနဲ႔ ေတြ႕ၾကေတာ့တာပါပဲ။

ေနာက္ထပ္ဇာတ္ေကာင္တစ္ဦးကေတာ့ “Silencer” လို႔အမည္ရတဲ့ ခ်ာတူးဆိုတဲ့ ေက်ာင္းသားတစ္ဦးပါ။ သူကေတာ့ စာေမးပြဲေတြမွာထိပ္ဆုံးေရာက္ဖို႔ရာအသည္းအသန္ႀကိဳးစားေနသူတစ္ဦးျဖစ္ၿပီး ေမာက္မာတဲ့ စာၾကမ္းပိုးတစ္ဦးပါပဲ။ အဆိုပါ ပညာေရးေလာကရဲ႕ ကိုယ္စားျပဳ လူ(၅)ေယာက္ကို ဦးတည္ၿပီး႐ိုက္ကူးထားခဲ့တဲ့ ဇာတ္ကားဟာ အခ်ိတ္အဆက္မိလြန္းတာေၾကာင့္ အလြန္နာမည္ႀကီးခဲ့တဲ့ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတ

Aamir Khan သ႐ုပ္ေဆာင္ခဲ့တဲ့ ရန္ခ်ိဳဇာတ္ေကာင္ဟာ ရီရသလို ဉာဏ္ေကာင္းတဲ့တကၠသိုလ္ေက်ာင္းသားတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ဇာတ္ေကာင္မွတစ္ဆင့္ သင္ခန္းစာေတြမ်ားစြာရရွိခဲ့ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားၾကည့္ဖူးခဲ့ၾကတဲ့အဆိုပါဇာတ္ကားထဲက ရရွိခဲ့တဲ့ဘဝသင္ခန္းစာေတြကို ေဖာ္ျပေပးသြားမွာျဖစ္တဲ့အတြက့္တူတူလိုက္ပါစီးေျမာၾကည့္ရႈလိုက္ရေအာင္။

ေအာင္ျမင္မႈေနာက္ မလိုက္ပါနဲံ့။

ေအာင္ျမင္မႈေနာက္ကိုမလိုက္ပါနဲံ့၊ အေကာင္းဆုံးဆိုတာမ်ိဳးကို ျဖစ္လာေအာင္ အရင္ဆုံးႀကိဳးစားလိုက္ပါ။ ေအာင္ျမင္မႈဟာ သင့္ကို အလိုအေလ်ာက္ လာေရာက္ရွာေဖြမွာပါ။

ဖန္တီးႏိုင္စြမ္းရွိပါေစ။

အေျဖတိုင္းမွာ ဖန္တီးႏိုင္စြမ္းရွိပါေစ။ မင္း တတ္ႏိုင္စြမ္းတာထက္ ပိုၿပီးစြမ္းေဆာင္လာႏိုင္ေအာင္ မင္းရဲ႕ဖန္တီးလိုက္တဲ့ အလုပ္ေတြ၊ အရာေတြက ကူညီေပးပါလိမ့္မယ္။

ေနရာတိုင္းမွာ သင္ယူစရာေတြအျပည့္ပါ။

စာသင္ခန္းထဲမွာထိုင္ၿပီး ဆရာမေျပာတာကို နားေထာင္မွ သင္ယူတာမဟုတ္ပါဘူး ဘယ္ေနရာမွာမဆို သင္ယူလို႔ရပါတယ္။ လိုအပ္တာက အခြင့္အေရးကို ဖမ္းဆုပ္ႏိုင္ၿပီး အဲ့ဒီအခြင့္အေရးနဲ႔ ႀကီးျပင္းလာဖို႔ပါပဲ။

စိတ္အားထက္သန္ပါေစ.

သင္လက္ရွိလုပ္ေနတဲ့ လုပ္ငန္းေတြအေပၚ စိတ္အားထက္သန္မႈရွိပါသလား..။ ဒါဆိုရင္ေတာ့ ဒါဟာ မင္းအတြက္ပါပဲ။ မင္းလုပ္သမွ်အရာေတြကို ခ်စ္တတ္ဖို႔လိုအပ္ၿပီး ဒီလိုခ်စ္တတ္မယ္ဆိုရင္ေတာ့ ႀကီးက်ယ္ျမင့္ျမတ္တဲ့အရာေတြကိုလည္း အလြယ္တကူဆုပ္ကိုင္ႏိုင္မွာျဖစ္ပါတယ္။

ဘယ္ေတာ့မွမၿပိဳင္ပါနဲံ။

timeline ေပၚမွာ တစ္စုံတစ္ေယာက္က တစ္ခုခုကိုရဖို႔ႀကိဳးစားေန႐ုံနဲ႔ သင္ လိုက္ၿပိဳင္ဖို႔မႀကိဳးစားပါနဲ႔။ ဗဟုသုတေတြကိုသာရရွိဖို႔ အၿမဲႀကိဳးစားၿပီး ကြၽမ္းက်င္လိမၼာေနပါေစ။

“All is well” လို႔သာေျပာလိုက္ပါ။

2009 ခုႏွစ္မွာ ေရပန္းအစားဆုံးစကားလုံးဟာ All is Well ပါပဲ။ ရန္ခ်ိဳရဲ႕နာမည္ႀကီး အဆိုပါစကားလုံးကို ထပ္တလဲလဲ “All is well..All is well” လို႔သာ႐ြတ္ဆိုေနလိုက္ရင္ ေၾကာက္လန႔္မႈေတြ အနည္းနဲ႔အမ်ားေတာ့ ေျပေပ်ာက္သြားေစမွာပါပဲ။ All is well ဆိုလို႔ ျပႆနာေတြအားလုံး ေျဖရွင္းမၿပီးသြားေပမယ့္လည္း အဆိုပါ ျပႆနာေတြကို ရင္ဆိုင္ဖို႔ရာခြန္အားတစ္ခ်ိဳ႕ေတာ့ရရွိလာမွာျဖစ္ပါတယ္။

တျခားလူေတြကို လ်စ္လ်ဳရႈလိုက္ပါ

ပတ္ဝန္းက်င္မွာ ကြၽန္ေတာ္တို႔ကို မနာလိုသူေတြ၊ မုန္းတီးသူေတြ၊ ျပစ္တင္ေဝဖန္ခ်င္တဲ့သူေတြအျပည့္ပါ။ သူတို႔ကို လ်စ္လ်ဳရႈၿပီး ေရွ႕ဆက္ေလွ်ာက္လိုက္ပါ။ မွတ္မိရဲ႕လား…’ လမ္းေလွ်ာက္ေနတာကို ရပ္ၿပီး သင့္ကို ေဟာင္ေနတဲ့ ေခြးတိုင္းကို ခဲနဲ႔ ေပါက္ေနမယ္ဆိုရင္ လိုရာကိုမေရာက္ေတာ့ပါဘူး။”

စိန္ေခၚမႈေတြကို လက္ခံၿပီး စြန႔္စားလိုက္စမ္းပါ။

မင္းကိုယ္မင္း စိန္ေခၚၿပီး တစ္ခုခုကိုလုပ္ဖို႔ရာအတြက္ စိန္ေခၚမႈေတြကို လက္ခံလိုက္စမ္းပါ။ အဆိုးဆုံးအေနနဲ႔ က်ရႈံးမႈဆိုတာပဲရွိပါတယ္။ ဒါေၾကာင့္ စြန႔္စားလိုက္စမ္းပါ။

သင္ ခပ္ငယ္ငယ္က ၾကည့္ခဲ့ဖူးတဲ့3idiots ဇာတ္ကားကိုၾကည့္ၿပီး ဘယ္လိုခံစားခ်က္ေတြျဖစ္ပၚခဲ့ဖူးလဲဆိုတာေလး တစ္ေယာက္တစ္ခြန္းရင္ဖြင့္သြားခဲ့ၾကပါအုံး။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

နာမည်ကျော် 3 idiots ဇာတ်ကား ထဲမှ သင်ယူခွင့်ရခဲ့တဲ့ ဘဝသင်ခန်းစာ (၁၀)မျိုး

သင်တို့ ခပ်ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ အင်ဂျင်နီယာ ဇာတ်ကားကိုမှတ်မိကြသေးရဲ့လား..။ ရသမျိုးစုံပေးစွမ်းနိုင်ခဲ့တဲ့ 3 Idiots ဇာတ်ကားဟာ အိန္ဒိယအင်ဂျင်နီယာကောလိပ် ကျောင်းအတူတက်နေကြတဲ့ ကျောင်းသား(၃)ယောက် ရဲ့သူငယ်ချင်းဆက်ဆံရေး နဲ့ အိန္ဒိယ ပညာရေးစနစ်ရဲ့လက်အောက်က ကျောင်းသားတွေ ခံစားရတဲ့ဖိအားတွေကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ လက်ရှိမျက်မှောက်ခေတ်က လူတွေဟာ လွန်ခဲ့တဲ့(၁၀)စုနှစ်တစ်စုက အကြောင်းအရာကို ပြန်လည်ပြောပြခဲ့တဲ့ပုံစံလေးရိုက်ကူးပြသထားခဲ့တာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဖာဟန် နဲ့ ရာဂျုးတို့ဟာ နာမည်ကြီး Imperial College of Engineering (ICE) ကို တက်ရောက်ခွင့်ရခဲ့တဲ့ ကျောင်းသားလေး (၂)ယောက်ဖြစ်ပါတယ်။ သူတို့၂ယောက်ဟာ ရန်ချိုဆိုတဲ့ ကျောင်းသားနဲ့ အခန်းဖော်တွေပေါ့။ ဖာဟန် ကတော့ ဓာတ်ပုံရိုက်ကူးခြင်းကို ဝါသနာပါပေမယ့်လည်း ဖခင်ဖြစ်သူကို စိတ်ချမ်းသာစေချင်လို့ အင်ဂျင်နီယာကျောင်းကိုတက်ရောက်ခွင့်ရခဲ့သူပါ။ ရာဂျုးကတော့ မိသားစုကို ဆင်းရဲတွင်းထဲက ကယ်တင်ချင်လို့ အင်ဂျင်နီယာကျောင်းကို ရွေးချယ်ခဲ့ပါတယ်။ ရာဂျုးကတော့ အင်ဂျင်နီယာအတတ်ပညာကို အမှန်တကယ် စိတ်ပါဝင်စားရှိသူတစ်ဦးပါ။

ဒီဇာတ်ကားထဲမှာ အဓိက မင်းသားကတော့ ရန်ချိုပါ။ ရန်ချိုဟာ အင်ဂျင်နီယာအတတ်ပညာကို စိတ်ပါဝင်စားရှိပေမယ့်လည်း စာသင်ခန်းထဲမှာ ပုံမှန်မဟုတ်တဲ့အဖြေတွေဖြေဖို့စိတ်ပါဝင်စားရှိသူဖြစ်ကာ ရှေးရိုးစွဲလွန်းတဲ့ ပရော်ဖက်ဆာနဲ့လည်း ပဋိပက္ခတွေရှိသူတစ်ဦးပါ။ ICE community မှာ ဗိုင်းရပ် လို့အမည်ပေးခံထားရတဲ့ အဆိုပါ ပရော်ဖက်ဆာဟာ ရှေးရိုးစွဲတဲ့ ပညာရေးလိုက်စားသူတစ်ဦးဖြစ်ပြီး စည်းကမ်းတင်းကြပ်လွန်းတဲ့ အတွေးအခေါ်တွေရှိသူဖြစ်တာကြောင့် လွတ်လွတ်လပ်လပ်ပညာသင်ကြားချင်တဲ့ ရန်ချိုနဲ့ တွေ့ကြတော့တာပါပဲ။

နောက်ထပ်ဇာတ်ကောင်တစ်ဦးကတော့ “Silencer” လို့အမည်ရတဲ့ ချာတူးဆိုတဲ့ ကျောင်းသားတစ်ဦးပါ။ သူကတော့ စာမေးပွဲတွေမှာထိပ်ဆုံးရောက်ဖို့ရာအသည်းအသန်ကြိုးစားနေသူတစ်ဦးဖြစ်ပြီး မောက်မာတဲ့ စာကြမ်းပိုးတစ်ဦးပါပဲ။ အဆိုပါ ပညာရေးလောကရဲ့ ကိုယ်စားပြု လူ(၅)ယောက်ကို ဦးတည်ပြီးရိုက်ကူးထားခဲ့တဲ့ ဇာတ်ကားဟာ အချိတ်အဆက်မိလွန်းတာကြောင့် အလွန်နာမည်ကြီးခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတ

Aamir Khan သရုပ်ဆောင်ခဲ့တဲ့ ရန်ချိုဇာတ်ကောင်ဟာ ရီရသလို ဉာဏ်ကောင်းတဲ့တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး သူ့ရဲ့ဇာတ်ကောင်မှတစ်ဆင့် သင်ခန်းစာတွေများစွာရရှိခဲ့ပါတယ်။ လူတော်တော်များများကြည့်ဖူးခဲ့ကြတဲ့အဆိုပါဇာတ်ကားထဲက ရရှိခဲ့တဲ့ဘဝသင်ခန်းစာတွေကို ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက့်တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

အောင်မြင်မှုနောက် မလိုက်ပါနဲံ့။

အောင်မြင်မှုနောက်ကိုမလိုက်ပါနဲံ့၊ အကောင်းဆုံးဆိုတာမျိုးကို ဖြစ်လာအောင် အရင်ဆုံးကြိုးစားလိုက်ပါ။ အောင်မြင်မှုဟာ သင့်ကို အလိုအလျောက် လာရောက်ရှာဖွေမှာပါ။

ဖန်တီးနိုင်စွမ်းရှိပါစေ။

အဖြေတိုင်းမှာ ဖန်တီးနိုင်စွမ်းရှိပါစေ။ မင်း တတ်နိုင်စွမ်းတာထက် ပိုပြီးစွမ်းဆောင်လာနိုင်အောင် မင်းရဲ့ဖန်တီးလိုက်တဲ့ အလုပ်တွေ၊ အရာတွေက ကူညီပေးပါလိမ့်မယ်။

နေရာတိုင်းမှာ သင်ယူစရာတွေအပြည့်ပါ။

စာသင်ခန်းထဲမှာထိုင်ပြီး ဆရာမပြောတာကို နားထောင်မှ သင်ယူတာမဟုတ်ပါဘူး ဘယ်နေရာမှာမဆို သင်ယူလို့ရပါတယ်။ လိုအပ်တာက အခွင့်အရေးကို ဖမ်းဆုပ်နိုင်ပြီး အဲ့ဒီအခွင့်အရေးနဲ့ ကြီးပြင်းလာဖို့ပါပဲ။

စိတ်အားထက်သန်ပါစေ.

သင်လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေအပေါ် စိတ်အားထက်သန်မှုရှိပါသလား..။ ဒါဆိုရင်တော့ ဒါဟာ မင်းအတွက်ပါပဲ။ မင်းလုပ်သမျှအရာတွေကို ချစ်တတ်ဖို့လိုအပ်ပြီး ဒီလိုချစ်တတ်မယ်ဆိုရင်တော့ ကြီးကျယ်မြင့်မြတ်တဲ့အရာတွေကိုလည်း အလွယ်တကူဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

ဘယ်တော့မှမပြိုင်ပါနဲံ။

timeline ပေါ်မှာ တစ်စုံတစ်ယောက်က တစ်ခုခုကိုရဖို့ကြိုးစားနေရုံနဲ့ သင် လိုက်ပြိုင်ဖို့မကြိုးစားပါနဲ့။ ဗဟုသုတတွေကိုသာရရှိဖို့ အမြဲကြိုးစားပြီး ကျွမ်းကျင်လိမ္မာနေပါစေ။

“All is well” လို့သာပြောလိုက်ပါ။

2009 ခုနှစ်မှာ ရေပန်းအစားဆုံးစကားလုံးဟာ All is Well ပါပဲ။ ရန်ချိုရဲ့နာမည်ကြီး အဆိုပါစကားလုံးကို ထပ်တလဲလဲ “All is well..All is well” လို့သာရွတ်ဆိုနေလိုက်ရင် ကြောက်လန့်မှုတွေ အနည်းနဲ့အများတော့ ပြေပျောက်သွားစေမှာပါပဲ။ All is well ဆိုလို့ ပြဿနာတွေအားလုံး ဖြေရှင်းမပြီးသွားပေမယ့်လည်း အဆိုပါ ပြဿနာတွေကို ရင်ဆိုင်ဖို့ရာခွန်အားတစ်ချို့တော့ရရှိလာမှာဖြစ်ပါတယ်။

တခြားလူတွေကို လျစ်လျုရှုလိုက်ပါ

ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ကို မနာလိုသူတွေ၊ မုန်းတီးသူတွေ၊ ပြစ်တင်ဝေဖန်ချင်တဲ့သူတွေအပြည့်ပါ။ သူတို့ကို လျစ်လျုရှုပြီး ရှေ့ဆက်လျှောက်လိုက်ပါ။ မှတ်မိရဲ့လား…’ လမ်းလျှောက်နေတာကို ရပ်ပြီး သင့်ကို ဟောင်နေတဲ့ ခွေးတိုင်းကို ခဲနဲ့ ပေါက်နေမယ်ဆိုရင် လိုရာကိုမရောက်တော့ပါဘူး။”

စိန်ခေါ်မှုတွေကို လက်ခံပြီး စွန့်စားလိုက်စမ်းပါ။

မင်းကိုယ်မင်း စိန်ခေါ်ပြီး တစ်ခုခုကိုလုပ်ဖို့ရာအတွက် စိန်ခေါ်မှုတွေကို လက်ခံလိုက်စမ်းပါ။ အဆိုးဆုံးအနေနဲ့ ကျရှုံးမှုဆိုတာပဲရှိပါတယ်။ ဒါကြောင့် စွန့်စားလိုက်စမ်းပါ။

သင် ခပ်ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့3idiots ဇာတ်ကားကိုကြည့်ပြီး ဘယ်လိုခံစားချက်တွေဖြစ်ပါ်ခဲ့ဖူးလဲဆိုတာလေး တစ်ယောက်တစ်ခွန်းရင်ဖွင့်သွားခဲ့ကြပါအုံး။

share from : burmese.asia