Zawgyi ျဖင့္ဖတ္ရန္

အသည္း ဟာလည္း ခႏၶာကိုယ္ အတြက္ အေရးႀကီးတဲ့ အစိတ္အပိုင္းတခုပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္ တနိုင္ငံတည္းမွာပဲ နာတာရွည္ အသည္းေရာဂါနဲ႕ အသည္းေျခာက္တဲ့ေရာဂါကို ခံစားေနရတဲ့သူ ၅ ဒႆမ ၅ မီလီယံ ရွိတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ဆိုး႐ြားတဲ့ အသည္းေရာဂါမျဖစ္ခင္ ခႏၶာကိုယ္မွာ ျပတဲ့ ေရွ႕ေျပးလကၡဏာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) အသားအေရာင္

သင့္ရဲ႕ အသားအေရနဲ႕ မ်က္လုံးေတြဟာ အဝါေရာင္သန္းလာတယ္ဆိုရင္ သင့္ရဲ႕ အသည္းမွာ ႀကီးမားတဲ့ ျပႆနာ ရွိေနပါၿပီ။ အသားဝါေရာဂါဟာ အသားအေရ၊ မ်က္လုံးနဲ႕ တံေတြးေတြကို ဝါေစၿပီး ဒီလို ျဖစ္ရတာဟာ သည္းေျခ အားနည္းမႈေတြေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ အသည္းေရာင္ အသားဝါျဖစ္နိုင္ေခ်မ်ားလို႔ ဆရာဝန္ကို ခ်က္ခ်င္းျပဖို႔ လိုပါတယ္။

(၂) ဝမ္းဗိုက္ေရာင္ရမ္းျခင္း

ဝမ္းဗိုက္ေရာင္ရမ္းျခင္းဆိုတာ ဝမ္းဗိုက္ထဲမွာ အရည္ေတြ ျပည့္ေနသလို ခံစားရၿပီး မၾကာခဏ ဝမ္းဗိုက္နာက်င္ျခင္းေတြ ျဖစ္တတ္ပါတယ္။ ကိုယ္ဝန္ေဆာင္သည္ေတြလို ျဖစ္ေနၿပီး ေျခေထာက္နဲ႕ လက္ေတြလည္း ေဖာျခင္း ေရာင္ရမ္းျခင္းစတဲ့ လကၡဏာေတြကို ျပတယ္လို႔ သိရပါတယ္။

(၃) ကိုယ္အေလးခ်ိန္ ေလ်ာ့က်ျခင္း

အေပၚမွာ ေဖာ္ျပခဲ့တဲ့ ဝမ္းဗိုက္ေရာင္ရမ္းျခင္းေၾကာင့္ သင့္ဗိုက္ထဲမွာ အစာေတြရွိေနသလိုခံစားရၿပီး ဘာကိုမွ ထပ္မစားနိုင္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ စားေသာက္တဲ့ အခ်ိန္မွာလည္း နာၾကင္တာေၾကာင့္ အစားစားဖို႔ ခက္တဲ့ အေနအထားေတြ ျဖစ္လာနိုင္ပါတယ္။ ခႏၶာကိုယ္က လိုအပ္တဲ့ အစားအေသာက္ေတြကို မစားေသာက္နိုင္တာေၾကာင့္ အားအင္ကုန္ခမ္းျခင္းနဲ႕ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ျခင္းေတြ ျဖစ္လာရတာ ျဖစ္ပါတယ္။

(၄) အညိဳအမည္းမ်ား ျဖစ္လာျခင္း

အသည္းပ်က္စီးတဲ့ အခါမွာ ပရိုတင္းထုတ္လုပ္ျခင္းဟာ ရပ္သြားတာ ဒါမွမဟုတ္ ထုတ္လုပ္မႈ ေႏွးေကြးသြားတာေတြ ျဖစ္တတ္ပါတယ္။ အဲဒီအခ်ိန္မွာ ႂကြက္သားထုံးျခင္းျဖစ္ေပၚလာၿပီး အေရျပားေပၚမွာ အညိုအမည္း အကြက္ေတြ ေပၚလာပါေတာ့တယ္။ ဒါေၾကာင့္ အသည္းမေကာင္းတဲ့ သူေတြဟာ သူမ်ားေတြထက္ ပိုၿပီး အမာ႐ြတ္ျဖစ္ျခင္းနဲ႕ ေသြးထြက္လြယ္ျခင္းေတြ ျဖစ္ရတာပဲ ျဖစ္ပါတယ္။

(၅) ဆီးအေရာင္ ေျပာင္းျခင္း

ဆီးအေရာင္က ေရေသာက္တာနည္းရင္လည္း ဝါတတ္တယ္ဆိုေပမယ့္ အသည္းအားနည္းတဲ့ အခါမ်ိဳးမွာ သာမန္ထက္ ပိုၿပီး ရင့္တဲ့ အေရာင္ကို ေျပာင္းသြားတတ္ပါတယ္။ ဒါ့အျပင္ အေရျပားယားယံျခင္းေတြလည္း မၾကာခဏဆိုသလို ျဖစ္ေပၚေနတတ္တယ္ဆိုရင္ေတာ့ သင့္အသည္း ပ်က္စီးစျပဳေနၿပီ ျဖစ္လို႔ ဆရာဝန္ဆီကို တတ္နိုင္သေလာက္ ျမန္ျမန္သြားျပဖို႔ တိုက္တြန္းခ်င္ပါတယ္။

Credit: The Irrawaddy

Unicode ဖြင့်ဖတ်ရန်

အသည်းဟာလည်း ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခုပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန် တနိုင်ငံတည်းမှာပဲ နာတာရှည်အသည်းရောဂါနဲ့ အသည်းခြောက်တဲ့ရောဂါကို ခံစားနေရတဲ့သူ ၅ ဒဿမ ၅ မီလီယံ ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ဆိုးရွားတဲ့ အသည်းရောဂါမဖြစ်ခင် ခန္ဓာကိုယ်မှာ ပြတဲ့ ရှေ့ပြေးလက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အသားအရောင်

သင့်ရဲ့ အသားအရေနဲ့ မျက်လုံးတွေဟာ အဝါရောင်သန်းလာတယ်ဆိုရင် သင့်ရဲ့ အသည်းမှာ ကြီးမားတဲ့ ပြဿနာ ရှိနေပါပြီ။ အသားဝါရောဂါဟာ အသားအရေ၊ မျက်လုံးနဲ့ တံတွေးတွေကို ဝါစေပြီး ဒီလို ဖြစ်ရတာဟာ သည်းခြေ အားနည်းမှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အသည်းရောင် အသားဝါဖြစ်နိုင်ချေများလို့ ဆရာဝန်ကို ချက်ချင်းပြဖို့ လိုပါတယ်။

(၂) ဝမ်းဗိုက်ရောင်ရမ်းခြင်း

ဝမ်းဗိုက်ရောင်ရမ်းခြင်းဆိုတာ ဝမ်းဗိုက်ထဲမှာ အရည်တွေ ပြည့်နေသလို ခံစားရပြီး မကြာခဏ ဝမ်းဗိုက်နာကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေလို ဖြစ်နေပြီး ခြေထောက်နဲ့ လက်တွေလည်း ဖောခြင်း ရောင်ရမ်းခြင်းစတဲ့ လက္ခဏာတွေကို ပြတယ်လို့ သိရပါတယ်။

(၃) ကိုယ်အလေးချိန် လျော့ကျခြင်း

အပေါ်မှာ ဖော်ပြခဲ့တဲ့ ဝမ်းဗိုက်ရောင်ရမ်းခြင်းကြောင့် သင့်ဗိုက်ထဲမှာ အစာတွေရှိနေသလိုခံစားရပြီး ဘာကိုမှ ထပ်မစားနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ စားသောက်တဲ့ အချိန်မှာလည်း နာကြင်တာကြောင့် အစားစားဖို့ ခက်တဲ့ အနေအထားတွေ ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အစားအသောက်တွေကို မစားသောက်နိုင်တာကြောင့် အားအင်ကုန်ခမ်းခြင်းနဲ့ ကိုယ်အလေးချိန် လျော့ကျခြင်းတွေ ဖြစ်လာရတာ ဖြစ်ပါတယ်။

(၄) အညိုအမည်းများ ဖြစ်လာခြင်း

အသည်းပျက်စီးတဲ့ အခါမှာ ပရိုတင်းထုတ်လုပ်ခြင်းဟာ ရပ်သွားတာ ဒါမှမဟုတ် ထုတ်လုပ်မှု နှေးကွေးသွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ ကြွက်သားထုံးခြင်းဖြစ်ပေါ်လာပြီး အရေပြားပေါ်မှာ အညိုအမည်း အကွက်တွေ ပေါ်လာပါတော့တယ်။ ဒါကြောင့် အသည်းမကောင်းတဲ့ သူတွေဟာ သူများတွေထက် ပိုပြီး အမာရွတ်ဖြစ်ခြင်းနဲ့ သွေးထွက်လွယ်ခြင်းတွေ ဖြစ်ရတာပဲ ဖြစ်ပါတယ်။

(၅) ဆီးအရောင် ပြောင်းခြင်း

ဆီးအရောင်က ရေသောက်တာနည်းရင်လည်း ဝါတတ်တယ်ဆိုပေမယ့် အသည်းအားနည်းတဲ့ အခါမျိုးမှာ သာမန်ထက် ပိုပြီး ရင့်တဲ့ အရောင်ကို ပြောင်းသွားတတ်ပါတယ်။ ဒါ့အပြင် အရေပြားယားယံခြင်းတွေလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေတတ်တယ်ဆိုရင်တော့ သင့်အသည်း ပျက်စီးစပြုနေပြီ ဖြစ်လို့ ဆရာဝန်ဆီကို တတ်နိုင်သလောက် မြန်မြန်သွားပြဖို့ တိုက်တွန်းချင်ပါတယ်။

Credit: The Irrawaddy