Zawgyi ျဖင့္ဖတ္ရန္

ဖိလစ္ပိုင္-တရုတ္ ေမာ္ဒယ္ေလးတစ္ဦးျဖစ္တဲ့ ဂ်နီကာနမ္ဖလိုရက္စ္ကာရဲ႕ ရည္းစားဟာ လြန္ခဲ့တဲ့ (၁) ႏွစ္ေက်ာ္တုန္းက ေရနစ္ၿပီး ေသဆံုးခဲ့ပါၿပီ။ ခ်စ္သူေသတာ ႏွစ္နဲ႔ခ်ီၾကာၿပီ ျဖစ္ေပမယ့္ မေမ့ႏိုင္ဆဲျဖစ္ေနတဲ့ ဂ်နီကာဟာ ဆိုရွယ္မီဒီယာေပၚမွာ သူတို႔ႏွစ္ဦးရဲ႕ စံုတြဲပံုေလးေတြကို အခုတုိင္ တင္ေနဆဲ ျဖစ္ပါတယ္။ ဂ်နီကာဟာ သူမရဲ႕ ရည္းစား ဖရန္ကိုဟာနန္ဒက္ဇ္ကုိ (၂၀၁၇) ခုႏွစ္ ႏုိ၀င္ဘာလမွာ ဆံုးရံႈးခဲ့ရတာ ျဖစ္ပါတယ္။

ဖရန္ကိုဟာ “Hashtags” အမည္ရတဲ့ အမ်ိဳးသားအကအဖြဲ႔မွ အဖြဲ႔၀င္တစ္ဦးျဖစ္ပါတယ္။ ဖရန္ကိုဟာ ေသဆံုးခ်ိန္မွာ အသက္(၂၆) ႏွစ္ပဲ ရွိပါေသးတယ္။ ဂ်နီကာရဲ႕ အဆိုအရ သူမနဲ႔ ဖရန္ကိုဟာ ေမာ္ေတာ္စီးေနစဥ္ လိႈင္းၾကီးမိတာေၾကာင့္ ႏွစ္ေယာက္စလံုး ေရထဲခုန္ခ်ခဲ့ရပါတယ္။ ဖရန္ကိုဟာ ေဆးခန္းေရာက္တဲ့အခါ သတိမရေတာ့ပါဘူး။ ေဆးရံုကို ထပ္သြားျပတဲ့အခါမွာေတာ့ ဖရန္ကို ကို ေသဆံုးၿပီျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့ၾကပါတယ္။ ဖရန္ကိုဟာ သူတို႔အမ်ိဳးသားအကအဖြဲ႔ရဲ႕ ဒုတိယအၾကိမ္ေျမာက္ႏွစ္ပတ္လည္ေန႔မွာ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

,

 

ဖရန္ကို မေသဆံုးခင္မွာ ဂ်နီကာဟာ သူမရဲ႕ အင္စတာဂရမ္အေကာင့္တစ္ခုလံုးမွာ သူတို႔ႏွစ္ေယာက္ရဲ႕ ခ်စ္ၾကည္ႏူးေနတဲ့ဓာတ္ပံုေတြကို တင္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း ဖရန္ကို ေသဆံုးၿပီး (၁) ႏွစ္ခြဲနီးနီး ၾကာျမင့္ေနၿပီျဖစ္တာေတာင္ ဂ်နီကာဟာ ဖရန္ကို လြမ္းဆြတ္ေနဆဲျဖစ္ၿပီး သူတို႔ႏွစ္ဦး အမွတ္တရဓာတ္ပံုေလးေတြကို ဆိုရွယ္မီဒီယာေပၚမွာ တင္ေနဆဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ဖရန္ကိုရဲ႕ ေမြးေန႔မွာေတာ့ ခ်စ္ရသူရဲ႕ ေမြးေန႔ေရာက္ခဲ့ေပမယ့္ သူမနဲ႔အတူ မရွိႏိုင္ေတာ့တဲ့ ခ်စ္သူကို တမ္းတရင္း ဂ်န္ီကာက ‘အမွတ္တရေတြ ေပ်ာ္ရႊင္မႈေတြနဲ႔ မ်က္ရည္ေတြပါ ျပည့္ႏွက္ေနပါတယ္….’ လို႔ စာေရးသားခဲ့ပါတယ္။

ဖရန္ကိုရဲ႕ အ၀တ္အစားေတြကို ၀တ္ထားတဲ့ သူမရဲ႕ ဓာတ္ပံုေတြကိုလည္း တင္ခဲ့ပါတယ္။

သူတို႔ႏွစ္ဦး အရင္အခ်ိန္တုန္းက ေပ်ာ္ရႊင္ခဲ့ဖူးတဲ့ အခိုက္အတန္႔ေလးေတြပါ။ဖရန္ကို မေသခင္ ေနာက္ဆံုးအၾကိမ္ ကျဖစ္ခဲ့တာေလးပါ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ချစ်သူ ကို ဆုံးရှုံးခဲ့တာ (၁) နှစ်ကျော်ကြာပြီးပေမယ့် တမ်းတနေဆဲဖြစ်တဲ့ မိန်းကလေး

ဖိလစ်ပိုင်-တရုတ် မော်ဒယ်လေးတစ်ဦးဖြစ်တဲ့ ဂျနီကာနမ်ဖလိုရက်စ်ကာရဲ့ ရည်းစားဟာ လွန်ခဲ့တဲ့ (၁) နှစ်ကျော်တုန်းက ရေနစ်ပြီး သေဆုံးခဲ့ပါပြီ။ ချစ်သူသေတာ နှစ်နဲ့ချီကြာပြီ ဖြစ်ပေမယ့် မမေ့နိုင်ဆဲဖြစ်နေတဲ့ ဂျနီကာဟာ ဆိုရှယ်မီဒီယာပေါ်မှာ သူတို့နှစ်ဦးရဲ့ စုံတွဲပုံလေးတွေကို အခုတိုင် တင်နေဆဲ ဖြစ်ပါတယ်။ ဂျနီကာဟာ သူမရဲ့ ရည်းစား ဖရန်ကိုဟာနန်ဒက်ဇ်ကို (၂၀၁၇) ခုနှစ် နိုဝင်ဘာလမှာ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဖရန်ကိုဟာ “Hashtags” အမည်ရတဲ့ အမျိုးသားအကအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဖရန်ကိုဟာ သေဆုံးချိန်မှာ အသက်(၂၆) နှစ်ပဲ ရှိပါသေးတယ်။ ဂျနီကာရဲ့ အဆိုအရ သူမနဲ့ ဖရန်ကိုဟာ မော်တော်စီးနေစဉ် လှိုင်းကြီးမိတာကြောင့် နှစ်ယောက်စလုံး ရေထဲခုန်ချခဲ့ရပါတယ်။ ဖရန်ကိုဟာ ဆေးခန်းရောက်တဲ့အခါ သတိမရတော့ပါဘူး။ ဆေးရုံကို ထပ်သွားပြတဲ့အခါမှာတော့ ဖရန်ကို ကို သေဆုံးပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ကြပါတယ်။ ဖရန်ကိုဟာ သူတို့အမျိုးသားအကအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက်နှစ်ပတ်လည်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဖရန်ကို မသေဆုံးခင်မှာ ဂျနီကာဟာ သူမရဲ့ အင်စတာဂရမ်အကောင့်တစ်ခုလုံးမှာ သူတို့နှစ်ယောက်ရဲ့ ချစ်ကြည်နူးနေတဲ့ဓာတ်ပုံတွေကို တင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဖရန်ကို သေဆုံးပြီး (၁) နှစ်ခွဲနီးနီး ကြာမြင့်နေပြီဖြစ်တာတောင် ဂျနီကာဟာ ဖရန်ကို လွမ်းဆွတ်နေဆဲဖြစ်ပြီး သူတို့နှစ်ဦး အမှတ်တရဓာတ်ပုံလေးတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ဖရန်ကိုရဲ့ မွေးနေ့မှာတော့ ချစ်ရသူရဲ့ မွေးနေ့ရောက်ခဲ့ပေမယ့် သူမနဲ့အတူ မရှိနိုင်တော့တဲ့ ချစ်သူကို တမ်းတရင်း ဂျန်ီကာက ‘အမှတ်တရတွေ ပျော်ရွှင်မှုတွေနဲ့ မျက်ရည်တွေပါ ပြည့်နှက်နေပါတယ်….’ လို့ စာရေးသားခဲ့ပါတယ်။

ဖရန်ကိုရဲ့ အဝတ်အစားတွေကို ဝတ်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။

သူတို့နှစ်ဦး အရင်အချိန်တုန်းက ပျော်ရွှင်ခဲ့ဖူးတဲ့ အခိုက်အတန့်လေးတွေပါ။ဖရန်ကို မသေခင် နောက်ဆုံးအကြိမ် ကဖြစ်ခဲ့တာလေးပါ။

share from : burmese.asia

LEAVE A REPLY