Zawgyi ျဖင့္ဖတ္ရန္

ဂ်ပန္ႏိုင္ငံ တြင္ အသက္ ၂၄ ႏွစ္အ႐ြယ္ မာ႐ူယာမာအမည္ရွိမိန္းကေလးသည္ တစ္ေန႔စာမွတ္ဉာဏ္ထက္ေက်ာ္၍ မွတ္သားႏိုင္စြမ္းမရွိသည့္အတြက္ လီဟြာယူ အမည္ရွိခ်စ္သူအမ်ိဳးသားက ေန႔စဥ္ခ်စ္ခြင့္ပန္ရေလ့ရွိသည္ဟု သိရသည္။ ၎တို႔ ႏွစ္ဦး၏ျဖစ္ရပ္ကို ဂ်ပန္႐ုပ္သံတီဗီမွထုတ္လႊင့္ခဲ့ၿပီး လူထုၾကားတြင္ နာမည္ေက်ာ္ လ်က္ရွိေနသည္။

ေစ့စပ္ထားေသာ၎တို႔၏ခ်စ္သူသက္တမ္းမွာ ႏွစ္ႏွစ္ခြဲျဖစ္ၿပီး လက္ ထပ္ရန္ပင္စီစဥ္ခဲ့ၾကသည့္တိုင္ေအာင္ လြန္ခဲ့သည့္ကိုးလခန႔္က စက္ဘီးစီးေနသည့္ မာ႐ူယာမာမွာ ကားတိုက္ခံခဲ့ရၿပီးေနာက္ မိဘမ်ားႏွင့္ခ်စ္သူကိုပါ မမွတ္မိႏိုင္ေတာ့ဘဲ ျဖစ္ခဲ့ရသည္။

မာ႐ူယာမာ၏ေရာဂါအေျခအေနမွာ ျဖည္းျဖည္းခ်င္းသက္သာလာခဲ့ ေသာ္လည္း မွတ္ဉာဏ္အေျခအေနမွာ ေန႔စဥ္ျပန္လည္ေမ့ေပ်ာက္သြားတတ္ေလ့ရွိ သည္။ သို႔ေသာ္ လီဟြာယူက လက္ထပ္မည့္ကိစၥကို လက္မေလွ်ာ့ဘဲ ၎တို႔ႏွစ္ဦး၏အေၾကာင္းမ်ားကို ေန႔စဥ္ျပန္လည္ေျပာျပကာ ေန႔စဥ္ခ်စ္ခြင့္ပန္ေလ့ရွိသည္။

 

ဆရာ ဝန္၏အႀကံေပးခ်က္ျဖင့္ အခ်က္အလက္အားလုံးကို ေရးသားထားကာ ေန႔စဥ္ျပန္ ဖတ္သည့္အခါမွသာ မိသားစုအားလုံးကို ေန႔စဥ္ျပန္မိတ္ဆက္စရာမလိုေတာ့ျခင္းျဖစ္ သည္။ တစ္ရက္တြင္ ခ်စ္သူ၏ႀကိဳးပမ္းမႈမ်ားကို ဖတ္ၿပီးေနာက္ မာ႐ူယာမာက လီဟြာ ယူကို လက္ထပ္ခြင့္ေတာင္းခဲ့ၿပီး လီဟြာယူကလည္း ဝမ္းေျမာက္ဝမ္းသာပင္ လက္ခံခဲ့ သည္ဟု သိရသည္။

Credit_ေအးယုႏိုင္

Unicode ဖြင့်ဖတ်ရန်

နေ့စဉ် မှတ်ဉာဏ် အားလုံး မေ့ပျောက်သွားလေ့ရှိသည့် ချစ်သူ မိန်းကလေးကို နေ့ တိုင်းချစ်ခွင့်ပန်နေရတဲ့ အမျိုးသား

ဂျပန်နိုင်ငံ တွင် အသက် ၂၄ နှစ်အရွယ် မာရူယာမာအမည်ရှိမိန်းကလေးသည် တစ်နေ့စာမှတ်ဉာဏ်ထက်ကျော်၍ မှတ်သားနိုင်စွမ်းမရှိသည့်အတွက် လီဟွာယူ အမည်ရှိချစ်သူအမျိုးသားက နေ့စဉ်ချစ်ခွင့်ပန်ရလေ့ရှိသည်ဟု သိရသည်။ ၎င်းတို့ နှစ်ဦး၏ဖြစ်ရပ်ကို ဂျပန်ရုပ်သံတီဗီမှထုတ်လွှင့်ခဲ့ပြီး လူထုကြားတွင် နာမည်ကျော် လျက်ရှိနေသည်။

စေ့စပ်ထားသော၎င်းတို့၏ချစ်သူသက်တမ်းမှာ နှစ်နှစ်ခွဲဖြစ်ပြီး လက် ထပ်ရန်ပင်စီစဉ်ခဲ့ကြသည့်တိုင်အောင် လွန်ခဲ့သည့်ကိုးလခန့်က စက်ဘီးစီးနေသည့် မာရူယာမာမှာ ကားတိုက်ခံခဲ့ရပြီးနောက် မိဘများနှင့်ချစ်သူကိုပါ မမှတ်မိနိုင်တော့ဘဲ ဖြစ်ခဲ့ရသည်။

မာရူယာမာ၏ရောဂါအခြေအနေမှာ ဖြည်းဖြည်းချင်းသက်သာလာခဲ့ သော်လည်း မှတ်ဉာဏ်အခြေအနေမှာ နေ့စဉ်ပြန်လည်မေ့ပျောက်သွားတတ်လေ့ရှိ သည်။ သို့သော် လီဟွာယူက လက်ထပ်မည့်ကိစ္စကို လက်မလျှော့ဘဲ ၎င်းတို့နှစ်ဦး၏အကြောင်းများကို နေ့စဉ်ပြန်လည်ပြောပြကာ နေ့စဉ်ချစ်ခွင့်ပန်လေ့ရှိသည်။

ဆရာ ဝန်၏အကြံပေးချက်ဖြင့် အချက်အလက်အားလုံးကို ရေးသားထားကာ နေ့စဉ်ပြန် ဖတ်သည့်အခါမှသာ မိသားစုအားလုံးကို နေ့စဉ်ပြန်မိတ်ဆက်စရာမလိုတော့ခြင်းဖြစ် သည်။ တစ်ရက်တွင် ချစ်သူ၏ကြိုးပမ်းမှုများကို ဖတ်ပြီးနောက် မာရူယာမာက လီဟွာ ယူကို လက်ထပ်ခွင့်တောင်းခဲ့ပြီး လီဟွာယူကလည်း ဝမ်းမြောက်ဝမ်းသာပင် လက်ခံခဲ့ သည်ဟု သိရသည်။

Credit_အေးယုနိုင်