Zawgyi ဖြင့်ဖတ်ရန်







Unicode ဖြင့်ဖတ်ရန်

Line Walker 2 မှာ Hit Man ကြီးအဖြစ် သရုပ်ဆောင် ဖို့ ရိုက်ကွင်းသွားနေပြီဆိုတဲ့ မင်းရာဇာ

ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ကမ္ဘာကျော် ရုပ်ရှင် ဇာတ်ကားကြီး Line Walker ll ရုပ်ရှင်ဇာတ်ကားကြီးကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးနေတာဖြစ်ပြီး မြန်မာသရုပ်ဆောင်သုံးယောက်ဖြစ်တဲ့ အောင်မြငိ့မြတ်၊ လင်းအောင်ခေတ် နဲ့ Hugo တို့ကလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ကမ္ဘာကျော်ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေရဲ့အနုပညာတွေကိုတော့ မြန်မာနိုင်ငံက အနုပညာရှင်တွေကလည်း သွားရောက်လေ့လာပြီး ကြည့်ရှုခဲ့ကြတာ တွေ့ရပါတယ်။

မြန်မာမင်းသားချောကြီး မင်းရာဇာက Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ မင်းရာဇာက Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

မင်းရာဇာက Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ ကြေးစားသေနတ်သမား တစ်ယောက်အနေနဲ့ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ မင်းရာဇာက သူပါဝင်တဲ့ အခန်းတွေကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့အတွက် ရှုတင်ကို သွားနေပြီဆိုတဲ့ မင်းရာဇာ

အခုလို နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာမင်းသားတွေ အနေနဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတာ ဝမ်းသာစရာပဲနော်။ မြန်မာမင်းသားတွေကလဲ သူတို့ရဲ့အရည်အချင်းတွေကို အစွမ်းကုန်ထုတ်ပြနေတာမို့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုဖို့ စောင့်နိုင်ကြမယ် မထင်ပါဘူး။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

share from : burmese.asia