Zawgyi ဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်

ချစ်သူ ကို အလင်းပြလိုက်ပြီဖြစ်တဲ့ နိုင်းနိုင်းရဲ့ညီမလေး ဖူးဖူး

တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ရှိလွန်းကြတဲ့ နိုင်းနိုင်းနဲ့ ဖူးဖူးတို့ မောင်နှမနှစ်ဦးကတော့ သရုပ်ဆောင် ပိုင်းမှာလည်း ထူးချွန်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ ဖူးဖူးကတော့ အနုပညာအလုပ်တွေ မလုပ်ဖြစ်တာ ကြာနေပေမယ့်လည်း ပရိသတ် တွေရဲ့ရင်ထဲမှာ အမြဲရှိနေမယ့်သူလေးတစ်ဦးပါ။ လတ်တလောမှာတော့ ဖူးဖူးက ချစ်ရတဲ့ ချစ်သူကို အလင်းပြလိုက်ပြီဖြစ်တာကြောင့် ပရိသတ်တွေက အံ့သြနေကြတာပါ။ ဖူးဖူးတို့ရဲ့အချစ်ရေးကိုတော့ ပရိသတ်တွေသာမက အနုပညာရှင်တွေကလည်း ဂုဏ်ပြုစကားဆိုခဲ့ကြတာ တွေ့ရပါတယ်။

ဖူးဖူးကတော့ ” ဗေဒင်ကိန်းဂဏန်းတွေမပါတဲ့ပြတ်သားမှုတစ်ခု#P&P” ဆိုပြီး ကြည်နူးစရာကောင်းတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေး ဖူးဖူးကတော့ ချစ်သူကောင်လေးကို ပရိသတ်တွေကို ချပြလိုက်ပြီမို့ မင်္ဂလာသတင်းနီးနေပြီလားလို့ ပရိသတ်တစ်ချို့က ထင်ကြေးပေးနေကြပါသေးတယ်။

ရယ်လိုက်ရင် အရမ်းကိုချစ်စရာကောင်းတဲ့ ကောင်မလေး ဖူးဖူးကတော့ သူ့အတွက် အရမ်းကိုပြီးပြည့်စုံတဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီမို့ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ဦး ဖြစ်လို့နေတာပါ။ လွန်ခဲ့တဲ့ နှစ်တွေက ပရိသတ်တွေကို အနုပညာနဲ့ အကောင်းဆုံးဖျော်ဖြေခဲ့တဲ့ ဖူးဖူးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ ချစ်ပရိသတ်တွေလည်း အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားပြီဖြစ်တဲ့ ဖူးဖူးတစ်ယောက် ချစ်ရသူနဲ့ အမြန်ဆုံးရွှေလက်တွဲနိုင်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

share from : burmese.asia