Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ချစ်သူများနေ့ မှာဖြစ်တဲ့ အလွဲတွေကို ပြောပြသူတွေကို လက်ဆောင်ပေးမယ့် နေခြည်ဦး
ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင် ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလဲ နှစ်သက်အားပေးကြပါတယ်။ နေခြည်ဦးက အခုဆိုရင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးလေးတစ်ဦး ဖြစ်လို့နေပါပြီ။
Beauty Blogger မလေး နေခြည်ဦးက ချစ်သူများနေ့ အမှတ်တရ အနေနဲ့ သူမရဲ့ ပရိသတ်တွေကို ထူးထူးခြားခြား အစီအစဉ်လေး တစ်ခုကို ပြုလုပ်ပေးထားပါတယ်။ အဲ့ဒါကတော့ ကိုယ့်ဘဝရဲ့ ချစ်သူများနေ့ အလွဲလေးတွေပြောပြရမှာဖြစ်ပါတယ်။
နေခြည်ဦးက သူမရဲ့ ဖေ့စ်ဘုတ်ပေ့ချ်လေးမှာ “Valentine’s Day လေးမှာ Chillies တွေ အတွက် Valentine Giveaway အစီအစဉ်လေး နေခြည်စီစဉ်ပေးထားတယ်နော်။ February လရောက်လာပြီ ဆိုတာနဲ့ အထူးသဖြင့်နေခြည့်တို့လို လူငယ်တွေကြားရေပန်းစားတဲ့ ဒီချစ်သူများနေ့မှာ အမှတ်တရအနေနဲ့ ပျော်စရာလေးလည်း ဖြစ်အောင်စီစဉ်ထားတဲ့ giveaway campaign လေးဆိုတော့…..ကိုယ့်မှာ share စရာ ချစ်သူများနေ့ အလွဲလေးရှိလို့ပဲဖြစ်ဖြစ် Single လေးတွေပဲဖြစ်ဖြစ် ကောင်မလေးတွေကို လက်ဆောင်ပေးချင်တဲ့ ကောင်လေးတွေပဲ ဖြစ်ဖြစ် အားလုံးအားလုံး ဝင်ကံစမ်းသွားလို့ရတယ်နော်။ဒီ Giveaway လေးအစီအစဉ်လေးမှာ ပါဝင်ဖို့အတွက် အရမ်းကိုရိုးရှင်းပါတယ်။ ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ Valentine’s Day လေးတစ်ခုရဲ့ အမှတ်မထင် တလွဲဖြစ်ခဲ့ဖူးတဲ့ ဟာသ အလွဲလေး တစ်ခုခုကို post အောက်မှာ Comment ဝင်ရေးရပါမယ်။” ဆိုပြီး ရေးသားထားပါတယ်။
သူမရဲ့ ပိုစ့်အောက်မှာမှ Like အများဆုံးရတဲ့ ကောမန့်ပိုင်ရှင်ကို Beauty Diary မှာ ဈေးဝယ်ဖို့ ၃၀၀၀၀ ကျပ်တန် ကူပွန် သုံးစောင် ပြန်ပေးသွားမှာဖြစ်ပါတယ်။
နေခြည်ရဲ့ အစီအစဉ်လေးကတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ပျော်စရာကောင်းမှာ အသေအချာပါပဲ။ သူများတွေကတော့ နေခြည်ရဲ့ ပိုစ့်အောက်မှာ သူတို့ရဲ့ ဗယ်လင်တိုင်းဒေးအလွဲတွေကို ပြောပြနေကြပြီနော်။ ပရိသတ်တွေလဲ အမြန်လေးသွားပြီး ကိုယ့်ရဲ့အလွဲတွေကို ပြောပြရင်း ဆုလက်ဆောင်လေးတွေ ယူလိုက်ကြဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
share from : burmese.asia
LEAVE A REPLY