Zawgyi ျဖင့္ဖတ္ရန္

 

မၾကာေသးမီက ထြက္ေပၚလာတဲ့ Nikki Bella နဲ႔ WWE Champion John Cena တို႔ရဲ႕လမ္းခြဲသတင္းဟာ တစ္ကမၻာလံုးက ပရိသတ္ေတြကုိ အံ့ၾသသြားေစခဲ့ျပီး စိတ္မေကာင္းၾကီးစြာျဖစ္ေစခဲ့ပါတယ္။ သူတို႔နွစ္ဦးဟာ လြန္ခဲ့တဲ့ ေျခာက္နွစ္ေက်ာ္ကေနအခုအခ်ိန္အထိ ပရိသတ္ေတြအားက်ရတဲ့ စံျပစံုတြဲေလးျဖစ္ခဲ့ျပီး John Cena ၾကီးကလည္း လူေကာင္ၾကီးသေလာက္သူ႔ခ်စ္သူကုိနုနုရြရြနဲ႔ခ်စ္တတ္တာေၾကာင့္ သူတို႔နွစ္ေယာက္ကုိအျမန္ဆံုးလက္ထပ္ေစခ်င္တဲ့ပရိသတ္ေတြကလည္းအမ်ားအျပားရွိေနတာပါ။

John နဲ႔ Nikki တို႔ဟာ လြန္ခဲ့တဲ့ တစ္နွစ္ေက်ာ္ေလာက္က ေစ့စပ္ခဲ့ၾကျပီးမၾကာခင္လက္ထပ္ၾကဖို႔ျပင္ဆင္ေနခဲ့ၾကတာပါ။ ဒါေပမယ့္ မၾကာေသးမီက Nikki ဘက္ကပဲ ေစ့စပ္ေၾကာင္းလမ္းျခင္းကိုဖ်က္သိမ္းခဲ့ပါတယ္။ သူတုိ႔နွစ္ေယာက္စလံုးကတစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈရွိျပီး အလြန္လည္းခ်စ္ျမတ္နိုးၾကတာေၾကာင့္ ရုတ္တရက္ၾကီး ေစ့စပ္မႈကိုဖ်က္သိမ္းတဲ့သတင္းဟာ ပရိသတ္ေတြကုိ အငိုက္မိသြားေစခဲ့ပါတယ္။ ဒါ့အျပင္ သို႔ေလာသုိ႔ေလာနဲ႔ ပရိသတ္ေတြၾကား ဝိဝါဒကြဲျပားေစခဲ့ပါတယ္။

Nikki က သူတို႔နွစ္ေယာက္ရဲ႕လမ္းခြဲျခင္းအေၾကာင္းကို ရွင္းျပခဲ့ပါတယ္။ လမ္းခြဲရတာကေတာ့ John က အရူးအမူး ကေလးလိုခ်င္ေနျပီး Nikki အေနနဲ႔ ဒီနွစ္အပုိင္းအျခားေတြမွာ ကေလးယူဖို႔စိတ္ကူးမရွိေသးတာေၾကာင့္ပါတဲ့။ Nikki က ကေလးယူဖို႔ကုိေနာက္ဆယ္နွစ္ေလာက္ၾကာမွစဥ္းစားမယ့္ပံုပဲလို႔ John ကအင္တာဗ်ဴးတစ္ခုမွာေျပာၾကားခဲ့ျပီး Nikki ကလည္း တကယ္ကုိပဲ ေနာက္ ဆယ္နွစ္ေက်ာ္ေလာက္မွ ကေလးယူခ်င္တာပါတဲ့။ အသက္ ေလးဆယ္ေက်ာ္မွကေလးေမြးခ်င္တာလို႔ Nikki ကဆိုပါတယ္။

ကေလးယူေရးမယူေရး ညွိမရတဲ့ ကိစၥဟာ တျဖည္းျဖည္းနဲ႔ၾကီးထြားလာျပီးေနာက္မွာေတာ့ John နဲ႔ သာ အခုေနလက္ထပ္ခဲ့မယ္ဆိုရင္ မျဖစ္မေနကေလးေမြးရေတာ့မွာပဲလို႔ Nikki က နားလည္သေဘာေပါက္သြားခဲ့ပါတယ္။ သူမအေနနဲ႔ဒီလိုကိစၥမ်ိဳးအျဖစ္မခံနုိင္တာေၾကာင့္သူမ က္ကေနပဲ ေစ့စပ္ေၾကာင္းလမ္းကုိဖ်က္သိမ္းလိုက္တာပါ။ သူမက John ကုိ ခ်စ္ပါတယ္။ ဒါေပမယ့္ ဒီနည္းလမ္းကသာ နွစ္ဦးနွစ္ဖက္အဆင္အေျပဆံုုးလို႔ယူဆပါတယ္။ ဒါေပမယ့္လည္း John နဲ႔အတူရွိခဲ့တဲ့ ေျခာက္နွစ္တာကာလဟာ သာယာၾကည္နူးဖြယ္ျဖစ္ခဲ့တယ္လို႔ Nikki က ဆိုပါတယ္။ ေနာက္ျပီး ေစ့စပ္ဖ်က္သိမ္းတဲ့သတင္းကုိ မယံုနိုင္ေအာင္ျဖစ္ေနၾကသူေတြကုိလည္း Nikki က သူမအေနနဲ႔ ဘယ္ေသာအခါမွ ဟန္ေဆာင္လမ္းခြဲတာမ်ိဳးလုပ္မွာမဟုတ္ေၾကာင္း၊အဲဒီလိုမယံုသကၤာျဖစ္ခံရတာ ရင္ထဲမွာနာက်င္ရေၾကာင္း ေျပာၾကားခဲ့ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ကလေးမလိုချင်သေးလို့ John Cena နဲ့ လမ်းခွဲ လိုက်တာဆိုတဲ့ Nikki Bella

မကြာသေးမီက ထွက်ပေါ်လာတဲ့ Nikki Bella နဲ့ WWE Champion John Cena တို့ရဲ့လမ်းခွဲသတင်းဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို အံ့သြသွားစေခဲ့ပြီး စိတ်မကောင်းကြီးစွာဖြစ်စေခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ကနေအခုအချိန်အထိ ပရိသတ်တွေအားကျရတဲ့ စံပြစုံတွဲလေးဖြစ်ခဲ့ပြီး John Cena ကြီးကလည်း လူကောင်ကြီးသလောက်သူ့ချစ်သူကိုနုနုရွရွနဲ့ချစ်တတ်တာကြောင့် သူတို့နှစ်ယောက်ကိုအမြန်ဆုံးလက်ထပ်စေချင်တဲ့ပရိသတ်တွေကလည်းအများအပြားရှိနေတာပါ။

John နဲ့ Nikki တို့ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က စေ့စပ်ခဲ့ကြပြီးမကြာခင်လက်ထပ်ကြဖို့ပြင်ဆင်နေခဲ့ကြတာပါ။ ဒါပေမယ့် မကြာသေးမီက Nikki ဘက်ကပဲ စေ့စပ်ကြောင်းလမ်းခြင်းကိုဖျက်သိမ်းခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးကတစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိပြီး အလွန်လည်းချစ်မြတ်နိုးကြတာကြောင့် ရုတ်တရက်ကြီး စေ့စပ်မှုကိုဖျက်သိမ်းတဲ့သတင်းဟာ ပရိသတ်တွေကို အငိုက်မိသွားစေခဲ့ပါတယ်။ ဒါ့အပြင် သို့လောသို့လောနဲ့ ပရိသတ်တွေကြား ဝိဝါဒကွဲပြားစေခဲ့ပါတယ်။

Nikki က သူတို့နှစ်ယောက်ရဲ့လမ်းခွဲခြင်းအကြောင်းကို ရှင်းပြခဲ့ပါတယ်။ လမ်းခွဲရတာကတော့ John က အရူးအမူး ကလေးလိုချင်နေပြီး Nikki အနေနဲ့ ဒီနှစ်အပိုင်းအခြားတွေမှာ ကလေးယူဖို့စိတ်ကူးမရှိသေးတာကြောင့်ပါတဲ့။ Nikki က ကလေးယူဖို့ကိုနောက်ဆယ်နှစ်လောက်ကြာမှစဉ်းစားမယ့်ပုံပဲလို့ John ကအင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပြီး Nikki ကလည်း တကယ်ကိုပဲ နောက် ဆယ်နှစ်ကျော်လောက်မှ ကလေးယူချင်တာပါတဲ့။ အသက် လေးဆယ်ကျော်မှကလေးမွေးချင်တာလို့ Nikki ကဆိုပါတယ်။

ကလေးယူရေးမယူရေး ညှိမရတဲ့ ကိစ္စဟာ တဖြည်းဖြည်းနဲ့ကြီးထွားလာပြီးနောက်မှာတော့ John နဲ့ သာ အခုနေလက်ထပ်ခဲ့မယ်ဆိုရင် မဖြစ်မနေကလေးမွေးရတော့မှာပဲလို့ Nikki က နားလည်သဘောပေါက်သွားခဲ့ပါတယ်။ သူမအနေနဲ့ဒီလိုကိစ္စမျိုးအဖြစ်မခံနိုင်တာကြောင့်သူမ က်ကနေပဲ စေ့စပ်ကြောင်းလမ်းကိုဖျက်သိမ်းလိုက်တာပါ။ သူမက John ကို ချစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကသာ နှစ်ဦးနှစ်ဖက်အဆင်အပြေဆုံးလို့ယူဆပါတယ်။ ဒါပေမယ့်လည်း John နဲ့အတူရှိခဲ့တဲ့ ခြောက်နှစ်တာကာလဟာ သာယာကြည်နူးဖွယ်ဖြစ်ခဲ့တယ်လို့ Nikki က ဆိုပါတယ်။ နောက်ပြီး စေ့စပ်ဖျက်သိမ်းတဲ့သတင်းကို မယုံနိုင်အောင်ဖြစ်နေကြသူတွေကိုလည်း Nikki က သူမအနေနဲ့ ဘယ်သောအခါမှ ဟန်ဆောင်လမ်းခွဲတာမျိုးလုပ်မှာမဟုတ်ကြောင်း၊အဲဒီလိုမယုံသင်္ကာဖြစ်ခံရတာ ရင်ထဲမှာနာကျင်ရကြောင်း ပြောကြားခဲ့ပါတယ်။

share from : burmese.asia

LEAVE A REPLY