Zawgyi ဖြင့်ဖတ်ရန်




Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဟင်းချက်ကောင်းသူတွေအတွက် ပိုပို လမ်းဖွင့်ပေးလိုက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခု

ပရိသတ်ကြီးရေ အဆိုတော် မလေး ပိုပိုကတော့ “ချစ်ဖူးခဲ့သမျှ” သီချင်းအခွေလေးနဲ့ အားလုံးရင်ထဲမှာ နေရာယူခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးတစ်ကိုယ်တော် အယ်ဘမ် လေးနဲ့တင် အောင်မြင်ရခဲ့တဲ့ ပိုပို က အခုဆိုရင် ရှိုးပွဲပေါင်းများစွာ သီဆိုနေရသလို တေးအမ်ဘမ်အသစ်တွေ ထွက်ရှိထားပါတယ်။ သီချင်းခွေတွေလည်းထွက်ရှိထားပြီး ပရိသတ်အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားတဲ့ ချစ်စရာ အပျိုကြီး အဆိုတော်မမတစ်ယောက်လည်းဖြစ်ပါတယ်။

ပရိသတ် တွေ ထဲမှာ ချက်ကြမယ်ဟေ့ ကောင်းကောင်း ဆိုသူတွေ ရှိကြပါသလား ပိုပို ကတော့ “ဟင်းကောင်းကောင်း ချက်တတ်သူ၊ မြန်မာထမင်းဟင်း ကောင်းကောင်းချက်တတ်သူ ရှိရင် အလုပ်ခန့်ချင်ပါတယ် ( ချက်ပြီး ပြန်ရုံပဲ) “ဆိုပြီး လက်စွဲတော်စားဖိုမှူး ရှာပုံတော်ဖွင့်နေတယ်လို့သိရပါတယ်။

ပိုပို က သူ့ရဲ့ ဖြစ်အင်ကို လူမှုကွန်ရက် ကနေ ပြောပြလာတာကတော့ “အချိုအချဉ် ငံစပ် အစပ်အဟက် အတို့အမြှုပ်လေး ချက်တတ် ပြင်ဆင်တတ်ရင် သိပ်ကောင်းမှာပဲ၊တစ်နေ့မှာ တစ်နပ်ပဲ စားတတ်တဲ့ ကိုယ့်အတွက် နေ့ခင်းစာကောင်းကောင်း မစားရရင် ငိုချင်တယ် ပီးတော့ ချေးများတတ်တော့ အပြင်စာလဲ မစားချင်ဘူး၊ပိုက်ဆံတွေသာရှာနေတာ ဟင်းတစ်ခွက် ကောင်းကောင်း စားရတဲ့ နေ့ ခပ်ရှားရှားပဲ ကြေကွဲတယ်။” ဆိုပြီးရင်ဖွင့်ထားပါတယ်။ ပရိသတ်ကြီးထဲက စိတ်ဝင်စားသူတွေရှိရင်လက်တို့ လိုက်ကြပါဦးနော်။

Credit : popolay

LEAVE A REPLY