Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အပြောဆိုခံဖို့ဒီအလုပ်လုပ်နေတာမဟုတ်ဘူးဆိုတဲ့ Rဇာနည်
တကိုယ်ခွေတွေလည်းထွက်ရှိထားပြီး တစ်ခေတ်တခါက အမှတ်တရShowပွဲတွေမှာ သူမပါရင် ပွဲမစည်သလောက်ကိုဖြစ်ခဲ့ရတဲ့ အဆိုတော် Rဇာနည်နဲ့Myanmar Celebrity အင်တာဗျူးမှာ Rဇာနည်ပြောသွားခဲ့တဲ့ အကြောင်းအရာတချို့ကစိတ်ဝင်စားဖွယ်ကောင်းပါတယ်။ အဲ့ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုပရိသတ်ကြီး သိအောင်ပြန်လည်ပြောပြပေးလိုက်ပါတယ်နော်။
Copy သီချင်းကိစ္စနဲ့ပတ်သတ်ပြီးအနုပညာရှင်တွေအပေါ်ဝေဖန်မှုတွေအပေါ်ဘယ်လိုမြင်သလဲဆိုတဲ့မေးခွန်းကို “တကယ်တမ်းကျတော့ Facebook တွေပေါ်လာမှ လူတွေက စကားတွေကို လက်လွတ်စပယ်တွေ ၊ ယုတ်ညံ့တာတွေပြောလာကြတယ်။ အစ်ကိုစပြီးအနုပညာထဲ ခြေလှမ်းခါစတုန်းကာလတုန်းကဆိုရင် အနုပညာရှင်တွေကို ဒီလိုပြောဖို့နေနေသာသာ ဂျာနယ်ပေါ်လောက်ကနေပဲမြင်ဖူးကြတာလေ။ မတရားသဖြင့်အပြောဆိုခံဖို့မွေးဖွားလာတဲ့အနုပညာရှင်ဆိုတာတစ်ယောက်မှမရှိပါဘူး။
အနုပညာသမားတွေအားလုံးဝါးလုံးနဲ့သိမ်းကြုံးရိုက်တဲ့ပုံစံမျိုး လက်ကမြင်းကြောထပြီးမန့်တဲ့လူမျိုးကိုပြောတာပါ။ နိုင်ငံတကာ မှာလည်းပြန်ဆိုတေးဆိုတာရှိနေပါသေးတယ်အရင်ခေတ်ကသီချင်းတွေကိုဒီဘက်ခေတ်လူငယ်တွေက ဗားရှင်းလေးတွေပြောင်းပြီးဆိုကြတာမျိုးလဲရှိတယ်။ တစ်နိုင်ငံကသီချင်းတွေကို တစ်နိုင်ငံကယူဆိုနေကြတာမျိုးလဲရှိပါတယ်။လို့ပြောကြားသွားတယ်။
မျိုးဆက်သစ်အနုပညာရှင်တွေကိုလည်း “တစ်ခုခုကိုကြောက်ပြီး တွန့်ဆုတ်ဆုတ်ဖြစ်နေစရာမလိုပါဘူး ။ ဒီဘက်လူငယ်တွေကခေတ်ရေစီးကြောင်းအရသူတို့ခေတ်အရှိန်အရ ဒီလောကထဲကိုဝင်လာတာဆိုတော့ အဲ့ဒီအရှိန်နဲ့ပဲ ဘယ်သူကိုမှထိခိုက်မှုမရှိစေပဲဆက်လုပ်ကြပါလို့ပြောချင်ပါတယ်”ဆိုပြီးပြောခဲ့ကြပါတယ်။
share from : burmese.asia
LEAVE A REPLY