Zawgyi ျဖင့္ဖတ္ရန္

ခ်စ္ျခင္းေမတၱ ာကို ျပသတဲ့ေနရာမွာ ေယာက်္ားႏွင့္ မိန္းမ မတူပါဘူး။ ဘာလို႔လဲဆိုေတာ့ေတြးေခၚပုံခ်င္းကြာလို႔ပါ။ အမ်ိဳးသားတစ္ေယာက္က အမ်ိဳးသမီး တစ္ေယာက္ကို ခ်စ္ေၾကာင္းျပသတဲ့ အမူအရာေတြရွိပါတယ္။ ဘာေတြလဲၾကည့္ရေအာင္..။

၁။ သင္ေျပာတာကို ဂ႐ုတစိုက္နားေထာင္ေပးတယ္
မ်ားေသာအားျဖင့္ အမ်ိဳးသမီးေတြက အမ်ိဳးသား ေတြထက္ နားေထာင္စြမ္းရည္ပိုသာပါတယ္။ အရိုးသားဆုံးေျပာရရင္ တခ်ိဳ႕အမ်ိဳးသားေတြက နားေထာင္စြမ္းရည္ေတာ္ေတာ္ညံံ့တယ္ဗ်။
အမ်ိဳးသားေတြကသူတို႔စိတ္ဝင္စားတဲ့အေၾကာင္းအရာကိုသာဂ႐ုတစိုက္နားေထာင္ၾကတာပါ။ ဒါေၾကာင့္ အမ်ိဳးသားတစ္ေယာက္က သင္ေျပာတာကိုနားေထာင္ေပးၿပီး စိတ္ဝင္တစားရွိတဲ့အျပင္ ေလးေလးနက္နက္ျပန္ေျပာတယ္ဆိုရင္ သင္ဟာ သူခ်စ္ရတဲ့သူလို႔သာ သေဘာေပါက္လိုက္ပါ။

၂။ စြန႔္လႊတ္အနစ္နာခံဖို႔ဝန္မေလးဘူး
ခ်စ္ရသူေတြအတြက္ ကိုယ္က်ိဳးစြန႔္ရမယ္ဆိုတာခက္ခဲတဲ့ အလုပ္ေတာ့မဟုတ္ပါဘူး။ တကယ္တမ္းက်ေတာ့ သူခ်စ္ရတဲ့ မိန္းကေလးတစ္ေယာက္ မေပ်ာ္မရႊင္ျဖစ္ေနရင္ ေနမထိထိုင္မသာျဖစ္ရတာက အမ်ိဳးသားေတြပါ။ မင္းရဲ့ေပ်ာ္ရႊင္မွုအတြက္ စြန႔္လႊတ္အနစ္နာခံေပးခဲ့တယ္ ဆိုတာက မင္းအတြက္ သူ႔ရဲ့အခ်စ္ကိုျပသတာပါ။

၃။ သူ႔ရဲ့ အားနည္းခ်က္ ကိုျပသတယ္
အမ်ိဳးသားေတြက သူတို႔ရဲ့အားနည္းခ်က္ကို အျခားတစ္ေယာက္ကရိပ္မိမွာ အရမ္းစိုးပါတယ္။ဒါေပမယ့္ ခ်စ္မိသြားတဲ့အခါက်ေတာ့ဒီအခ်က္ကို ဂ႐ုမစိုက္ေတာ့ပါဘူး။ ခ်စ္ရတဲ့သူကကိုယ့္ရဲ့ အားနည္ခ်က္ကိုသိထားေစခ်င္တာက အမ်ိဳးသားေတြ ခ်စ္သူအေပၚထားတဲ့ စိတ္ဆႏၵပါ။

၄။ သင့္ၾကည့္ရဆိုးေနတဲ့ေန႔ေတြမွာေတာင္ သင့္ကိုခ်စ္ပါတယ္
မိန္းကေလးဆိုတာ အျမဲလွေအာင္ႀကိဳးစားရတယ္ေလ။ လွၿပီးၾကည့္ေကာင္းေနရင္ ဖူးစာရွင္နဲ႔ဆုံနိုင္မယ္ဆိုတာကသူတို႔ရဲ့ အိပ္မက္ပါ။ဒါေပမယ့္ အမ်ိဳးသားေတြက်ေတာ့ တကယ္ခ်စ္တဲ့အခါ သူတို႔ခ်စ္သူက ညဝတ္အကၤ်ီ ႏွင့္ပဲထြက္လာလာ ၊ အေရာင္စြန္းတဲ့ အကၤ်ီပဲဝတ္လာလာအေရးကိုမစိုက္ေတာ့တာပါ။ဘယ္လိုအေျခအေနပဲရွိရွိ ခ်စ္သူကအျမဲလွေနတယ္လို႔ထင္တာက ကၽြန္ေတာ္တို႔အမ်ိဳးသားေတြပါ။

၅။ သင့္ကိုခ်စ္သူေတာ္ရတာကို ဂုဏ္ယူေနမယ္
ခ်စ္ေနတဲ့အခါ သူခ်စ္တဲ့မိန္းကေလးအေၾကာင္း ဂုဏ္ယူဝင့္ႂကြားစြာေျပာရဲတဲ့သူက တကယ့္ ေယာက္်ားေကာင္းပါ။ သင္ကမိခင္ေကာင္းပဲျဖစ္ျဖစ္၊ လုပ္ငန္းခြင္ထဲက အေတာ္ဆုံးဝန္ထမ္းေကာင္းပဲျဖစ္ျဖစ္ သင့္ရဲ့ႀကိဳးစားမွုကို အျမဲ အသိအမွတ္ျပဳေပးမယ့္သူက သင့္ကိုခ်စ္တဲ့ အမ်ိဳးသားပါ။

၆။ သင့္အတြက္ရင္ဆိုင္မယ္
တကယ္ခ်စ္လာၿပီဆိုရင္ အမ်ိဳးသားေတြက သူတို႔ခ်စ္ရသူအတြက္ အရာရာရင္ဆိုင္ဖို႔ဝန္မေလးပါဘူး။ဒါေၾကာင့္ လည္း အိမ္ေထာင္ က်တဲ့အခါ ခင္ပြန္းဝတၱရားေက်ပြန္စြာထမ္းေဆာင္ၿပီး မိသားစုကို ျဖည့္ဆည္းေပးတာပါ။

၇။ သင္ႏွင့္ အတူရင္ဆိုင္မယ္
အမ်ိဳးသားတစ္ေယာက္ကအမ်ိဳးသမီးတစ္ေယာက္ကို တကယ္စိတ္ႏွစ္ၿပီးခ်စ္တာဆိုရင္ သူခ်စ္ရတဲ့ သူကို ဘယ္ေတာ့မွ လက္လႊတ္ဆုံးရွုံးမခံပါဘူး။ သူတို႔ရဲ့အခ်စ္ႏွင့္ အရာရာကို ရင္ဆိုင္ေက်ာ္လႊားဖို႔ဝန္မေလးတတ္တာ အမ်ိဳးသားေတြပါ။

၈။ သင့္မိသားစုႏွင့္ သူငယ္ခ်င္းေတြကို တေလးတစားဆက္ဆံမယ္
သူတို႔ခ်စ္သူအတြက္ အေရးပါတဲ့ သူက သူတို႔အတြက္လည္းအေရးပါတယ္ဆိုတာက အမ်ိဳးသားေတြရဲ့ခံယူခ်က္ပါ။သူတို႔နဲ႔ ဘာမွ ေသြးမေတာ္သားမစပ္တဲ့ သူျဖစ္ပါေစ သူတို႔ခ်စ္သူ ခ်စ္ရင္ သူတို႔လည္းလိုက္ခ်စ္ေပးတာကိုက တကယ္ခ်စ္တဲ့ အမ်ိဳးသားျပဳမူမယ့္ လုပ္ရပ္ပါ။

CREDIT_May Moe(ရိုးရာေလး)

Unicode ဖြင့်ဖတ်ရန်

အချစ်စစ်နှင့်တွေ့တဲ့အခါ အမျိုးသားတွေပြသတဲ့အမူအရာ (၈) မျိုး

ချစ်ခြင်းမေတ္တ ာကို ပြသတဲ့နေရာမှာ ယောကျ်ားနှင့် မိန်းမ မတူပါဘူး။ ဘာလို့လဲဆိုတော့တွေးခေါ်ပုံချင်းကွာလို့ပါ။ အမျိုးသားတစ်ယောက်က အမျိုးသမီး တစ်ယောက်ကို ချစ်ကြောင်းပြသတဲ့ အမူအရာတွေရှိပါတယ်။ ဘာတွေလဲကြည့်ရအောင်..။

၁။ သင်ပြောတာကို ဂရုတစိုက်နားထောင်ပေးတယ်
များသောအားဖြင့် အမျိုးသမီးတွေက အမျိုးသား တွေထက် နားထောင်စွမ်းရည်ပိုသာပါတယ်။ အရိုးသားဆုံးပြောရရင် တချို့အမျိုးသားတွေက နားထောင်စွမ်းရည်တော်တော်ညံံ့တယ်ဗျ။
အမျိုးသားတွေကသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာကိုသာဂရုတစိုက်နားထောင်ကြတာပါ။ ဒါကြောင့် အမျိုးသားတစ်ယောက်က သင်ပြောတာကိုနားထောင်ပေးပြီး စိတ်ဝင်တစားရှိတဲ့အပြင် လေးလေးနက်နက်ပြန်ပြောတယ်ဆိုရင် သင်ဟာ သူချစ်ရတဲ့သူလို့သာ သဘောပေါက်လိုက်ပါ။

၂။ စွန့်လွှတ်အနစ်နာခံဖို့ဝန်မလေးဘူး
ချစ်ရသူတွေအတွက် ကိုယ်ကျိုးစွန့်ရမယ်ဆိုတာခက်ခဲတဲ့ အလုပ်တော့မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ သူချစ်ရတဲ့ မိန်းကလေးတစ်ယောက် မပျော်မရွှင်ဖြစ်နေရင် နေမထိထိုင်မသာဖြစ်ရတာက အမျိုးသားတွေပါ။ မင်းရဲ့ပျော်ရွှင်မှုအတွက် စွန့်လွှတ်အနစ်နာခံပေးခဲ့တယ် ဆိုတာက မင်းအတွက် သူ့ရဲ့အချစ်ကိုပြသတာပါ။

၃။ သူ့ရဲ့ အားနည်းချက် ကိုပြသတယ်
အမျိုးသားတွေက သူတို့ရဲ့အားနည်းချက်ကို အခြားတစ်ယောက်ကရိပ်မိမှာ အရမ်းစိုးပါတယ်။ဒါပေမယ့် ချစ်မိသွားတဲ့အခါကျတော့ဒီအချက်ကို ဂရုမစိုက်တော့ပါဘူး။ ချစ်ရတဲ့သူကကိုယ့်ရဲ့ အားနည်ချက်ကိုသိထားစေချင်တာက အမျိုးသားတွေ ချစ်သူအပေါ်ထားတဲ့ စိတ်ဆန္ဒပါ။

၄။ သင့်ကြည့်ရဆိုးနေတဲ့နေ့တွေမှာတောင် သင့်ကိုချစ်ပါတယ်
မိန်းကလေးဆိုတာ အမြဲလှအောင်ကြိုးစားရတယ်လေ။ လှပြီးကြည့်ကောင်းနေရင် ဖူးစာရှင်နဲ့ဆုံနိုင်မယ်ဆိုတာကသူတို့ရဲ့ အိပ်မက်ပါ။ဒါပေမယ့် အမျိုးသားတွေကျတော့ တကယ်ချစ်တဲ့အခါ သူတို့ချစ်သူက ညဝတ်အင်္ကျီ နှင့်ပဲထွက်လာလာ ၊ အရောင်စွန်းတဲ့ အင်္ကျီပဲဝတ်လာလာအရေးကိုမစိုက်တော့တာပါ။ဘယ်လိုအခြေအနေပဲရှိရှိ ချစ်သူကအမြဲလှနေတယ်လို့ထင်တာက ကျွန်တော်တို့အမျိုးသားတွေပါ။

၅။ သင့်ကိုချစ်သူတော်ရတာကို ဂုဏ်ယူနေမယ်
ချစ်နေတဲ့အခါ သူချစ်တဲ့မိန်းကလေးအကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောရဲတဲ့သူက တကယ့် ယောက်ျားကောင်းပါ။ သင်ကမိခင်ကောင်းပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲက အတော်ဆုံးဝန်ထမ်းကောင်းပဲဖြစ်ဖြစ် သင့်ရဲ့ကြိုးစားမှုကို အမြဲ အသိအမှတ်ပြုပေးမယ့်သူက သင့်ကိုချစ်တဲ့ အမျိုးသားပါ။

၆။ သင့်အတွက်ရင်ဆိုင်မယ်
တကယ်ချစ်လာပြီဆိုရင် အမျိုးသားတွေက သူတို့ချစ်ရသူအတွက် အရာရာရင်ဆိုင်ဖို့ဝန်မလေးပါဘူး။ဒါကြောင့် လည်း အိမ်ထောင် ကျတဲ့အခါ ခင်ပွန်းဝတ္တရားကျေပွန်စွာထမ်းဆောင်ပြီး မိသားစုကို ဖြည့်ဆည်းပေးတာပါ။

၇။ သင်နှင့် အတူရင်ဆိုင်မယ်
အမျိုးသားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကို တကယ်စိတ်နှစ်ပြီးချစ်တာဆိုရင် သူချစ်ရတဲ့ သူကို ဘယ်တော့မှ လက်လွှတ်ဆုံးရှုံးမခံပါဘူး။ သူတို့ရဲ့အချစ်နှင့် အရာရာကို ရင်ဆိုင်ကျော်လွှားဖို့ဝန်မလေးတတ်တာ အမျိုးသားတွေပါ။

၈။ သင့်မိသားစုနှင့် သူငယ်ချင်းတွေကို တလေးတစားဆက်ဆံမယ်
သူတို့ချစ်သူအတွက် အရေးပါတဲ့ သူက သူတို့အတွက်လည်းအရေးပါတယ်ဆိုတာက အမျိုးသားတွေရဲ့ခံယူချက်ပါ။သူတို့နဲ့ ဘာမှ သွေးမတော်သားမစပ်တဲ့ သူဖြစ်ပါစေ သူတို့ချစ်သူ ချစ်ရင် သူတို့လည်းလိုက်ချစ်ပေးတာကိုက တကယ်ချစ်တဲ့ အမျိုးသားပြုမူမယ့် လုပ်ရပ်ပါ။

CREDIT_May Moe(ရိုးရာလေး)