Zawgyi ျဖင့္ဖတ္ရန္

ဂ်ဴဗင္တပ္ အသင္းရဲ႕ ကမ႓ာေက်ာ္ တိုက္စစ္မွဴး ေရာ္နယ္ဒို ဟာ စီးရီးေအၿပိဳင္ပြဲမွာ အသင္းအတြက္ ဂိုးေတြတဒိုင္းဒိုင္းသြင္းၿပီး ဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ေပမယ့္ လက္ရွိအခ်ိန္အထိ ဖရီးကစ္ကေန ဂိုးမသြင္းႏိုင္ေသးဘူးလို႔ သိရပါတယ္။ ေရာ္နယ္ဒိုဟာ ယခင္ရီးရဲလ္မက္ဒရစ္အသင္းမွာေတာ့ ဖရီးကစ္ဂိုး ၂၀ အထိသြင္းယူေပးထား နိုင္တာလည္း ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ စီးရီးေအၿပိဳင္ပြဲမွာ ဂ်ဴဗပ္တပ္ အသင္းအတြက္ ၁၇ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၆ႀကိမ္အထိ ျပဳလုပ္ထားကာ အသက္အရြယ္နဲ႔ မလိုက္ေအာင္ ေျခစြမ္းေတြ ျပေနသူပါ။ ဒါေပမယ့္လဲ ေရာ္နယ္ဒိုဟာ လက္ရွိအခ်ိန္အထိ ဂ်ဴဗင္တပ္ အသင္းအတြက္ ဖရီးကစ္ကေန ဂိုးမသြင္းေပးႏိုင္ေသးပါဘူး။ မွတ္တမ္းေတြအရ ေရာ္နယ္ဒိုဟာ စီးရီးေအၿပိဳင္ပြဲမွာ ဖရီးကစ္၁၃ႀကိမ္ ကန္သြင္းခဲ့ေပမယ့္ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ျခင္း မရွိခဲ့ပါဘူး။

လက္ရွိမွာ အသက္(၃၄)ႏွစ္ရွိျပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ယခင္ကစားခဲ့ဖူးတဲ့ အသင္းေဟာင္းေတြ ျဖစ္ၾကတဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ့ ရီးရဲလ္မက္ဒရစ္အသင္းေတြမွာေတာ့ ဖရီးကစ္ဂိုးေတြ မၾကာခဏ သြင္းယူေလ့ရွိ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ျပိဳင္ပဲြစံု ဖရီးကစ္ကန္သြင္းခြင့္ စုစုေပါင္း (၄၀၃)ၾကိမ္မွာ ဂိုး(၃၀)အထိသြင္းယူျပီး ရာခိုင္နွဳန္းအားျဖင့္ ၇.၃ရာခိုင္နွဳန္းအထိ ေအာင္ျမင္ေအာင္ ကန္သြင္းယူနိုင္ခဲ့သူပါ။

 

တစ္ခ်ိန္က အမိုက္စား ဖရီးကစ္ဂိုးေတြနဲ႔ ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ့တဲ့ ေရာ္နယ္ဒိုဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ဖရီးကစ္ကေန ဂိုးသြင္းယူမႈႏႈန္းဟာ သိသိသာသာ က်ဆင္းလာခဲ့ၿပီး သူ႔ရဲ႕အဓိကၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီကေတာ့ အခုေနာက္ပိုင္းမွာ ဖရီးကစ္ကေန ဂိုးေတြတဒိုင္းဒိုင္း သြင္းျပေနတာက ေရာ္နယ္ဒိုရဲ႕ ပရိတ္သတ္ေတြအတြက္ မခံမရပ္ႏိုင္စရာ ျဖစ္ေစခဲ့ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

စီးရီးအေ မှာ ဖရီးကစ်မှတ်တမ်း စုတ်ပြတ်သတ်နေတဲ့ ဂိုးသွင်းဘုရင် ရော်နယ်ဒို

ဂျူဗင်တပ် အသင်းရဲ့ ကမ္ဘာကျော် တိုက်စစ်မှူး ရော်နယ်ဒို ဟာ စီးရီးအေပြိုင်ပွဲမှာ အသင်းအတွက် ဂိုးတွေတဒိုင်းဒိုင်းသွင်းပြီး ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ပေမယ့် လက်ရှိအချိန်အထိ ဖရီးကစ်ကနေ ဂိုးမသွင်းနိုင်သေးဘူးလို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ယခင်ရီးရဲလ်မက်ဒရစ်အသင်းမှာတော့ ဖရီးကစ်ဂိုး ၂၀ အထိသွင်းယူပေးထား နိုင်တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ စီးရီးအေပြိုင်ပွဲမှာ ဂျူဗပ်တပ် အသင်းအတွက် ၁၇ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ကြိမ်အထိ ပြုလုပ်ထားကာ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းတွေ ပြနေသူပါ။ ဒါပေမယ့်လဲ ရော်နယ်ဒိုဟာ လက်ရှိအချိန်အထိ ဂျူဗင်တပ် အသင်းအတွက် ဖရီးကစ်ကနေ ဂိုးမသွင်းပေးနိုင်သေးပါဘူး။ မှတ်တမ်းတွေအရ ရော်နယ်ဒိုဟာ စီးရီးအေပြိုင်ပွဲမှာ ဖရီးကစ်၁၃ကြိမ် ကန်သွင်းခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။

လက်ရှိမှာ အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ယခင်ကစားခဲ့ဖူးတဲ့ အသင်းဟောင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေမှာတော့ ဖရီးကစ်ဂိုးတွေ မကြာခဏ သွင်းယူလေ့ရှိပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ဖရီးကစ်ကန်သွင်းခွင့် စုစုပေါင်း (၄၀၃)ကြိမ်မှာ ဂိုး(၃၀)အထိသွင်းယူပြီး ရာခိုင်နှုန်းအားဖြင့် ၇.၃ရာခိုင်နှုန်းအထိ အောင်မြင်အောင် ကန်သွင်းယူနိုင်ခဲ့သူပါ။

တစ်ချိန်က အမိုက်စား ဖရီးကစ်ဂိုးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ နောက်ပိုင်းနှစ်တွေမှာ ဖရီးကစ်ကနေ ဂိုးသွင်းယူမှုနှုန်းဟာ သိသိသာသာ ကျဆင်းလာခဲ့ပြီး သူ့ရဲ့အဓိကပြိုင်ဘက် လီယွန်နယ် မက်ဆီကတော့ အခုနောက်ပိုင်းမှာ ဖရီးကစ်ကနေ ဂိုးတွေတဒိုင်းဒိုင်း သွင်းပြနေတာက ရော်နယ်ဒိုရဲ့ ပရိတ်သတ်တွေအတွက် မခံမရပ်နိုင်စရာ ဖြစ်စေခဲ့ပါတယ်။

share from : burmese.asia