Zawgyi ျဖင့္ဖတ္ရန္

 

တ႐ုတ္ႏိုင္ငံ ရဲ႕ လူသိမ်ားတဲ့ မီဒီယာတစ္ခုျဖစ္တဲ့ Sina သတင္းဌာန ဟာ အခုလတ္တေလာမွာ ထုတ္လႊင့္လိုက္တဲ့ ေကာလဟာလသတင္းတစ္ခုေၾကာင့္ ႏိုင္ငံတကာက ကိုရီးယားဒရမ္မာႀကိဳက္ပရိသတ္ေတြရဲ႕ အျပစ္တင္ေျပာဆိုျခင္းကို ခံေနရတယ္လို႔ သိရပါတယ္။ သူတို႔ထုတ္လႊင့္လိုက္တဲ့ ေကာလဟာလသတင္းကေတာ့ နာမည္ေက်ာ္ကိုရီးယားအႏုပညာရွင္စုံတြဲျဖစ္တဲ့ ေဆာင္းဂြၽန္ကီနဲ႔ ေဆာင္းေဟကိုတို႔နဲ႔ ပတ္သတ္တဲ့သတင္းပဲ ျဖစ္ပါတယ္။

ေဆာင္းဂြၽန္ကီနဲ႔ ေဆာင္းေဟကိုတို႔ ဇနီးေမာင္ႏွံ ကြာရွင္းလိုက္လိုက္ၾကၿပီဆိုတဲ့ ေကာလဟာလသတင္းဟာ ေဆာင္းေဟကိုတစ္ေယာက္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔က ေလဆိပ္ဆင္းလာတဲ့ပုံေတြကို အေၾကာင္းျပဳၿပီး ထြက္ေပၚလာခဲ့ပါတယ္။ လက္ထပ္လက္စြပ္မဝတ္ဆင္ပဲ ေလဆိပ္ကို ေရာက္ရွိလာခဲ့တဲ့ ေဆာင္းေဟကိုေၾကာင့္ Sina သတင္းဌာနဟာ “လက္ထပ္လက္စြပ္မဝတ္ဆင္ပဲ ေဆာင္းေဟကိုက ေလဆိပ္ဆင္းလာတယ္ဆိုေတာ့ သူတို႔ ၂ ေယာက္ကြာရွင္းလိုက္ၾကၿပီးၿပီလို႔ ယူဆပါတယ္” လို႔ ေရးသားခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေဆာင္းေဟကိုဟာ သူမနဲ႔ ခင္ပြန္းျဖစ္သူ ေဆာင္းဂြၽန္ကီတို႔ ၂ ေယာက္ အတူတူတြဲ႐ိုက္ထားၾကတဲ့ပုံေတြကို သူမရဲ႕ အင္စတာဂရမ္မွာ ဖ်က္လိုက္ၿပီဆိုတဲ့အေၾကာင္းကိုလည္း ထိုသတင္းဌာနရဲ႕ သတင္းေထာက္က ေဖာ္ထုတ္ျပခဲ့ၿပီး”သူတို႔ ၂ ေယာက္ရဲ႕ ဆက္ဆံေရးက နည္းနည္းေတာ့အက္ေၾကာင္းရွိေနပုံပဲ” လို႔ ေရးသားခဲ့ပါတယ္။

ေဆာင္းဂြၽန္ကီနဲ႔ ေဆာင္းေဟကိုတို႔ ၂ ေယာက္ရဲ႕ ေအဂ်င္စီေတြကေတာ့ ထိုသတင္းေတြနဲ႔ ပတ္သတ္ၿပီး မည္သည့္ေျဖရွင္းခ်က္မွ ထုတ္ျပန္ထားျခင္းမရွိပါဘူး။ တ႐ုတ္သတင္းဌာနေတြဟာ ေဆာင္းဂြၽန္ကီနဲ႔ ေဆာင္းေဟကိုတို႔ရဲ႕ အေျခအျမစ္မရွိတဲ့ ေကာလဟာလေတြကို ထုတ္လႊင့္တာ ဒါပထမဆုံးအႀကိမ္ေတာ့မဟုတ္ပါဘူး။

၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလတုန္းကလည္း ေဆာင္းေဟကိုမွာ ကိုယ္ဝန္ရွိေနလို႔ ေဆာင္းဂြၽန္ကီက လက္ထပ္လိုက္တာျဖစ္တယ္ဆိုတဲ့ ေကာလဟာလသတင္းအမွားေတြကို ထုတ္လႊင့္ခဲ့ဖူးပါေသးတယ္။ ေဆာင္းဂြၽန္ကီနဲ႔ ေဆာင္းေဟကိုတို႔ဟာ ႏိုင္ငံတကာမွာ ပရိသတ္အခိုင္အမာရရွိထားတဲ့ အႏုပညာရွင္စုံတြဲျဖစ္တာေၾကာင့္ အခုထြက္ေပၚလာတဲ့သတင္းဟာ Sina သတင္းဌာနရဲ႕ နာမည္ကို အနည္းနဲ႔အမ်ားေတာ့ ထိခိုက္ေစပါတယ္။

ထိုသတင္းတင္ထားတဲ့ ပို႔စ္ေအာက္မွာ “အ႐ူးတ႐ုတ္သတင္းဌာန” ၊ “သူတို႔ဘာသာ အဆင္ေျပေနတာကို ဝင္မရႈပ္စမ္းပါနဲ႔” ၊ “အသုံးမက်တဲ့ သတင္းေထာက္ေတြ” ၊ “အဓိပၸါယ္မရွိလိုက္တာ” လို႔ဆိုၿပီး အျပစ္တင္ေျပာဆိုထားၾကတာ ျဖစ္ပါတယ္။

လက္ထပ္လက္စြပ္ကို ဘယ္အခါမွ မခြၽတ္တမ္းဝတ္ထားခဲ့ဖူးေပမယ့္ ဒီတစ္ခါမွာေတာ့ မဝတ္ထားရတဲ့အေၾကာင္းနဲ႔ ၂ ေယာက္တြဲပုံေတြ ဖ်က္လိုက္တဲ့အေၾကာင္းကိုေတာ့ ကာယကံရွင္ေတြျဖစ္ၾကတဲ့ ေဆာင္းေဆာင္းစုံတြဲပဲ အသိဆုံးျဖစ္မွာပါ။ ပရိသတ္ႀကီးကေရာ ေဆာင္းေဆာင္းစုံတြဲ တကယ္ပဲ ကြာရွင္းလိုက္ၿပီလို႔ ထင္ပါသလား။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဆောင်းဂျွန်ကီ နဲ့ ဆောင်းဟေကို တို့ ကွာရှင်းလိုက်ကြပြီဆိုတဲ့ ကောလဟာလသတင်းထုတ်လွှင့်မှုကြောင့် လူမုန်းခံနေရတဲ့ တရုတ်မီဒီယာ

တရုတ်နိုင်ငံ ရဲ့ လူသိများတဲ့ မီဒီယာတစ်ခုဖြစ်တဲ့ Sina သတင်းဌာန ဟာ အခုလတ်တလောမှာ ထုတ်လွှင့်လိုက်တဲ့ ကောလဟာလသတင်းတစ်ခုကြောင့် နိုင်ငံတကာက ကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေရဲ့ အပြစ်တင်ပြောဆိုခြင်းကို ခံနေရတယ်လို့ သိရပါတယ်။ သူတို့ထုတ်လွှင့်လိုက်တဲ့ ကောလဟာလသတင်းကတော့ နာမည်ကျော်ကိုရီးယားအနုပညာရှင်စုံတွဲဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့နဲ့ ပတ်သတ်တဲ့သတင်းပဲ ဖြစ်ပါတယ်။

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ ဇနီးမောင်နှံ ကွာရှင်းလိုက်လိုက်ကြပြီဆိုတဲ့ ကောလဟာလသတင်းဟာ ဆောင်းဟေကိုတစ်ယောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က လေဆိပ်ဆင်းလာတဲ့ပုံတွေကို အကြောင်းပြုပြီး ထွက်ပေါ်လာခဲ့ပါတယ်။ လက်ထပ်လက်စွပ်မဝတ်ဆင်ပဲ လေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ ဆောင်းဟေကိုကြောင့် Sina သတင်းဌာနဟာ “လက်ထပ်လက်စွပ်မဝတ်ဆင်ပဲ ဆောင်းဟေကိုက လေဆိပ်ဆင်းလာတယ်ဆိုတော့ သူတို့ ၂ ယောက်ကွာရှင်းလိုက်ကြပြီးပြီလို့ ယူဆပါတယ်” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆောင်းဟေကိုဟာ သူမနဲ့ ခင်ပွန်းဖြစ်သူ ဆောင်းဂျွန်ကီတို့ ၂ ယောက် အတူတူတွဲရိုက်ထားကြတဲ့ပုံတွေကို သူမရဲ့ အင်စတာဂရမ်မှာ ဖျက်လိုက်ပြီဆိုတဲ့အကြောင်းကိုလည်း ထိုသတင်းဌာနရဲ့ သတင်းထောက်က ဖော်ထုတ်ပြခဲ့ပြီး”သူတို့ ၂ ယောက်ရဲ့ ဆက်ဆံရေးက နည်းနည်းတော့အက်ကြောင်းရှိနေပုံပဲ” လို့ ရေးသားခဲ့ပါတယ်။

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ ၂ ယောက်ရဲ့ အေဂျင်စီတွေကတော့ ထိုသတင်းတွေနဲ့ ပတ်သတ်ပြီး မည်သည့်ဖြေရှင်းချက်မှ ထုတ်ပြန်ထားခြင်းမရှိပါဘူး။ တရုတ်သတင်းဌာနတွေဟာ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ရဲ့ အခြေအမြစ်မရှိတဲ့ ကောလဟာလတွေကို ထုတ်လွှင့်တာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဆောင်းဟေကိုမှာ ကိုယ်ဝန်ရှိနေလို့ ဆောင်းဂျွန်ကီက လက်ထပ်လိုက်တာဖြစ်တယ်ဆိုတဲ့ ကောလဟာလသတင်းအမှားတွေကို ထုတ်လွှင့်ခဲ့ဖူးပါသေးတယ်။ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ဟာ နိုင်ငံတကာမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်စုံတွဲဖြစ်တာကြောင့် အခုထွက်ပေါ်လာတဲ့သတင်းဟာ Sina သတင်းဌာနရဲ့ နာမည်ကို အနည်းနဲ့အများတော့ ထိခိုက်စေပါတယ်။

ထိုသတင်းတင်ထားတဲ့ ပို့စ်အောက်မှာ “အရူးတရုတ်သတင်းဌာန” ၊ “သူတို့ဘာသာ အဆင်ပြေနေတာကို ဝင်မရှုပ်စမ်းပါနဲ့” ၊ “အသုံးမကျတဲ့ သတင်းထောက်တွေ” ၊ “အဓိပ္ပါယ်မရှိလိုက်တာ” လို့ဆိုပြီး အပြစ်တင်ပြောဆိုထားကြတာ ဖြစ်ပါတယ်။

လက်ထပ်လက်စွပ်ကို ဘယ်အခါမှ မချွတ်တမ်းဝတ်ထားခဲ့ဖူးပေမယ့် ဒီတစ်ခါမှာတော့ မဝတ်ထားရတဲ့အကြောင်းနဲ့ ၂ ယောက်တွဲပုံတွေ ဖျက်လိုက်တဲ့အကြောင်းကိုတော့ ကာယကံရှင်တွေဖြစ်ကြတဲ့ ဆောင်းဆောင်းစုံတွဲပဲ အသိဆုံးဖြစ်မှာပါ။ ပရိသတ်ကြီးကရော ဆောင်းဆောင်းစုံတွဲ တကယ်ပဲ ကွာရှင်းလိုက်ပြီလို့ ထင်ပါသလား။

share from : burmese.asia