Zawgyi ျဖင့္ဖတ္ရန္

 

တ႐ုပ္ႏိုင္ငံ က ေက်ာင္းသူေလးတစ္ဦးဟာ ေက်ာင္းကေပးလိုက္တဲ့ အိမ္စာေတြကို စာကူးစက္႐ုပ္ အကူအညီနဲ႔ အခ်ိန္တိုတြင္း ၿပီးေအာင္ ခိုးလုပ္ခဲ့ေၾကာင္း မိခင္ျဖစ္သူ သိသြားၿပီး အႀကီးအက်ယ္ေဒါသထြက္ကာ စက္ကိုလည္း ႐ိုက္ခ်ိဳးဖ်က္ဆီးပစ္လိုက္ပါတယ္။
အဲဒီေနာက္ အျခားေသာ ေက်ာင္းသားမိဘေတြလည္း သိေအာင္ ဒီအျဖစ္ပ်က္ကို လူမႈကြန္ယက္ ေပၚမွာ ေရးသားခဲ့ပါတယ္။ ဒါေပမယ့္ သူမထင္သလိုမ်ိဳး ျဖစ္မလာပဲ ေက်ာင္းသားေတြက သူတို႔ဆီမွာလည္း ဒီလိုစက္တစ္လုံးလိုခ်င္တယ္ဆိုၿပီး ဒီစက္ကို ဘယ္မွာ ဝယ္လို႔ရႏိုင္မလဲဆိုၿပီး စုံစမ္းမႈေတြ မ်ားလာခဲ့ပါတယ္။

 

တ႐ုပ္ႏိုင္ငံ ဟာဘင္ၿမိဳ႕ အေနရွ႕ေျမာက္ပိုင္းမွာ ေနထိုင္တဲ့ “က်န္း” ဆိုသူ အမ်ိဳးသမီးဟာ သက္ ၁၅ ႏွစ္အ႐ြယ္ သူ႔သမီးက စက္႐ုပ္တ႐ုပ္ဝယ္ၿပီး ႏွစ္သစ္ကူးကာလအတြင္း ေက်ာင္းအိမ္စာေတြကို အားလုံးၿပီးေအာင္ လုပ္ခဲ့တယ္ဆိုတာ မေမွ်ာ္လင့္ပဲ သိခဲ့ရတယ္လို႔ ညေနခင္းသတင္းစာ ကြန္ဂ်ီအန္း မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

သမီးျဖစ္သူဟာ ႏွစ္ရက္အတြင္း ေက်ာင္းကေပးလိုက္တဲ့ အိမ္စာေတြကို သပ္သပ္ရပ္ရပ္နဲ႔ ၿပီးေအာင္ လုပ္ထားႏိုင္လို႔ မေအျဖစ္သူ ဝမ္းသားပီတီျဖစ္လို႔ မဆုံးခင္မွာပဲ တစ္ရက္ေတာ့ သမီးရဲ႕အခန္းထဲကို ဝင္ၾကည့္မိတဲ့အခါ စာကူးစက္တစ္ခုကို မေမွ်ာ္လင့္ပဲ ေတြ႕ခဲ့ရၿပီး ေဒါသအိုးေပါက္ကြဲခဲ့ပါတယ္။ ဒီစာကူးစက္ကို ဝယ္ဖို႔ ယြမ္ ၈၀၀ (က်ပ္ ၁ သိန္း ၈ ေသာင္းဝန္းက်င္) ကုန္က်ခဲ့ပါတယ္။
ဒီစာကူးစက္က နင့္အိမ္စာေတြကို ကူလုပ္ေပးႏိုင္ေပမယ့္ စာေမးပြဲေျဖရင္ေတာ့ နင့္ကို သတ္မွာ သိရဲ႕လား လို႔ သမီးျဖစ္သူကို ဆူးပူႀကိမ္းေမာင္းခဲ့ပါတယ္။

စာကူးစက္ဟာ ကြန္ပ်ဴတာနဲ႔ ခ်ိပ္စက္ၿပီး ကိုယ့္ရဲ႕မူရင္းလက္ေရးအတိုင္း သပ္သပ္ရပ္ရပ္ ေရးသားႏိုင္တဲ့အတြက္ ဒီသတင္းကို ၾကားၾကားျခင္း ေက်ာင္းသားေတြက ဒီစက္ကို အြန္လိုင္းေပၚမွာ အသည္းအသန္ လိုက္ရွာေနၾကပါတယ္။

 

တ႐ုပ္အြန္လိုင္းေဈးကြက္ ေတာင္ေဘာင္ မွာေတာ့ စာကူးစက္ မ်ိဳးစုံေတြ႕ရၿပီး ယြမ္ ၂၀၀ ကေန ယြမ္ ၁၀၀၀ ေက်ာ္ထိ မ်ိဳးစုံရွိပါတယ္။ စာကူးစက္ေတြဟာ အလုပ္အရမ္းမ်ားတဲ့ စီးပြားေရးသမား၊ ႐ုံးသမားေတြအတြက္ေတာ့ အထူးသင့္ေတာ္ၿပီး ေက်ာင္းသားေတြအေနနဲ႔ အသုံးမျပဳသင့္ပါဘူး။
တ႐ုပ္ႏိုင္ငံက ေက်ာင္းေတြဟာ ကေလးေတြကို စာမွတ္မိေစဖို႔ ေဝါဟာရေတြ၊ သင္ခန္းစာေတြကို အႀကိမ္ေပါင္းေျမာက္မ်ားစြာ လက္ေရးနဲ႔ကူးေရးဖို႔ အိမ္စာအေနနဲ႔ ေပးေလ့ရွိပါတယ္။ စာကူးစက္ရဲ႕ အလုပ္လုပ္ပုံကို ႐ုပ္သံတြင္ ၾကည့္ရႈပါ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကျောင်းသား တိုင်းလိုချင်နေကြတဲ့ အိမ်စာတွေ ကူလုပ်ပေးတဲ့ စက် (ရုပ်သံ)

တရုပ်နိုင်ငံ က ကျောင်းသူလေးတစ်ဦးဟာ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေကို စာကူးစက်ရုပ် အကူအညီနဲ့ အချိန်တိုတွင်း ပြီးအောင် ခိုးလုပ်ခဲ့ကြောင်း မိခင်ဖြစ်သူ သိသွားပြီး အကြီးအကျယ်ဒေါသထွက်ကာ စက်ကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပါတယ်။
အဲဒီနောက် အခြားသော ကျောင်းသားမိဘတွေလည်း သိအောင် ဒီအဖြစ်ပျက်ကို လူမှုကွန်ယက် ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် သူမထင်သလိုမျိုး ဖြစ်မလာပဲ ကျောင်းသားတွေက သူတို့ဆီမှာလည်း ဒီလိုစက်တစ်လုံးလိုချင်တယ်ဆိုပြီး ဒီစက်ကို ဘယ်မှာ ဝယ်လို့ရနိုင်မလဲဆိုပြီး စုံစမ်းမှုတွေ များလာခဲ့ပါတယ်။

တရုပ်နိုင်ငံ ဟာဘင်မြို့ အနေရှ့မြောက်ပိုင်းမှာ နေထိုင်တဲ့ “ကျန်း” ဆိုသူ အမျိုးသမီးဟာ သက် ၁၅ နှစ်အရွယ် သူ့သမီးက စက်ရုပ်တရုပ်ဝယ်ပြီး နှစ်သစ်ကူးကာလအတွင်း ကျောင်းအိမ်စာတွေကို အားလုံးပြီးအောင် လုပ်ခဲ့တယ်ဆိုတာ မမျှော်လင့်ပဲ သိခဲ့ရတယ်လို့ ညနေခင်းသတင်းစာ ကွန်ဂျီအန်း မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သမီးဖြစ်သူဟာ နှစ်ရက်အတွင်း ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေကို သပ်သပ်ရပ်ရပ်နဲ့ ပြီးအောင် လုပ်ထားနိုင်လို့ မအေဖြစ်သူ ဝမ်းသားပီတီဖြစ်လို့ မဆုံးခင်မှာပဲ တစ်ရက်တော့ သမီးရဲ့အခန်းထဲကို ဝင်ကြည့်မိတဲ့အခါ စာကူးစက်တစ်ခုကို မမျှော်လင့်ပဲ တွေ့ခဲ့ရပြီး ဒေါသအိုးပေါက်ကွဲခဲ့ပါတယ်။ ဒီစာကူးစက်ကို ဝယ်ဖို့ ယွမ် ၈၀၀ (ကျပ် ၁ သိန်း ၈ သောင်းဝန်းကျင်) ကုန်ကျခဲ့ပါတယ်။
ဒီစာကူးစက်က နင့်အိမ်စာတွေကို ကူလုပ်ပေးနိုင်ပေမယ့် စာမေးပွဲဖြေရင်တော့ နင့်ကို သတ်မှာ သိရဲ့လား လို့ သမီးဖြစ်သူကို ဆူးပူကြိမ်းမောင်းခဲ့ပါတယ်။

စာကူးစက်ဟာ ကွန်ပျူတာနဲ့ ချိပ်စက်ပြီး ကိုယ့်ရဲ့မူရင်းလက်ရေးအတိုင်း သပ်သပ်ရပ်ရပ် ရေးသားနိုင်တဲ့အတွက် ဒီသတင်းကို ကြားကြားခြင်း ကျောင်းသားတွေက ဒီစက်ကို အွန်လိုင်းပေါ်မှာ အသည်းအသန် လိုက်ရှာနေကြပါတယ်။

တရုပ်အွန်လိုင်းဈေးကွက် တောင်ဘောင် မှာတော့ စာကူးစက် မျိုးစုံတွေ့ရပြီး ယွမ် ၂၀၀ ကနေ ယွမ် ၁၀၀၀ ကျော်ထိ မျိုးစုံရှိပါတယ်။ စာကူးစက်တွေဟာ အလုပ်အရမ်းများတဲ့ စီးပွားရေးသမား၊ ရုံးသမားတွေအတွက်တော့ အထူးသင့်တော်ပြီး ကျောင်းသားတွေအနေနဲ့ အသုံးမပြုသင့်ပါဘူး။
တရုပ်နိုင်ငံက ကျောင်းတွေဟာ ကလေးတွေကို စာမှတ်မိစေဖို့ ဝေါဟာရတွေ၊ သင်ခန်းစာတွေကို အကြိမ်ပေါင်းမြောက်များစွာ လက်ရေးနဲ့ကူးရေးဖို့ အိမ်စာအနေနဲ့ ပေးလေ့ရှိပါတယ်။ စာကူးစက်ရဲ့ အလုပ်လုပ်ပုံကို ရုပ်သံတွင် ကြည့်ရှုပါ။

Credit : popolay