Zawgyi ဖြင့်ဖတ်ရန်


 

 


 

 


Source:Thinzar Nwe Win

Unicode ဖြင့်ဖတ်ရန်

အဖေ ကလေးထိန်းတာနဲ့ အမေကလေးထိန်းတာ ကွာခြားပုံတွေကို ထုတ်ပြလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

ပရိသတ်ကြီးရေ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ဖြူစင်တဲ့အပြုံးလှလှလေးတွေရဲ့ပိုင်ရှင်ဖြစ်ပြီး ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးအောင်မြင်ခဲ့တဲ့ မင်းသမီး တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမချစ်ရတဲ့သူနဲ့ ပြီးခဲ့တဲ့နှစ်က အိမ်ထောင်ပြုခဲ့တဲ့ သဉ္ဇာက အခုဆိုရင် ချစ်စရာကောင်းတဲ့ သားငယ်လေးကိုပါ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ခင်ပွန်းရဲ့ဂရုစိုက်ကြင်နာမှုတွေနဲ့အတူ မေတ္တာတရားတွေပြည့်နေတဲ့ သူမတို့မိသားစုလေးက အရမ်းကိုကြည်နူးစရာကောင်းတာ တွေ့ရပါတယ်။

သူမကတော့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ကြော်ငြာလေးတွေ ပြန်လည်ရိုက်ကူးလာသလို သားလေးကလည်း အခုကတည်းက ကြော်ငြာမင်းသားလေးအဖြစ် ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သားသားလေးရဲ့ ဗီဒီယိုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုလည်း မကြာခဏ ဆိုသလို သူမရဲ့ စာမျက်နှာပေါ်မှာ ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။

လတ်တလောမှာလည်း အဖေကလေးထိန်းတာနဲ့ အမေကလေးထိန်းတာ ကွားခြားပုံလေးတွေကို သဉ္ဇာက သူ့ဖေ့ဘွတ်အကောင့်လေးမှာ ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး ကြည်နူးစရာကောင်းသလို ရီနေရတာလည်းဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့ သားချောလေး Peach Lay လေးကတော့ တကယ်ကို အသည်းယား အချစ်ပိုစရာလေးပါပဲနော်။ပရိသတ်ကြီးတွက် သဉ္ဇာတို့ မိသားစုလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Thinzar Nwe Win