Zawgyi ျဖင့္ဖတ္ရန္

 

အခုခ်ိန္မွာ Facebook ကိုေဝဖန္မယ္ဆိုရင္ လူႏွစ္မ်ဳိးႏွစ္စား ရိွႏိုင္ပါတယ္။ ပထမကေတာ့ အခ်ိန္းျဖဳန္းျခင္း အတြက္ အေကာင္းဆုံးအေၾကာင္းျပခ်က္ဆိုျပီး ေျပာႏိုင္တယ္။ ဒုတိယကေတာ့ Facebook ကို မုန္းေနရတဲ့ ခံစားခ်က္ကို ႏွစ္သက္ေနလို႔ပါပဲ။ ႏွစ္သစ္ကူးမွာ Facebook လုံးဝမသုံးေတာ့ဘူးဆိုျပီး ဆုံးျဖတ္ထားတဲ့ သူေတြလည္း အမ်ားၾကီးျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ကြ်န္မတို႔အားလုံးက Facebook ကို တိတ္တဆိတ္ သေဘာက်ေနၾကတဲ့ သူေတြခ်ည္းပါပဲ။။ဒီကြန္ယက္ဟာ ေထာင္ေခ်ာက္မဟုတ္ပါဘူး။ သင့္ကိုယ္ပိုင္ အက်ဳိးျဖစ္ထြန္းဖို႔ ဒီ လူမူကြန္ယက္ ကိုအသုံးခ်ရမယ့္ ေနရာေကာင္းတစ္ခုပဲျဖစ္ပါတယ္။

၁။ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစတယ္။

ေပါင္ခ်ိန္က်ဖို႔အတြက္ အေကာင္းဆုံး လမ္းညႊန္ခ်က္ေတြရႏိုင္တာ လူမႈကြန္ယက္ေလာက္ ဘယ္ေနရာမွ မရိွပါဘူး။ Facebook မွာ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစတဲ့ အစီအစဥ္ သီးသန္႔ျပဳလုပ္ထားတဲ့ေနရာကို သင္ အခ်ိတ္အဆက္လုပ္ထားတယ္ဆိုရင္ သင္ပိုျပီးေတာ့ အေလးခ်ိန္ သိသိသာသာေလ်ာ့က်ႏုိင္ဖို႔ အခြင့္အေရး ပိုမ်ားပါတယ္။ သင့္ရဲ႕ လိုအပ္ခ်က္ေတြ သင္လိုခ်င္တဲ့ အေၾကာင္းအရာေတြကိုလည္း အြန္လိုင္းေပၚကေန တဆင့္ ေဆြးေႏြးတိုင္ပင္ျခင္းေတြ လုပ္လို႔ရတယ္ေလ။

၂။ အေတြးအေခၚပိုျပီး ျမင့္တတ္လာတယ္။

ဒါမျဖစ္ႏိုင္ဘူးလို႔ထင္ရေပမယ့္ ေလ့လာတဲ့ ပညာရွင္ေတြက အလုပ္သမားတစ္ဦး ၁၀မိနစ္ အားလပ္ခ်ိန္မွာ Facebook သုံးတဲ့သူဟာ ဘယ္လိုလူမႈကြန္ယက္နဲ႔မွ ခ်ိန္ဆက္ထားျခင္း မရိွတဲ့သူထက္ေတာ့ ပိုျပီး ေတြးေခၚႏိုင္တာကို ေတြ႕ရိွထားပါတယ္။ ေခါင္းစားတဲ့ဂိမ္းေတြ မေဆာ့သေရႊ႕ေတာ့ Facebook က သင္နဲ႔ အလုပ္ၾကားမွာ အေထာက္အကူအျပဳဖို႔ အဆင္သင့္ ေစာင့္ေနပါတယ္။

၃။ ကိုယ့္ကိုယ္ကို ယုံၾကည္စိတ္ခ်မႈ ရိွေစတယ္။

ထူးဆန္းတဲ့ေနရာ၊ အပန္းေျဖစရာေနရာေတြ အေၾကာင္းကို သင္ေလ့လာႏုိင္ပါတယ္။ မေရာက္ဖူးေပမယ့္ အေၾကာင္းသိထားေတာ့ ကိုယ့္ကိုယ္ကို ယုံၾကည္စိတ္ခ်မႈ ပိုရိွတာေပါ့။ Facebook ကို ဖြင့္ၾကည့္လိုက္၇င္ ကိုယ့္သူငယ္ခ်င္း သြားေရာက္လည္ပတ္ထားတဲ့ ဓါတ္ပုံေတြကို သင္ေတြ႕လိုက္တာနဲ႔ သင့္အေနနဲ႔ ေရာက္ခ်င္စိတ္ေလးေတြ တိတ္တဆိတ္ရိွလာမွာပဲ။သင့္အားလပ္ရက္ခရီးထြက္ဖို႔ ေနရာကို ေခါင္းစားခံျပီး ေရြးခ်ယ္စရာ မလိုေတာ့ပါဘူး။ သင္ႏွစ္သက္တဲ့ေနရာကို အတိအက်ေရြးခ်ယ္ႏိုင္ဖို႔ အကူအညီေပးတဲ့ ေနရာလည္း ျဖစ္ပါတယ္။

၄။ ပိုျပီးညဏ္ေကာင္းေစပါတယ္။

Facebook က သင့္ကို ရူးသြပ္သြားေအာင္ ဘယ္ေတာ့မွ မလုပ္ဘူးဆိုတာေတာ့ သင္ယုံၾကည္ဖို႔ လိုပါတယ္။ သုေတသနျပဳလုပ္ခ်က္အရ Facebook အသုံးျပဳတဲ့ လူၾကီးေတြဟာ မွတ္ညဏ္ ၂၅ရာခိုင္ႏႈန္း တိုးတက္လာတာကို ေတြ႕ရိွထားပါတယ္။ ျဖစ္ႏိုင္ေခ်ရိွတာကေတာ့ သင္ရဲ႕ Facebook Profile ကို Update လုပ္တဲ့အခ်ိန္မွာ သင့္ဦးေႏွာက္က တခ်ိန္တည္းမွာပဲ အခ်က္အလက္အမ်ားၾကီး စနစ္တက် လုပ္ေဆာင္ေပးေနတာကို သင္သတိထားမိေကာင္း ထားမိပါလိမ့္မယ္။

၅။ လတ္တေလာသတင္းေတြကို အျမဲသိရိွႏိုင္တယ္။

Facebook ကို အခ်ိန္မ်ားမ်ားေပးႏိုင္ေလ သင္ သတင္းစာကို ေကာက္ယူဖို႔ မလိုေတာ့ပါဘူး။ သင့္ပတ္ဝန္းက်င္ သာမက ကမာၻတဝန္းမွာရိွေနတဲ့ ျဖစ္ရပ္ဆန္းေတြအကုန္ Facebook မွာ အခ်ိန္နဲ႔တေျပးညီ ဖတ္လို႔ရေနပါျပီ။ အဲဒါေၾကာင့္ လူမူကြန္ယက္ကေန သတင္းအစုံအလင္ ရႏိုင္တယ္ဆိုတာကိုေတာ့ ဘယ္သူမွ ျငင္းလို႔ရမယ္မထင္ပါဘူး။

Credit#SKC

Unicode ဖြင့်ဖတ်ရန်

Facebook သုံးခြင်းဟာ သင့်အတွက် အမှန်တကယ် အကျိုးရှိနေကြောင်း သိနိုင်မယ့် အချက် ( ၇ ) ချက်

အခုချိန်မှာ Facebook ကိုဝေဖန်မယ်ဆိုရင် လူနှစ်မျိုးနှစ်စား ရှိနိုင်ပါတယ်။ ပထမကတော့ အချိန်းဖြုန်းခြင်း အတွက် အကောင်းဆုံးအကြောင်းပြချက်ဆိုပြီး ပြောနိုင်တယ်။ ဒုတိယကတော့ Facebook ကို မုန်းနေရတဲ့ ခံစားချက်ကို နှစ်သက်နေလို့ပါပဲ။ နှစ်သစ်ကူးမှာ Facebook လုံးဝမသုံးတော့ဘူးဆိုပြီး ဆုံးဖြတ်ထားတဲ့ သူတွေလည်း အများကြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံးက Facebook ကို တိတ်တဆိတ် သဘောကျနေကြတဲ့ သူတွေချည်းပါပဲ။။ဒီကွန်ယက်ဟာ ထောင်ချောက်မဟုတ်ပါဘူး။ သင့်ကိုယ်ပိုင် အကျိုးဖြစ်ထွန်းဖို့ ဒီ လူမူကွန်ယက် ကိုအသုံးချရမယ့် နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။

၁။ ကိုယ်အလေးချိန် လျော့ကျစေတယ်။

ပေါင်ချိန်ကျဖို့အတွက် အကောင်းဆုံး လမ်းညွှန်ချက်တွေရနိုင်တာ လူမှုကွန်ယက်လောက် ဘယ်နေရာမှ မရှိပါဘူး။ Facebook မှာ ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစီအစဉ် သီးသန့်ပြုလုပ်ထားတဲ့နေရာကို သင် အချိတ်အဆက်လုပ်ထားတယ်ဆိုရင် သင်ပိုပြီးတော့ အလေးချိန် သိသိသာသာလျော့ကျနိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။ သင့်ရဲ့ လိုအပ်ချက်တွေ သင်လိုချင်တဲ့ အကြောင်းအရာတွေကိုလည်း အွန်လိုင်းပေါ်ကနေ တဆင့် ဆွေးနွေးတိုင်ပင်ခြင်းတွေ လုပ်လို့ရတယ်လေ။

၂။ အတွေးအခေါ်ပိုပြီး မြင့်တတ်လာတယ်။

ဒါမဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် လေ့လာတဲ့ ပညာရှင်တွေက အလုပ်သမားတစ်ဦး ၁၀မိနစ် အားလပ်ချိန်မှာ Facebook သုံးတဲ့သူဟာ ဘယ်လိုလူမှုကွန်ယက်နဲ့မှ ချိန်ဆက်ထားခြင်း မရှိတဲ့သူထက်တော့ ပိုပြီး တွေးခေါ်နိုင်တာကို တွေ့ရှိထားပါတယ်။ ခေါင်းစားတဲ့ဂိမ်းတွေ မဆော့သရွှေ့တော့ Facebook က သင်နဲ့ အလုပ်ကြားမှာ အထောက်အကူအပြုဖို့ အဆင်သင့် စောင့်နေပါတယ်။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ရှိစေတယ်။

ထူးဆန်းတဲ့နေရာ၊ အပန်းဖြေစရာနေရာတွေ အကြောင်းကို သင်လေ့လာနိုင်ပါတယ်။ မရောက်ဖူးပေမယ့် အကြောင်းသိထားတော့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ပိုရှိတာပေါ့။ Facebook ကို ဖွင့်ကြည့်လိုက်၇င် ကိုယ့်သူငယ်ချင်း သွားရောက်လည်ပတ်ထားတဲ့ ဓါတ်ပုံတွေကို သင်တွေ့လိုက်တာနဲ့ သင့်အနေနဲ့ ရောက်ချင်စိတ်လေးတွေ တိတ်တဆိတ်ရှိလာမှာပဲ။သင့်အားလပ်ရက်ခရီးထွက်ဖို့ နေရာကို ခေါင်းစားခံပြီး ရွေးချယ်စရာ မလိုတော့ပါဘူး။ သင်နှစ်သက်တဲ့နေရာကို အတိအကျရွေးချယ်နိုင်ဖို့ အကူအညီပေးတဲ့ နေရာလည်း ဖြစ်ပါတယ်။

၄။ ပိုပြီးညဏ်ကောင်းစေပါတယ်။

Facebook က သင့်ကို ရူးသွပ်သွားအောင် ဘယ်တော့မှ မလုပ်ဘူးဆိုတာတော့ သင်ယုံကြည်ဖို့ လိုပါတယ်။ သုတေသနပြုလုပ်ချက်အရ Facebook အသုံးပြုတဲ့ လူကြီးတွေဟာ မှတ်ညဏ် ၂၅ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရှိထားပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ သင်ရဲ့ Facebook Profile ကို Update လုပ်တဲ့အချိန်မှာ သင့်ဦးနှောက်က တချိန်တည်းမှာပဲ အချက်အလက်အများကြီး စနစ်တကျ လုပ်ဆောင်ပေးနေတာကို သင်သတိထားမိကောင်း ထားမိပါလိမ့်မယ်။

၅။ လတ်တလောသတင်းတွေကို အမြဲသိရှိနိုင်တယ်။

Facebook ကို အချိန်များများပေးနိုင်လေ သင် သတင်းစာကို ကောက်ယူဖို့ မလိုတော့ပါဘူး။ သင့်ပတ်ဝန်းကျင် သာမက ကမ္ဘာတဝန်းမှာရှိနေတဲ့ ဖြစ်ရပ်ဆန်းတွေအကုန် Facebook မှာ အချိန်နဲ့တပြေးညီ ဖတ်လို့ရနေပါပြီ။ အဲဒါကြောင့် လူမူကွန်ယက်ကနေ သတင်းအစုံအလင် ရနိုင်တယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့ရမယ်မထင်ပါဘူး။

Credit#SKC