Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံ မွာ အဆိုေကာင္းတဲ့ ဘီးက်ဲ အဖြဲ႕ကို ညႊန္းပါဆိုရင္ IC က ထိပ္ဆံုးကပါ။ ရိႈးပြဲတစ္ခါလုပ္ျပီဆိုရင္ အားေပးတဲ့ ပရိသတ္က ဒုနဲ႕ေဒးပါ။ အဖြဲ႕လိုက္ ေဖ်ာ္ေျဖေရးေတြ မလုပ္ေတာ့တဲ့ ေနာက္ပိုင္းမွာလည္း တစ္ကိုယ္ေတာ္ ခြဲထြက္ျပီး ဂီတေလာကမွာ ေအာင္ျမင္မႈ အသီးသီး စိုက္ထူးထားႏိုင္တာ ျဖစ္ပါတယ္။

IC အဖြဲ႕ဝင္ ဝိုင္ဝိုင္း ကေတာ့ “ေျဖသိမ့္လိုက္” ၊ “လမင္းနဲ႕ ပင္လယ္” ၊ “စည္း” ၊ “ သမင္လည္ျပန္” အစရွိတဲ့ သီခ်င္းေတြနဲ႕ ေက်ာ္ၾကားပါတယ္။ သီခ်င္းေအးေအးေလးေတြနဲ႕ အလြမ္းဓာတ္ခံရွိသူေတြရင္ထဲ ေရာက္ေအာင္ သီဆိုႏိုင္ခဲ့တဲ့ အဆိုေတာ္ျဖစ္ပါတယ္။

၂၀၁၅ မွာ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲလုပ္ခဲ့တဲ့ ဝိုင္ဝိုင္းက ဂီတေလာကနဲ႕ ေတာ္ေတာ္ေလး အဆက္ျပတ္ေနခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဝိုင္ဝိုင္းက သီခ်င္းေခြအသစ္နဲ႕အတူ ပရိသတ္ေရွ႕ေမွာက္ ျပန္ေရာက္လာေတာ့မယ္လို႕ သိရပါတယ္။ ဒီသတင္းနဲ႕ပတ္သက္ျပီး ေတးသံရွင္ ဝိုင္ဝိုင္းက အင္တာဗ်ဴးတစ္ခုမွာ ခုလိုေျဖၾကားသြားပါတယ္။

“ကၽြန္ေတာ္ အေခြမထြက္တာလည္း ေတာ္ေတာ္ၾကာျပီ။ အခုတေလာ အေခြျပီးခါနီးျပီ။ အျမန္ဆံုးထြက္ႏိုင္ေအာင္ ၾကိဳးစားပါ့မယ္ ခင္ဗ်။ ဒီအေခြကေတာ့ Own Tune ေတြေပါ့ေနာ္။ ေတးအေဟာင္းေတြလည္း ပါတယ္ ၊ အသစ္လည္း ပါပါတယ္။ ပံုစံကေတာ့ ထြက္လာရင္ နားေထာင္ၾကည့္ေပါ့ဗ်ာ။ ကၽြန္ေတာ္ေျပာရင္ေတာ့ ကၽြန္ေတာ္ေျပာတာနဲ႕ တျခားလူ နားေထာင္တာ ခံစားခ်က္ တူခ်င္မွတူမယ္။

ဘဝအေၾကာင္း သီခ်င္း တစ္ပုဒ္ ႏွစ္ပုဒ္ပါမယ္ ၊ အက်ိဳးျပဳလည္း ပါမယ္ ၊ အခ်စ္သီခ်င္းေလးေတြလည္း ပါမယ္၊ စာသားက အဲ့ဒါေတြကို ခြဲထားတာေပါ့ေနာ္။ အဓိကကေတာ့ စာသားေပါ့ေနာ္။ အသက္လည္း ၾကီးလာျပီဆိုေတာ့ ငယ္တုန္းကလို ဘာမဆို ဆိုလို႕ရတဲ့ အရြယ္မဟုတ္ေတာ့ ကိုယ့္ကို ခံစားဖို႕ထိမယ့္ စာသားေလးေတြ ေရြးျပီးေတာ့မွ စာသားက အဆင္ေျပရင္ သံစဥ္ေလးေတြ ျပန္ၾကည့္ပါတယ္ခင္ဗ်။ music style က IC နဲ႕ ဘယ္လိုျပန္ခ်ိတ္မယ္ဆိုတာ ေဆာင္ရြက္တယ္။ music producer ကိုေလးျဖဴကလည္း ပံ့ပိုးေပးပါတယ္။ အားလံုးတိုက္ျပီးမွ အဆင္ေျပဆံုး ၾကိဳးစားထားတယ္။” ဆိုျပီး ေျဖၾကားသြားပါတယ္။

ေတးသံရွင္ ဝိုင္ဝုိင္းရဲ႕ သီခ်င္းအယ္လ္ဘမ္ အသစ္ကိုေတာ့ လာမယ့္ ဒီဇင္ဘာေလာက္မွာ အားေပးၾကည့္ရႈ နားဆင္ရေတာ့မွာ ျဖစ္ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ကိုယ်ပိုင်သံစဉ်နဲ့ သီချင်းအယ်လ်ဘမ် ထွက်ရှိတော့မယ့် ဝိုင်ဝိုင်း

မြန်မာနိုင်ငံ မှာ အဆိုကောင်းတဲ့ ဘီးကျဲ အဖွဲ့ကို ညွှန်းပါဆိုရင် IC က ထိပ်ဆုံးကပါ။ ရှိုးပွဲတစ်ခါလုပ်ပြီဆိုရင် အားပေးတဲ့ ပရိသတ်က ဒုနဲ့ဒေးပါ။ အဖွဲ့လိုက် ဖျော်ဖြေရေးတွေ မလုပ်တော့တဲ့ နောက်ပိုင်းမှာလည်း တစ်ကိုယ်တော် ခွဲထွက်ပြီး ဂီတလောကမှာ အောင်မြင်မှု အသီးသီး စိုက်ထူးထားနိုင်တာ ဖြစ်ပါတယ်။

IC အဖွဲ့ဝင် ဝိုင်ဝိုင်း ကတော့ “ဖြေသိမ့်လိုက်” ၊ “လမင်းနဲ့ ပင်လယ်” ၊ “စည်း” ၊ “ သမင်လည်ပြန်” အစရှိတဲ့ သီချင်းတွေနဲ့ ကျော်ကြားပါတယ်။ သီချင်းအေးအေးလေးတွေနဲ့ အလွမ်းဓာတ်ခံရှိသူတွေရင်ထဲ ရောက်အောင် သီဆိုနိုင်ခဲ့တဲ့ အဆိုတော်ဖြစ်ပါတယ်။

၂၀၁၅ မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ခဲ့တဲ့ ဝိုင်ဝိုင်းက ဂီတလောကနဲ့ တော်တော်လေး အဆက်ပြတ်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဝိုင်ဝိုင်းက သီချင်းခွေအသစ်နဲ့အတူ ပရိသတ်ရှေ့မှောက် ပြန်ရောက်လာတော့မယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တေးသံရှင် ဝိုင်ဝိုင်းက အင်တာဗျူးတစ်ခုမှာ ခုလိုဖြေကြားသွားပါတယ်။

“ကျွန်တော် အခွေမထွက်တာလည်း တော်တော်ကြာပြီ။ အခုတလော အခွေပြီးခါနီးပြီ။ အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားပါ့မယ် ခင်ဗျ။ ဒီအခွေကတော့ Own Tune တွေပေါ့နော်။ တေးအဟောင်းတွေလည်း ပါတယ် ၊ အသစ်လည်း ပါပါတယ်။ ပုံစံကတော့ ထွက်လာရင် နားထောင်ကြည့်ပေါ့ဗျာ။ ကျွန်တော်ပြောရင်တော့ ကျွန်တော်ပြောတာနဲ့ တခြားလူ နားထောင်တာ ခံစားချက် တူချင်မှတူမယ်။

ဘဝအကြောင်း သီချင်း တစ်ပုဒ် နှစ်ပုဒ်ပါမယ် ၊ အကျိုးပြုလည်း ပါမယ် ၊ အချစ်သီချင်းလေးတွေလည်း ပါမယ်၊ စာသားက အဲ့ဒါတွေကို ခွဲထားတာပေါ့နော်။ အဓိကကတော့ စာသားပေါ့နော်။ အသက်လည်း ကြီးလာပြီဆိုတော့ ငယ်တုန်းကလို ဘာမဆို ဆိုလို့ရတဲ့ အရွယ်မဟုတ်တော့ ကိုယ့်ကို ခံစားဖို့ထိမယ့် စာသားလေးတွေ ရွေးပြီးတော့မှ စာသားက အဆင်ပြေရင် သံစဉ်လေးတွေ ပြန်ကြည့်ပါတယ်ခင်ဗျ။ music style က IC နဲ့ ဘယ်လိုပြန်ချိတ်မယ်ဆိုတာ ဆောင်ရွက်တယ်။ music producer ကိုလေးဖြူကလည်း ပံ့ပိုးပေးပါတယ်။ အားလုံးတိုက်ပြီးမှ အဆင်ပြေဆုံး ကြိုးစားထားတယ်။” ဆိုပြီး ဖြေကြားသွားပါတယ်။

တေးသံရှင် ဝိုင်ဝိုင်းရဲ့ သီချင်းအယ်လ်ဘမ် အသစ်ကိုတော့ လာမယ့် ဒီဇင်ဘာလောက်မှာ အားပေးကြည့်ရှု နားဆင်ရတော့မှာ ဖြစ်ပါတယ်။

share from : burmese.asia

LEAVE A REPLY