Zawgyi ျဖင့္ဖတ္ရန္

 

sexy model လုပ္ရင္း ေအာင္ျမင္ေနတဲ့ အကိတ္တစ္လိုင္းထဲမွာ ဇာဇာထက္လည္း အပါအဝင္ပါ။ အေဖာ္အခြၽတ္ေတြ႐ိုက္ရင္း ေရပန္းစား လူသိမ်ားခဲ့တဲ့ ဇာဇာထက္က ေဘာ္ဒီ ကို ေသခ်ာထိန္းၿပီး ဖက္ရွင္ကို ဂ႐ုစိုက္ျဖစ္တယ္လို႔ သိရပါတယ္။ လူငယ္ေတြကို အတုယူမမွားဖို႔နဲ႔ ေဖာ္ခြၽတ္မွ ေအာင္ျမင္မယ္ ဆိုတာကို လက္မခံေၾကာင္း ဇာဇာထက္က အင္တာဗ်ဴး တစ္ခုမွာ ခုလို ေျဖၾကားသြားပါတယ္။

“ဖက္ရွင္ကေတာ့ မ်ားေသာအားျဖင့္ IG နဲ႔ pinterest ၾကည့္တယ္ေပါ့။ တစ္ခါတစ္ေလ သူတို႔ ဒီဇိုင္းေတြကို ေကာ္ပီေတာ့ ေကာ္ပီပဲ။ ဒါေပမဲ့ နည္းနည္းေလး ျပန္ေျပာင္း ခ်ဳပ္ထားတာေတာ့ ရွိတယ္ေပါ့ေနာ္။ သူမ်ားေတြနဲ႔ လွေပမဲ့ ကိုယ္နဲ႔ လွခ်င္မွ လွမွာ။ ေနာက္ပိုင္းက်ေတာ့ Body structure မိုက္မွလည္း ကိုယ္က လွလွပပ ဝတ္လို႔ရမွာ။

အဲ့ဒါေၾကာင့္ ေဘာ္ဒီကို ေသခ်ာထိန္းၿပီး ဖက္ရွင္နဲ႔ ျပန္ေရာလာတာေပါ့ေနာ္။ အရင္တုန္းက ကိုယ္က ေဘာ္ဒီ သိပ္မမိုက္ဘဲနဲ႔ ေပၚရင္ၿပီးေရာဆိုၿပီး လုပ္ခဲ့တဲ့ အရာေတြရွိတယ္။ ခုေနာက္ပိုင္းေတာ့ ေဘာ္ဒီကို ေသခ်ာထိန္းၿပီး ဖက္ရွင္ကို ဂ႐ုစိုက္ ျဖစ္တယ္ေပါ့ေနာ္။ လူတိုင္းက ဖက္ရွင္ကို စိတ္ဝင္စားေနတဲ့အခ်ိန္မွာ သူမ်ားဖက္ရွင္နဲ႔ မတိုက္ဖို႔လည္း ေလ့လာရတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ဖက္ရွင္ဆိုတာက တစ္ျခား မင္းသမီးနဲ႔ လွေပမဲ့ ကိုယ္နဲ႔ လွခ်င္မွလွမွာ ဆိုေတာ့ သူမ်ားနဲ႔ မတူေအာင္ ရွာဝတ္တယ္။”လို႔ ဆိုပါတယ္။

လူငယ္ေတြအေနနဲ႔ ေကာင္းတဲ့အရာကိုသာ အတုယူသင့္ေၾကာင္း ဇာဇာထက္က ခုလို ဆုံးမသြားပါတယ္။

“အႏုပညာသမားေတြ ဝတ္တယ္ဆိုတာက ပြဲအေနအထားေပၚ မူတည္ၿပီး ဝတ္တယ္။ ေနာက္ၿပီး အားလုံးက ကိုယ္ပိုင္ကားနဲ႔ သြားၾကတာဆိုေတာ့ ဒီပြဲတစ္ခ်ိန္ ခဏပဲ ဝတ္ၾကတာ။ အျပင္က လူေတြက်ေတာ့ လိုင္းကားတိုးစီးရတာရွိတယ္ လမ္းေလွ်ာက္သြားရတာ ရွိတယ္။ အဲ့ေတာ့ ကိုယ္ဒီေနရာနဲ႔ လိုက္လား မလိုက္ဘူးလား ဆိုတာကိုလည္း ျပန္သုံးသပ္ဖို႔ လိုတာေပါ့ေနာ္။ သူမ်ားဝတ္တိုင္းလည္း အၿမဲတမ္း လိုက္ဝတ္ရမယ္လို႔ မဆိုလိုဘူးေပါ့ေနာ္။ ဒါေၾကာင့္ ကေလးေတြကိုလည္း ေျပာခ်င္တာက ကိုယ္သြားမယ့္လမ္းေၾကာင္းက ဘာနဲ႔ သြားမွာလည္း ဘယ္လို level မ်ိဳးလည္း ဘယ္လိုအဆင့္အတန္းရွိမယ့္ ေနရာမ်ိဳး သြားမယ္ဆိုတာကေတာ့ လိုအပ္တာေပါ့ေနာ္။ အတုယူပါ ဒါေပမဲ့ ေကာင္းတဲ့အရာကိုပဲ အတုယူေပါ့ေနာ္။”လို႔ ဆိုပါတယ္။
မေအးေသာာင္းတို႔လို ႐ိုး႐ိုးယဥ္ယဥ္ဝတ္လည္း ေအာင္ျမင္ႏိုင္ေၾကာင္းကို ခုလို ေထာက္ခံေျပာဆိုသြားပါတယ္။

“ေဖာ္ခြၽတ္မွ ေအာင္ျမင္မယ္ ဆိုတာႀကီးကိုေတာ့ လုံးဝ သေဘာမတူဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဖာ္တိုင္းလည္း မေအာင္ျမင္ဘူးေပါ့ေနာ္။ အခုေနာက္ပိုင္း စန္းနဲ႔လည္း ဆိုင္တယ္။ ကြၽန္မဆို တစ္ခါတစ္ေလ ေဖာ္ၿပီးေတာ့ တင္တယ္။ အဲ့ဓာတ္ပုံကို share တဲ့သူ ေလးငါးေျခာက္ေယာက္ပဲ ရွိတယ္။ တစ္ခါတစ္ေလ မေဖာ္ဘဲနဲ႔ ဓာတ္ပုံေကာက္ေၾကာင္းတင္ရင္ share တဲ့သူက ရာခ်ီရွိတယ္။ နည္းနည္း ရင့္က်က္လာခ်ိန္မွာေတာ့ ေဖာ္တိုင္းလည္း မေအာင္ျမင္ဘူး ဆိုတာကို ကြၽန္မ သိလာတယ္လို႔ေျပာခဲ့ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဖော်တိုင်းလည်း မအောင်မြင်နိုင်ဘူးဆိုတာ သိလာတယ်ဆိုတဲ့ ဇာဇာထက်

sexy model လုပ်ရင်း အောင်မြင်နေတဲ့ အကိတ်တစ်လိုင်းထဲမှာ ဇာဇာထက်လည်း အပါအဝင်ပါ။ အဖော်အချွတ်တွေရိုက်ရင်း ရေပန်းစား လူသိများခဲ့တဲ့ ဇာဇာထက်က ဘော်ဒီ ကို သေချာထိန်းပြီး ဖက်ရှင်ကို ဂရုစိုက်ဖြစ်တယ်လို့ သိရပါတယ်။ လူငယ်တွေကို အတုယူမမှားဖို့နဲ့ ဖော်ချွတ်မှ အောင်မြင်မယ် ဆိုတာကို လက်မခံကြောင်း ဇာဇာထက်က အင်တာဗျူး တစ်ခုမှာ ခုလို ဖြေကြားသွားပါတယ်။

“ဖက်ရှင်ကတော့ များသောအားဖြင့် IG နဲ့ pinterest ကြည့်တယ်ပေါ့။ တစ်ခါတစ်လေ သူတို့ ဒီဇိုင်းတွေကို ကော်ပီတော့ ကော်ပီပဲ။ ဒါပေမဲ့ နည်းနည်းလေး ပြန်ပြောင်း ချုပ်ထားတာတော့ ရှိတယ်ပေါ့နော်။ သူများတွေနဲ့ လှပေမဲ့ ကိုယ်နဲ့ လှချင်မှ လှမှာ။ နောက်ပိုင်းကျတော့ Body structure မိုက်မှလည်း ကိုယ်က လှလှပပ ဝတ်လို့ရမှာ။

အဲ့ဒါကြောင့် ဘော်ဒီကို သေချာထိန်းပြီး ဖက်ရှင်နဲ့ ပြန်ရောလာတာပေါ့နော်။ အရင်တုန်းက ကိုယ်က ဘော်ဒီ သိပ်မမိုက်ဘဲနဲ့ ပေါ်ရင်ပြီးရောဆိုပြီး လုပ်ခဲ့တဲ့ အရာတွေရှိတယ်။ ခုနောက်ပိုင်းတော့ ဘော်ဒီကို သေချာထိန်းပြီး ဖက်ရှင်ကို ဂရုစိုက် ဖြစ်တယ်ပေါ့နော်။ လူတိုင်းက ဖက်ရှင်ကို စိတ်ဝင်စားနေတဲ့အချိန်မှာ သူများဖက်ရှင်နဲ့ မတိုက်ဖို့လည်း လေ့လာရတာပေါ့နော်။ နောက်ပြီးတော့ ဖက်ရှင်ဆိုတာက တစ်ခြား မင်းသမီးနဲ့ လှပေမဲ့ ကိုယ်နဲ့ လှချင်မှလှမှာ ဆိုတော့ သူများနဲ့ မတူအောင် ရှာဝတ်တယ်။”လို့ ဆိုပါတယ်။

လူငယ်တွေအနေနဲ့ ကောင်းတဲ့အရာကိုသာ အတုယူသင့်ကြောင်း ဇာဇာထက်က ခုလို ဆုံးမသွားပါတယ်။

“အနုပညာသမားတွေ ဝတ်တယ်ဆိုတာက ပွဲအနေအထားပေါ် မူတည်ပြီး ဝတ်တယ်။ နောက်ပြီး အားလုံးက ကိုယ်ပိုင်ကားနဲ့ သွားကြတာဆိုတော့ ဒီပွဲတစ်ချိန် ခဏပဲ ဝတ်ကြတာ။ အပြင်က လူတွေကျတော့ လိုင်းကားတိုးစီးရတာရှိတယ် လမ်းလျှောက်သွားရတာ ရှိတယ်။ အဲ့တော့ ကိုယ်ဒီနေရာနဲ့ လိုက်လား မလိုက်ဘူးလား ဆိုတာကိုလည်း ပြန်သုံးသပ်ဖို့ လိုတာပေါ့နော်။ သူများဝတ်တိုင်းလည်း အမြဲတမ်း လိုက်ဝတ်ရမယ်လို့ မဆိုလိုဘူးပေါ့နော်။ ဒါကြောင့် ကလေးတွေကိုလည်း ပြောချင်တာက ကိုယ်သွားမယ့်လမ်းကြောင်းက ဘာနဲ့ သွားမှာလည်း ဘယ်လို level မျိုးလည်း ဘယ်လိုအဆင့်အတန်းရှိမယ့် နေရာမျိုး သွားမယ်ဆိုတာကတော့ လိုအပ်တာပေါ့နော်။ အတုယူပါ ဒါပေမဲ့ ကောင်းတဲ့အရာကိုပဲ အတုယူပေါ့နော်။”လို့ ဆိုပါတယ်။
မအေးသောာင်းတို့လို ရိုးရိုးယဉ်ယဉ်ဝတ်လည်း အောင်မြင်နိုင်ကြောင်းကို ခုလို ထောက်ခံပြောဆိုသွားပါတယ်။

“ဖော်ချွတ်မှ အောင်မြင်မယ် ဆိုတာကြီးကိုတော့ လုံးဝ သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖော်တိုင်းလည်း မအောင်မြင်ဘူးပေါ့နော်။ အခုနောက်ပိုင်း စန်းနဲ့လည်း ဆိုင်တယ်။ ကျွန်မဆို တစ်ခါတစ်လေ ဖော်ပြီးတော့ တင်တယ်။ အဲ့ဓာတ်ပုံကို share တဲ့သူ လေးငါးခြောက်ယောက်ပဲ ရှိတယ်။ တစ်ခါတစ်လေ မဖော်ဘဲနဲ့ ဓာတ်ပုံကောက်ကြောင်းတင်ရင် share တဲ့သူက ရာချီရှိတယ်။ နည်းနည်း ရင့်ကျက်လာချိန်မှာတော့ ဖော်တိုင်းလည်း မအောင်မြင်ဘူး ဆိုတာကို ကျွန်မ သိလာတယ်လို့ပြောခဲ့ပါတယ်။

share from : burmese.asia