Zawgyi ျဖင့္ဖတ္ရန္

 

၂၀၁၉ ခုႏွစ္ မတ္လ ၁၆ ရက္ေန႔တုန္းက 5G ကြန္ယက္ကို အသံုးျပဳကာ မိုုင္ေပါင္းေထာင္ခ်ီေဝးတဲ့ေနရာမွ စက္ပစၥည္းနဲ႕ခ်ိတ္ဆက္ၿပီး ပထမဦးဆံုး ဦးေႏွာက္ ခြဲစိတ္မႈႀကီးတစ္ခု ေအာင္ျမင္စြာ ၿပီးဆံုးသြားခဲ့ပါၿပီ။ကမၻာအႏွံ႕နွံ႕မွာ 4G ကြန္ယက္ကိုသာ တြင္တြင္က်ယ္က်ယ္ အသံုးျပဳေနၾကတာ ျဖစ္ေပမယ့္ တရုတ္ႏုိင္ငံရဲ႕ အစိုးရဌာနေတြနဲ႔ တခ်ိဳ႕ေသာလုပ္ငန္းႀကီးေတြမွာေတာ့ 5G ကြန္ယက္ကို လုပ္ငန္းသံုးအတြက္ စတင္စမ္းသပ္ အသံုးျပဳေနၾကၿပီ ျဖစ္ပါတယ္။ 5G ကြန္ယက္ကို အသံုးျပဳဖို႔ အတြက္စနစ္ကို တရုတ္စမတ္ဖုန္းေတြျဖစ္တဲ့ Redmi တို႕လိုမ်ိဳးမွာ ထည့္သြင္းထားခဲ့ၿပီျဖစ္ၿပီး ဆက္စပ္ပစၥည္းေတြကိုလည္း OPPO မွ ထုတ္မယ္လို႕လည္း သတင္းေတြရရွိထားပါတယ္။

ပီးခဲ့တဲ့ရက္ပိုင္းတုန္းက 5G ကြန္ယက္ကို အသံုးျပဳကာ ဦးေႏွာက္ခြဲစိတ္ဆရာဝန္ႀကီးတစ္ဦးမွ မိုင္ ၁,၈၀၀ ေက်ာ္ေဝးတဲ့အရပ္ကေန အေဝးထိန္းစနစ္နဲ႔ ခြဲစိတ္မႈျပဳလုပ္ခဲ့ရာ ေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးဆံုးသြားခဲ့တယ္လို႔ ေဒသခံမီဒီယာေတြမွတစ္ဆင့္ သိခဲ့ရပါတယ္။

ေဘဂ်င္းေဆးရံုမွာေဆးရံုတက္ေနတဲ့ ပါကင္ဆန္ေရာဂါလူနာတစ္္ဦးဟာ ဦးေႏွာက္ခဲြစိတ္ဖို႕ လိုအပ္လာခဲ့ပါတယ္။ ခြဲစိတ္မႈကိုေတာ့ ေဘဂ်င္းနဲ႕ မိုင္ ၁၈၀၀ ေလာက္ ကြာေဝးတဲ့ Sanya ၿမိဳ႕မွ ခြဲစိတ္ဆရာဝန္ႀကီးတစ္ဦးျဖစ္တဲ့ Dr Ling Zhipei မွ တာဝန္ယူေဆာင္ရြက္ေပးခဲ့တာပါ။

ကြန္ယက္နဲ႕စက္ပစၥည္းေတြကိုေတာ့ China Mobile နဲ႕ Huawei တို႕မွ အေထာက္အပံ့ေပးထားခဲ့ၿပီး Dr Ling Zhipei မွ Sanya ၿမိဳ႕မွာေနၿပီး ကြန္ျပဴတာကေနတစ္ဆင့္ ေဘဂ်င္းမွာရွိတဲ့ ဦးေႏွာက္ခြဲစိတ္စက္ကို ကိုင္တြယ္ရမွာပဲျဖစ္ပါတယ္။ 5G ကြန္ယက္နဲ႕အေဝးထိန္းစက္သံုးကာ ဦးေႏွာက္ခြဲစိတ္မႈႀကီးဟာ ကမၻာေပၚမွာ ပထမဦးဆံုးျဖစ္ၿပီး အခ်ိန္ ၃ နာရီေက်ာ္ၾကာခဲ့ပါတယ္။

Dr Ling Zhipei ဟာ ေဘဂ်င္းနဲ႕ Hainan ရဲ႕ ၿမိဳ႕ Sanya တုိ႕မွာ တစ္လွည့္စီ ေဆးရံုထုိင္ေနတာပါ။ ေဘဂ်င္းကလူနာကိုခြဲစိတ္မႈလုပ္မယ့္အခ်ိန္ သူဟာ Hainan ရဲ႕ Sanya ေဆးရံုမွာ တာဝန္က်ေနတုန္းအခ်ိန္ႀကီးျဖစ္ေနခဲ့တာပါ။ တိတိက်က် Sanya နဲ႕ ေဘဂ်င္းဟာ မုိင္ပိင္း ၁၈၆၄ မိုင္ကြာေဝးပါတယ္။

ဒီလိုမ်ိဳးကြာေဝးေနတဲ့ၾကားထဲက အေဝးထိန္းစနစ္နဲ႕ နည္းနည္းေလးမွေတာင္အမွားခံလို႕မျဖစ္တဲ့ဦးေႏွာက္ခြဲစိတ္မႈႀကီးကို ျပဳလုပ္မယ္ဆိုေတာ့ စစခ်င္းစိုးရိမ္ရေပမယ့္ တကယ္တမ္း ခြဲစိတ္ေနခ်ိန္မွာေတာ့ လူနာနဲ႕ဆရာဝန္နဲ႕ၾကားထဲ ၁ မုိင္ေတာင္ကြာေဝးတယ္လို႕ မထင္ရေတာ့ဘူးလို႕ Dr Ling Zhipei ကေျပာပါတယ္။

ဒီစနစ္ဟာ ေဆးပညာနယ္ပယ္တစ္ခုလံုးအတြက္ ေျပာင္းလဲမႈအႀကီးဆံုး ေကြ႕ႀကီးတစ္ေကြ႕ျဖစ္ပါတယ္။ ဒီလိုနည္းပညာေတြေၾကာင့္ ကၽြမ္းက်င္ဆရာဝန္မရွိတဲ့ ေတာ္ရံုေဒသေတြမွာေတာင္မွ 5G ကြန္ယက္ရရံုနဲ႕ လူ႕အသက္ေတြကို အလြယ္တကူ ကယ္တင္ႏိုင္ေတာ့မွာပါ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

စမ်းသပ်မှုအောင်မြင်သွားတဲ့ ပထမဆုံး 5G ကွန်ယက်နဲ့ အဝေးထိန်းဦးနှောက်ခွဲစိတ်မှု

၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့တုန်းက 5G ကွန်ယက်ကို အသုံးပြုကာ မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာမှ စက်ပစ္စည်းနဲ့ချိတ်ဆက်ပြီး ပထမဦးဆုံး ဦးနှောက် ခွဲစိတ်မှုကြီးတစ်ခု အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ကမ္ဘာအနှံ့နှံ့မှာ 4G ကွန်ယက်ကိုသာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာ ဖြစ်ပေမယ့် တရုတ်နိုင်ငံရဲ့ အစိုးရဌာနတွေနဲ့ တချို့သောလုပ်ငန်းကြီးတွေမှာတော့ 5G ကွန်ယက်ကို လုပ်ငန်းသုံးအတွက် စတင်စမ်းသပ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ 5G ကွန်ယက်ကို အသုံးပြုဖို့ အတွက်စနစ်ကို တရုတ်စမတ်ဖုန်းတွေဖြစ်တဲ့ Redmi တို့လိုမျိုးမှာ ထည့်သွင်းထားခဲ့ပြီဖြစ်ပြီး ဆက်စပ်ပစ္စည်းတွေကိုလည်း OPPO မှ ထုတ်မယ်လို့လည်း သတင်းတွေရရှိထားပါတယ်။

ပီးခဲ့တဲ့ရက်ပိုင်းတုန်းက 5G ကွန်ယက်ကို အသုံးပြုကာ ဦးနှောက်ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးမှ မိုင် ၁,၈၀၀ ကျော်ဝေးတဲ့အရပ်ကနေ အဝေးထိန်းစနစ်နဲ့ ခွဲစိတ်မှုပြုလုပ်ခဲ့ရာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့တယ်လို့ ဒေသခံမီဒီယာတွေမှတစ်ဆင့် သိခဲ့ရပါတယ်။

ဘေဂျင်းဆေးရုံမှာဆေးရုံတက်နေတဲ့ ပါကင်ဆန်ရောဂါလူနာတစ်ဦးဟာ ဦးနှောက်ခွဲစိတ်ဖို့ လိုအပ်လာခဲ့ပါတယ်။ ခွဲစိတ်မှုကိုတော့ ဘေဂျင်းနဲ့ မိုင် ၁၈၀၀ လောက် ကွာဝေးတဲ့ Sanya မြို့မှ ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ Dr Ling Zhipei မှ တာဝန်ယူဆောင်ရွက်ပေးခဲ့တာပါ။

ကွန်ယက်နဲ့စက်ပစ္စည်းတွေကိုတော့ China Mobile နဲ့ Huawei တို့မှ အထောက်အပံ့ပေးထားခဲ့ပြီး Dr Ling Zhipei မှ Sanya မြို့မှာနေပြီး ကွန်ပြူတာကနေတစ်ဆင့် ဘေဂျင်းမှာရှိတဲ့ ဦးနှောက်ခွဲစိတ်စက်ကို ကိုင်တွယ်ရမှာပဲဖြစ်ပါတယ်။ 5G ကွန်ယက်နဲ့အဝေးထိန်းစက်သုံးကာ ဦးနှောက်ခွဲစိတ်မှုကြီးဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံးဖြစ်ပြီး အချိန် ၃ နာရီကျော်ကြာခဲ့ပါတယ်။

Dr Ling Zhipei ဟာ ဘေဂျင်းနဲ့ Hainan ရဲ့ မြို့ Sanya တို့မှာ တစ်လှည့်စီ ဆေးရုံထိုင်နေတာပါ။ ဘေဂျင်းကလူနာကိုခွဲစိတ်မှုလုပ်မယ့်အချိန် သူဟာ Hainan ရဲ့ Sanya ဆေးရုံမှာ တာဝန်ကျနေတုန်းအချိန်ကြီးဖြစ်နေခဲ့တာပါ။ တိတိကျကျ Sanya နဲ့ ဘေဂျင်းဟာ မိုင်ပိင်း ၁၈၆၄ မိုင်ကွာဝေးပါတယ်။

ဒီလိုမျိုးကွာဝေးနေတဲ့ကြားထဲက အဝေးထိန်းစနစ်နဲ့ နည်းနည်းလေးမှတောင်အမှားခံလို့မဖြစ်တဲ့ဦးနှောက်ခွဲစိတ်မှုကြီးကို ပြုလုပ်မယ်ဆိုတော့ စစချင်းစိုးရိမ်ရပေမယ့် တကယ်တမ်း ခွဲစိတ်နေချိန်မှာတော့ လူနာနဲ့ဆရာဝန်နဲ့ကြားထဲ ၁ မိုင်တောင်ကွာဝေးတယ်လို့ မထင်ရတော့ဘူးလို့ Dr Ling Zhipei ကပြောပါတယ်။

ဒီစနစ်ဟာ ဆေးပညာနယ်ပယ်တစ်ခုလုံးအတွက် ပြောင်းလဲမှုအကြီးဆုံး ကွေ့ကြီးတစ်ကွေ့ဖြစ်ပါတယ်။ ဒီလိုနည်းပညာတွေကြောင့် ကျွမ်းကျင်ဆရာဝန်မရှိတဲ့ တော်ရုံဒေသတွေမှာတောင်မှ 5G ကွန်ယက်ရရုံနဲ့ လူ့အသက်တွေကို အလွယ်တကူ ကယ်တင်နိုင်တော့မှာပါ။

share from : burmese.asia

LEAVE A REPLY