Zawgyi ျဖင့္ဖတ္ရန္

 

ဧရာဝတီတိုင္းေဒသၾကီး ဟသၤာတျမိဳ႕ ဘုရားၾကီးရပ္ကြက္ ငါးမ်က္ႏွာ ဘုရားဝန္း အတြင္း အသက္ (၃) ႏွစ္အရြယ္ ကေလးငယ္တစ္ဦးအား ေငြ(၁)သိန္းေက်ာ္ ခိုးယူသည္ဟု စြပ္စြဲျပီး ရိုက္ႏွက္ကာ မိဘ မ်ားအား ေပးမေတြ႕ပဲ အခန္းတံခါး ပိတ္၍ စစ္ေဆးသျဖင့္ မိဘျဖစ္သူမ်ားမွ ရုိက္ႏွက္သူအား ရဲစခန္းတြင္ အမူ႔ဖြင့္ တိုင္ၾကားထားေၾကာင္း သိရသည္..။

ျဖစ္စဥ္မွာ (25 – 2 -2019)ရက္ေန႔ ေန႔လည္ပိုင္း အခ်ိန္ ဟသၤာတျမိဳ႕ ဘုရားၾကီးရပ္ကြက္ရွိ ငါးမ်က္ႏွာ ဘုရားဝန္းအတြင္း ေနထိုင္သူ ဦးထြန္းထြန္း ေဒၚခင္မိုး၏သားျဖစ္သူ အသက္(၃)ႏွစ္အရြယ္ ေမာင္မင္းခ်စ္ေဝဆိုသည့္ ကေလးငယ္တစ္ဦးအား အမ် ိဳးသမီးတစ္ဦးမွ သူ၏ေငြ (၁)သိန္းေက်ာ္ခန္႔အား ခိုးယူသည္ဟု စြပ္စြဲကာ

ကေလးငယ္၏ ပါး ၊ ေခါင္းႏွင့္ ခႏၡာကိုယ္တို႔အား ရိုက္ႏွက္ျပီး ဘုရားကုန္းေတာ္ေပၚရွိ ဘုရားလူၾကီး ရံုးခန္းသုိ႔ ဆြဲေခၚသြားကာ ဘုရား လူၾကီးမ်ားအား တိုင္တန္းသျဖင့္ လူၾကီးမ်ားမွ အခန္းတံခါး ပိတ္၍ (၁)နာရီေက်ာ္ခန္႕ စစ္ေဆးခဲ႔ပါသည္..။

 

 

ထိုသုိ႔ စစ္ေဆးေနစဥ္ မိဘျဖစ္သူမ်ားမွ သိရွိ၍ လိုက္လာကာ မိဘမ်ားကို ေတြ႕ခြင့္ မေပးေၾကာင္း ၊ ေငြခိုးယူသူအား cctv မွတ္တမ္းတြင္ ေတြ႕ရွိ၍ သိရွိျပီ ျဖစ္ေၾကာင္း ကေလးငယ္၏ မိခင္ျဖစ္သူ၏ ေျပာၾကားခ်က္အရ သိရသည္..။

ကေလးငယ္အား သူခိုးဟု စြပ္စြဲရိုက္ႏွက္ကာ အခန္းတံခါးပိတ္ စစ္ေဆးခဲ႔သျဖင့္ ဖခင္ျဖစ္သူမွ ေဖေဖၚဝါရီ (၂၆)ရက္ နံနက္ (၉း၃၀)နာရီ အခ်ိန္တြင္ အမွတ္(၁)ျမိဳ႕မ ရဲစခန္းသုိ႔သြားေရာက္ကာ တိုင္တန္း၍ အေရးယူေပးရန္ အမူ႔ဖြင့္ခဲ႔ပါသည္…။

ရုပ္သံၾကည့္ရန္

CRD-KyawZayYar(ဧရာနဒီ)

Unicode ဖြင့်ဖတ်ရန်

ငွေတစ်သိန်းကျော်နဲ့ အပြစ်မဲ့ (၃) နှစ် အရွယ် ကလေးကို မှားယွင်းရိုက်နှက် စွတ်စွဲပိတ်လှာင်ပြီး စစ်ဆေးခံခဲ့ရ (ရုပ်သံ)

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက် ငါးမျက်နှာ ဘုရားဝန်း အတွင်း အသက် (၃) နှစ်အရွယ် ကလေးငယ်တစ်ဦးအား ငွေ(၁)သိန်းကျော် ခိုးယူသည်ဟု စွပ်စွဲပြီး ရိုက်နှက်ကာ မိဘ များအား ပေးမတွေ့ပဲ အခန်းတံခါး ပိတ်၍ စစ်ဆေးသဖြင့် မိဘဖြစ်သူများမှ ရိုက်နှက်သူအား ရဲစခန်းတွင် အမူ့ဖွင့် တိုင်ကြားထားကြောင်း သိရသည်..။

ဖြစ်စဉ်မှာ (25 – 2 -2019)ရက်နေ့ နေ့လည်ပိုင်း အချိန် ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက်ရှိ ငါးမျက်နှာ ဘုရားဝန်းအတွင်း နေထိုင်သူ ဦးထွန်းထွန်း ဒေါ်ခင်မိုး၏သားဖြစ်သူ အသက်(၃)နှစ်အရွယ် မောင်မင်းချစ်ဝေဆိုသည့် ကလေးငယ်တစ်ဦးအား အမျ ိုးသမီးတစ်ဦးမှ သူ၏ငွေ (၁)သိန်းကျော်ခန့်အား ခိုးယူသည်ဟု စွပ်စွဲကာ

ကလေးငယ်၏ ပါး ၊ ခေါင်းနှင့် ခန္ခာကိုယ်တို့အား ရိုက်နှက်ပြီး ဘုရားကုန်းတော်ပေါ်ရှိ ဘုရားလူကြီး ရုံးခန်းသို့ ဆွဲခေါ်သွားကာ ဘုရား လူကြီးများအား တိုင်တန်းသဖြင့် လူကြီးများမှ အခန်းတံခါး ပိတ်၍ (၁)နာရီကျော်ခန့် စစ်ဆေးခဲ့ပါသည်..။

ထိုသို့ စစ်ဆေးနေစဉ် မိဘဖြစ်သူများမှ သိရှိ၍ လိုက်လာကာ မိဘများကို တွေ့ခွင့် မပေးကြောင်း ၊ ငွေခိုးယူသူအား cctv မှတ်တမ်းတွင် တွေ့ရှိ၍ သိရှိပြီ ဖြစ်ကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူ၏ ပြောကြားချက်အရ သိရသည်..။

ကလေးငယ်အား သူခိုးဟု စွပ်စွဲရိုက်နှက်ကာ အခန်းတံခါးပိတ် စစ်ဆေးခဲ့သဖြင့် ဖခင်ဖြစ်သူမှ ဖေဖေါ်ဝါရီ (၂၆)ရက် နံနက် (၉း၃၀)နာရီ အချိန်တွင် အမှတ်(၁)မြို့မ ရဲစခန်းသို့သွားရောက်ကာ တိုင်တန်း၍ အရေးယူပေးရန် အမူ့ဖွင့်ခဲ့ပါသည်…။

ရုပ်သံကြည့်ရန်

CRD-KyawZayYar(ဧရာနဒီ)