Zawgyi ဖြင့်ဖတ်ရန်

 




 

 

ကျွန်​​တော့်​ကို YU ​ကျောင်းသား​/သူ ​တွေဖွဲ့စည်းထားတဲ့ YU ​ကျောင်းသားအဖွဲ့အစည်းက ညီငယ်​​လေး​တွေက YU ​ကျောင်းသင်္ကြန်​ အတွက်​ ​ဖျော်​​ဖြေ​ပေးဖို့ ​လေး​လေးစားစားဖိတ်​ကြားလို့ကျွန်​​တော်​လည်း ​လေး​လေးစားစား အ​လေးထားပြီး လာ​ဖျော်​​ဖြေ​ပေးခဲ့တာပါခင်​ဗျာ အဲဒီ​နေ့က ​ကျောင်းသား​တွေ​ပျော်​ကြတယ်​ကျွန်​​တော်​လည်း ​ပျော်​ခဲ့တယ်​ကျွန်​​တော်​က YU ​​ကျောင်းမှာ ပညာမသင်​ခဲ့ရ​ပေမယ့်​ကျွန်​​တော်​က လူ့အသိုင်းအဝိုင်းထဲမှာ လူသားဆန်​စွာ ​နေထိုင်​တတ်​ပါတယ်​ကျွန်​​တော့်​မှာ လူအချင်းချင်း စာနာတတ်​တဲ့စိတ်​မျိုးရှိပါတယ်​လူ​အချင်းချင်း ကူညီတတ်​တဲ့စိတ်​မျိုးရှိပါတယ်

ကျွန်​​တော့်​မှာ ကိုယ်​ဖြစ်​ချင်​တဲ့ ကိုယ့်​ရည်​မှန်းချက်​ကို ဖြစ်​​မြောက်​​အောင်​ ကြိုးစားပြီး လုပ်​နိုင်​တဲ့ အရည်​အချင်းမျိုးလည်း ရှိပါတယ်​ကျွန်​​တော့့်မှာလူ​တွေ​ကို ​ပျော်​ရွှင်​​စေချင်​တဲ့ စိတ်​ထားမျိုးလည်း ရှိပါတယ်​ ပြီး​တော့ ကျွန်​​တော့်​မှာ လူ​တွေကို ချစ်​ခင်​တတ်​တဲ့စိတ်​မျိုးလည်း ရှိပါတယ်​ မိသားစုကိုလည်း အလုပ်​အ​ကျွေးပြုနိုင်​တဲ့ လူတစ်​​ယောက်​ပါကျွန်​​တော်​က စာတတ်​​ပေတတ်​ တစ်​​ယောက်​မဟုတ်​​ပေမယ့်​​လောကီ ​လောကုတ္တရာ စာ​ပေအများအပြားကို​လည်း​လေ့လာသင်​ယူပြီး သိတဲ့ လူတစ်​​ယောက်​ပါ




Unicode ဖြင့်ဖတ်ရန်

ဆယ်တန်း မအောင်လို့ နှိမ်တဲ့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်ကို ပညာရှင်ဆန်ဆန် တုံ့ပြန်လိုက်တဲ့ အောင်ထက်

အခုလိုအောင်မြင်လာကြတဲ့သူတွေထဲမှာ အိမ်မက်ဆုံရာ(ရာသက်ပန်) ကနေ ပရိသတ် အသိအမှတ်ပြုကြတဲ့ အဆိုတော် အောင်ထက်တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်း တစ်ပိုင်းတစ်စ နဲ့လုံခြုံရေးဝန်ထမ်းလေးတစ်ယောက်အဖြစ် ရပ်တည်ခဲ့ရတဲ့ တစ်ချိန်က အောင်ထက်ဟာ အခုတော့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်လာခဲ့ပါတယ် ၊ ဒါပေမယ့် ဒီအားနည်းချက်ကို အသုံးချပြီး လူမှုကွန်ရက်ပေါ်ကနေ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာတဲ့အပေါ် အောင်ထက် က လူမှုကွန်ရက်စာမျက်နှာကနေပြန်လည်ဖြေရှင်းထားတာပါ။

တင်ဝေဝေသော်ဆိုတဲ့ အကောင့် ကနေ တိုက်ခိုက်လာတဲ့စကားလုံးတွေကို အောင်ထက်က “စိတ်မကောင်းဖြစ်ရပါတယ် YU ကျောင်းက မတင်ဝေဝေသော် ရေအခုလို ကျွန်တော့်ကိုပြောချင်တဲ့ စိတ်တစ်ခုတည်းကြောင့်နဲ့တော့မတင်ဝေဝေသော် တက်ထား တတ်ထား အတန်းပညာ အသိပညာတွေကို အဆင့်မချလိုက်ပါနဲ့မတင်ဝေဝေသော် ကြောင့် မိဘ ပညာသင်ပေးတဲ့ ဆရာ ဆရာမ ပြီးတော့ YU လို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ်က အရည်အချင်းရှိပြီး အတွေးခေါ်ကောင်းတွေနဲ့ ကြိုးစားပညာသင်ယူနေကြတဲ့ တခြားကျောင်းသား ကျောင်းသူတွေကို မထိခိုက်စေပါနဲ့ လို့ ကျွန်တော်အကြံပြုလိုက်ပါရစေ ခင်ဗျာ

ကျွန်တော့်ကို YU ကျောင်းသား/သူ တွေဖွဲ့စည်းထားတဲ့ YU ကျောင်းသားအဖွဲ့အစည်းက ညီငယ်လေးတွေက YU ကျောင်းသြင်္ကန် အတွက် ဖျော်ဖြေပေးဖို့ လေးလေးစားစားဖိတ်ကြားလို့ကျွန်တော်လည်း လေးလေးစားစား အလေးထားပြီး လာဖျော်ဖြေပေးခဲ့တာပါခင်ဗျာ အဲဒီနေ့က ကျောင်းသားတွေပျော်ကြတယ်ကျွန်တော်လည်း ပျော်ခဲ့တယ်ကျွန်တော်က YU ကျောင်းမှာ ပညာမသင်ခဲ့ရပေမယ့်ကျွန်တော်က လူ့အသိုင်းအဝိုင်းထဲမှာ လူသားဆန်စွာ နေထိုင်တတ်ပါတယ်ကျွန်တော့်မှာ လူအချင်းချင်း စာနာတတ်တဲ့စိတ်မျိုးရှိပါတယ်လူအချင်းချင်း ကူညီတတ်တဲ့စိတ်မျိုးရှိပါတယ်

ကျွန်တော့်မှာ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ရည်မှန်းချက်ကို ဖြစ်မြောက်အောင် ကြိုးစားပြီး လုပ်နိုင်တဲ့ အရည်အချင်းမျိုးလည်း ရှိပါတယ်ကျွန်တော့်မှာလူတွေကို ပျော်ရွှင်စေချင်တဲ့ စိတ်ထားမျိုးလည်း ရှိပါတယ် ပြီးတော့ ကျွန်တော့်မှာ လူတွေကို ချစ်ခင်တတ်တဲ့စိတ်မျိုးလည်း ရှိပါတယ် မိသားစုကိုလည်း အလုပ်အကျွေးပြုနိုင်တဲ့ လူတစ်ယောက်ပါကျွန်တော်က စာတတ်ပေတတ် တစ်ယောက်မဟုတ်ပေမယ့်လောကီ လောကုတ္တရာ စာပေအများအပြားကိုလည်းလေ့လာသင်ယူပြီး သိတဲ့ လူတစ်ယောက်ပါ

ဒီစာ ဒီ Post ကို ရေးတင်ခြင်းကလည်း မတင်ဝေဝေသော် ကို ထိခိုက်စေလိုတဲ့ စိတ်ဆန္ဒလုံးဝ လုံးဝမရှိပါဘူးခင်ဗျာသိစေချင်ယုံသက်သက်ပါ*လောကမှာ လူတိုင်းက ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာတွေအတွက် ကိုယ့်အတွက် လိုအပ်တဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ ပညာအသီးသီးကို ကိုယ်စီသင်ယူကြရပါတယ် ကျွန်တော့်အတွက်က YU ကျောင်းမှာ ပညာသင်ယူဖို့ထက်ဂီတနဲ့ပက်သက်တဲ့ ပညာတွေကိုပဲ ပိုစိတ်ဝင်စားပါတယ်

လူတွေမှာ ရွေးချယ်မှုနဲ့ ကိုယ်ဘာလုပ်မယ်ဆိုတာကို ရွေးချယ်တတ်ဖို့ပဲ အရေးကြီးပါတယ် * လို့ပြောရင်း ကျွန်တော့်ရဲ့စကားတွေကို အဆုံးသတ်လိုက်ပါတယ် မတင်ဝေဝေသော် ရေမတင်ဝေဝေသော် လည်း အခု* တက်ထား တတ်ထား *တဲ့ပညာတွေနဲ့ ကိုယ့်ဘဝကို လှပအောင်ခြယ်သ နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်”ရေးသားပြီး ထွက်ရှိထားတဲ့ သီချင်း အယ်လ်ဘမ် ငါးချပ် ရဲ့ နာမည်တွေကို ပြန်လည်ဖော်ပြလိုက်တာကိုတွေ့ရပါတယ်။ပရိသတ်ကြီးလည်း အောင်ထက် ရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး အမြင်တွေ သဘောထားတွေ မှတ်ချက်ပေးခဲ့ကြပါဦး။

share from : burmese.asia