Zawgyi ျဖင့္ဖတ္ရန္

 

ဂ်ပန္ လက္ေဝွ႔သမားႏွင့္ ေ႐ႊခါးပတ္ ကာကြယ္ပြဲအျဖစ္ ဒုတိယအႀကိမ္ ထိုးသတ္မည့္ပြဲကို အခမဲ့႐ုပ္သံလိုင္းျဖစ္သည့္ MNTV ႐ုပ္သံလိုင္းကပါ တိုက္႐ိုက္ျပသမည္ျဖစ္သည္။

ယင္းပြဲကို ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕၌ မတ္လ ၃၁ ရက္တြင္ က်င္းပမည္ျဖစ္ၿပီး ေအာင္လအန္ဆန္းမွာ မစ္ဒယ္ဝိတ္တန္းေ႐ႊခါးပတ္ခ်န္ပီယံဆုကို ၿပိဳင္ဘက္ေဟာင္း ဟာဆဲဂါဝါႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္သည္။

အဆိုပါပြဲစဥ္ကို အခေပး႐ုပ္သံလိုင္း ျဖစ္သည့္ SKY NET Sports ႏွင့္ အခမဲ့႐ုပ္သံလိုင္းျဖစ္သည့္ MNTV ႐ုပ္သံလိုင္းတို႔တြင္ တိုက္႐ိုက္ျပသမည္ျဖစ္ေၾကာင္း ယင္း႐ုပ္သံလိုင္းမ်ားက ထုတ္ျပန္လိုက္သည္။

ယင္းၿပိဳင္ပြဲတြင္ ေအာင္လအန္ဆန္း၏ ေ႐ႊခါးပတ္ ကာကြယ္ပြဲအျပင္ အျခားေ႐ႊခါးပတ္ဆုရွင္မ်ား၏ ေ႐ႊခါးပတ္ ကာကြယ္ပြဲမ်ားလည္း ထည့္သြင္းက်င္းပမည္ျဖစ္ၿပီး ျမန္မာစံေတာ္ခ်ိန္ ညေနေလးနာရီမွ စတင္ကာ အဆိုပါ ႐ုပ္သံလိုင္းမ်ားတြင္ ထုတ္လႊင့္ျပသေပးသြားမည္ျဖစ္သည္။

ယင္းပြဲမွာ ဂ်ပန္ႏိုင္ငံတြင္ ထိုးသတ္ရမည္ျဖစ္သည့္အျပင္ ဂ်ပန္ႏိုင္ငံမွ နံပါတ္တစ္ တိုက္ခိုက္ေရးသမားျဖစ္သူ ဟာဆဲဂါဝါႏွင့္ ထိုးသတ္ရမည္ ျဖစ္ေသာ္လည္း ျပည္ပတြင္ ပြဲမ်ားစြာထိုးသတ္ခဲ့ဖူးသည့္ အေတြ႕အႀကဳံမ်ားစြာရွိသည့္အတြက္ အခက္အခဲရွိမည္မဟုတ္ဘဲ ဂ်ပန္ေရာက္ ျမန္မာပရိသတ္မ်ား လာေရာက္ အားေပးေစလိုေၾကာင္း ေအာင္လအန္ဆန္းက ေျပာၾကားထားသည္။

 

ဟာဆဲဂါဝါႏွင့္ ေအာင္လအန္ဆန္းတို႔သည္ ၂၀၁၈ ခုႏွစ္အတြင္းက ျမန္မာႏိုင္ငံတြင္ ထိုးသတ္ခဲ့ဖူးၿပီး ယင္းပြဲတြင္ ပြဲခ်ီငါးခ်ီျပည့္သည့္အထိ အႀကိတ္အနယ္ ထိုးသတ္ခဲ့ၾကကာ ေအာင္လအန္ဆန္းက အမွတ္ျဖင့္ မစ္ဒယ္ဝိတ္တန္း ေ႐ႊခါးပတ္ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ခဲ့သည့္အျပင္ ယင္းပြဲမွာ ၂၀၁၈ ခုႏွစ္အတြက္ MMA အေကာင္းဆုံးပြဲဆုကို ရယူႏိုင္ခဲ့သည္။

(ယခုေဖာ္ျပပါသတင္းကို The Voice daily ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပပါသည္။)

Unicode ဖြင့်ဖတ်ရန်

အောင်လအန်ဆန် ၏ ရွှေခါးပတ်ကာကွယ်ပွဲ MNTV ရုပ်သံလိုင်းတွင် တိုက်ရိုက်ပြမည်

ဂျပန် လက်ဝှေ့သမားနှင့် ရွှေခါးပတ် ကာကွယ်ပွဲအဖြစ် ဒုတိယအကြိမ် ထိုးသတ်မည့်ပွဲကို အခမဲ့ရုပ်သံလိုင်းဖြစ်သည့် MNTV ရုပ်သံလိုင်းကပါ တိုက်ရိုက်ပြသမည်ဖြစ်သည်။

ယင်းပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ မတ်လ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်းမှာ မစ်ဒယ်ဝိတ်တန်းရွှေခါးပတ်ချန်ပီယံဆုကို ပြိုင်ဘက်ဟောင်း ဟာဆဲဂါဝါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို အခပေးရုပ်သံလိုင်း ဖြစ်သည့် SKY NET Sports နှင့် အခမဲ့ရုပ်သံလိုင်းဖြစ်သည့် MNTV ရုပ်သံလိုင်းတို့တွင် တိုက်ရိုက်ပြသမည်ဖြစ်ကြောင်း ယင်းရုပ်သံလိုင်းများက ထုတ်ပြန်လိုက်သည်။

ယင်းပြိုင်ပွဲတွင် အောင်လအန်ဆန်း၏ ရွှေခါးပတ် ကာကွယ်ပွဲအပြင် အခြားရွှေခါးပတ်ဆုရှင်များ၏ ရွှေခါးပတ် ကာကွယ်ပွဲများလည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေလေးနာရီမှ စတင်ကာ အဆိုပါ ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။

ယင်းပွဲမှာ ဂျပန်နိုင်ငံတွင် ထိုးသတ်ရမည်ဖြစ်သည့်အပြင် ဂျပန်နိုင်ငံမှ နံပါတ်တစ် တိုက်ခိုက်ရေးသမားဖြစ်သူ ဟာဆဲဂါဝါနှင့် ထိုးသတ်ရမည် ဖြစ်သော်လည်း ပြည်ပတွင် ပွဲများစွာထိုးသတ်ခဲ့ဖူးသည့် အတွေ့အကြုံများစွာရှိသည့်အတွက် အခက်အခဲရှိမည်မဟုတ်ဘဲ ဂျပန်ရောက် မြန်မာပရိသတ်များ လာရောက် အားပေးစေလိုကြောင်း အောင်လအန်ဆန်းက ပြောကြားထားသည်။

ဟာဆဲဂါဝါနှင့် အောင်လအန်ဆန်းတို့သည် ၂၀၁၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင် ထိုးသတ်ခဲ့ဖူးပြီး ယင်းပွဲတွင် ပွဲချီငါးချီပြည့်သည့်အထိ အကြိတ်အနယ် ထိုးသတ်ခဲ့ကြကာ အောင်လအန်ဆန်းက အမှတ်ဖြင့် မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည့်အပြင် ယင်းပွဲမှာ ၂၀၁၈ ခုနှစ်အတွက် MMA အကောင်းဆုံးပွဲဆုကို ရယူနိုင်ခဲ့သည်။

(ယခုဖော်ပြပါသတင်းကို The Voice daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည်။)

LEAVE A REPLY