Zawgyi ျဖင့္ဖတ္ရန္

 

ယေန႔ေခတ္လူသားေတြဟာ စစ္ေဘး၊ ဆင္းရဲမြဲေတမႈ၊ အစာငတ္မြတ္ေခါင္းပါးမႈ၊ ေလထုညစ္ညမ္းမႈစတဲ့ ျပႆနာႀကီးေတြကို ရင္ဆိုင္ႀကဳံေတြ႕ေနရပါတယ္။ ဒီလိုျပႆနာေတြကို ႐ုတ္တရက္ၾကည့္လိုက္တဲ့အခါ မေျဖရွင္းႏိုင္ဘူးလို႔ ထင္ရပါတယ္။ ဒါေပမယ့္ မေျဖရွင္းႏိုင္ဘူးဆိုၿပီး ဒီတိုင္းပစ္မထားပဲ တစ္ေထာင့္တစ္ေနရာကေန လူသားေတြရဲ႕ အက်ိဳးကို သယ္ပိုးေနသူေတြလည္း ရွိပါတယ္။ ဒီထဲမွာ အင္းဂရစ္ဗာကာဒီယက္ဇ္ဆိုသူ အမ်ိဳးသမီး ရဲ႕ စြမ္းေဆာင္ခ်က္ကေတာ့ ေလးစားအားက်ဖြယ္ပါ။

အင္းဂရစ္ ဟာ ဘိုလီးဗီးယားႏိုင္ငံက ေရွ႕ေနမ တစ္ဦး ျဖစ္ပါတယ္။ ေရွ႕ေနတစ္ဦးေပမယ့္ အင္းဂရစ္က ဗိသုကာပညာရပ္ကို သူမဘာသာသူမ ေလ့လာခဲ့ပါတယ္။ အခုဆိုရင္ေတာ့ အင္းဂရစ္ဟာ သူမတတ္ထားတဲ့ ဗိသုကာပညာရပ္နဲ႔ မိသားစုေပါင္းမ်ားစြာတို႔အတြက္ ဘူးခြံအိမ္ေလးေတြ ေဆာက္လုပ္ေပးခဲ့ၿပီး ျဖစ္ပါတယ္။ အတုယူစရာေကာင္းလွတဲ့ အင္းဂရစ္ရဲ႕ အေၾကာင္းကိုေတာ့ စာဖတ္သူေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။

အရာအားလုံးဟာ အင္းဂရစ္ရဲ႕ ေနာက္ေဖးၿခံထဲမွာရွိတဲ့ ပလတ္စတစ္ဘူးခြံေတြကေန တဆင့္ စတင္ခဲ့ပါတယ္။ အင္းဂရစ္ဟာ သူမေနထိုင္ရာ အိမ္ေနာက္ေဖးၿခံထဲမွာ ပလတ္စတစ္ဘူးခြံေတြ အမ်ားႀကီးရွိပါတယ္။ တစ္ေန႔ေတာ့ ဘူးခြံေတြကို ၾကည့္ၿပီး အင္းဂရစ္ရဲ႕ အမ်ိဳးသားက ဘူးခြံေတြမ်ားလိုက္တာမ်ား၊ အိမ္တစ္လုံးေတာင္ ေဆာက္လို႔ရတယ္လို႔ စေနာက္လိုက္ရာကစၿပီး အင္းဂရစ္က အႀကံရသြားခဲ့တာပါ။ ပလတ္စတစ္ဘူးခြံေတြကို ဒီအတိုင္းအမႈိက္အျဖစ္ ထားမယ့္အစား လိုအပ္ေနတဲ့ သူေတြအတြက္ အိမ္ေဆာက္ေပးလိုက္ရင္ ဘယ္လိုေနမလဲ… သူမက ဒီလိုစဥ္းစားတာပါ။

 

 

ပလစ္စတစ္ဘူးခြံအိမ္တစ္လုံးရဲ႕ ေနာက္ကြယ္က နည္းပညာကေတာ့ ႐ိုးရွင္းေပမယ့္ အခ်ိန္ေတာ္ေတာ္ေပးရပါတယ္။ အုတ္ေတြက ေဈးႀကီးတဲ့အတြက္ အုတ္ေတြအစား ပလတ္စတစ္ဘူးခြံေဟာင္းေတြကို အသုံးျပဳပါတယ္။ ဘူးခြံေတြကေတာ့ စုေဆာင္းရလြယ္ပါတယ္။ ၿမိဳ႕ႀကီးျပႀကီးေတြရဲ႕ လမ္းေဘးေတြမွာ ေပါမွေပါပါပဲ။ ပထမဆုံးလုပ္ရမွာက ပလတ္စတစ္ဘူးခြံ သို႔မဟုတ္ ပုလင္းခြံအလြတ္ေတြကို လိုက္ေကာက္ၿပီး စုေဆာင္းရတာပါ။ ၿပီးတဲ့အခါ ဘူးခြံထဲကို သဲ သို႔မဟုတ္ အမႈိက္အစအနေတြကို အေလးခ်ိန္ရွိေအာင္ ျဖည့္ရပါတယ္။ ၿပီးခဲ့တဲ့ ျဖည့္ၿပီးတဲ့ဘူးေတြကို သာမန္အိမ္ေဆာက္တဲ့အခါ အုတ္စီသလိုမ်ိဳး စီထားရတာ ျဖစ္ပါတယ္။

အင္းဂရစ္ဟာ အရင္တုန္းက ဗိသုကာပညာရပ္မွာ အေတြ႕အႀကဳံလည္း မရွိပါပဲ ဒီနည္းနဲ႔ အိမ္ေတြ လိုက္ေဆာက္ေပးေနတာ အလုံး(၃၀၀) ေက်ာ္ေနပါၿပီ။ ပလတ္စတစ္ဘူးခြံေဟာင္း၊ ပုလင္းခြံအလြတ္ေပါင္းကို သန္းနဲ႔ခ်ီ အသုံးျပဳထားလို႔ ပတ္ဝန္းက်င္အတြက္လည္း ေကာင္း၊ လူေတြအတြက္လည္း အက်ိဳးမ်ားေစတဲ့ ဖန္တီးမႈလည္း ျဖစ္ပါတယ္။ ဒီေတာ့ အိမ္တစ္လုံးေဆာက္ဖို႔ ပုလင္း/ ဘူး အခြံ ဘယ္ႏွစ္လုံးေလာက္ လိုမလဲဆိုေတာ့ (၁,၈၃၀) စတုရန္းေပအတြက္ ပလတ္စတစ္ဘူးေပါင္း (၃၆,၀၀၀) ေလာက္လိုမွာပါ။ လက္ရွိမွာေတာ့ အင္းဂရစ္ဟာ သူမရဲ႕ တန္ဖိုးနည္း အိမ္ေဆာက္နည္းပညာကို အျခားသူေတြဆီ ျဖန႔္ေဝလ်က္ရွိၿပီး ပလတ္စတစ္ဘူးနဲ႔ အိမ္ေဆာက္တဲ့ ပေရာဂ်က္ေတြမွာလည္း ပါဝင္ကူညီေနတယ္လို႔ သိရပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

နွမ်းပါးသူတွေကို ဘူးခွံ/ ပုလင်းခွံတွေနဲ့ အိမ်လိုက်ဆောက်ပေးနေတဲ့ ဘိုလီးဗီးယန်းသူ

ယနေ့ခေတ်လူသားတွေဟာ စစ်ဘေး၊ ဆင်းရဲမွဲတေမှု၊ အစာငတ်မွတ်ခေါင်းပါးမှု၊ လေထုညစ်ညမ်းမှုစတဲ့ ပြဿနာကြီးတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒီလိုပြဿနာတွေကို ရုတ်တရက်ကြည့်လိုက်တဲ့အခါ မဖြေရှင်းနိုင်ဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် မဖြေရှင်းနိုင်ဘူးဆိုပြီး ဒီတိုင်းပစ်မထားပဲ တစ်ထောင့်တစ်နေရာကနေ လူသားတွေရဲ့ အကျိုးကို သယ်ပိုးနေသူတွေလည်း ရှိပါတယ်။ ဒီထဲမှာ အင်းဂရစ်ဗာကာဒီယက်ဇ်ဆိုသူ အမျိုးသမီး ရဲ့ စွမ်းဆောင်ချက်ကတော့ လေးစားအားကျဖွယ်ပါ။

အင်းဂရစ် ဟာ ဘိုလီးဗီးယားနိုင်ငံက ရှေ့နေမ တစ်ဦး ဖြစ်ပါတယ်။ ရှေ့နေတစ်ဦးပေမယ့် အင်းဂရစ်က ဗိသုကာပညာရပ်ကို သူမဘာသာသူမ လေ့လာခဲ့ပါတယ်။ အခုဆိုရင်တော့ အင်းဂရစ်ဟာ သူမတတ်ထားတဲ့ ဗိသုကာပညာရပ်နဲ့ မိသားစုပေါင်းများစွာတို့အတွက် ဘူးခွံအိမ်လေးတွေ ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အတုယူစရာကောင်းလှတဲ့ အင်းဂရစ်ရဲ့ အကြောင်းကိုတော့ စာဖတ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

အရာအားလုံးဟာ အင်းဂရစ်ရဲ့ နောက်ဖေးခြံထဲမှာရှိတဲ့ ပလတ်စတစ်ဘူးခွံတွေကနေ တဆင့် စတင်ခဲ့ပါတယ်။ အင်းဂရစ်ဟာ သူမနေထိုင်ရာ အိမ်နောက်ဖေးခြံထဲမှာ ပလတ်စတစ်ဘူးခွံတွေ အများကြီးရှိပါတယ်။ တစ်နေ့တော့ ဘူးခွံတွေကို ကြည့်ပြီး အင်းဂရစ်ရဲ့ အမျိုးသားက ဘူးခွံတွေများလိုက်တာများ၊ အိမ်တစ်လုံးတောင် ဆောက်လို့ရတယ်လို့ စနောက်လိုက်ရာကစပြီး အင်းဂရစ်က အကြံရသွားခဲ့တာပါ။ ပလတ်စတစ်ဘူးခွံတွေကို ဒီအတိုင်းအမှိုက်အဖြစ် ထားမယ့်အစား လိုအပ်နေတဲ့ သူတွေအတွက် အိမ်ဆောက်ပေးလိုက်ရင် ဘယ်လိုနေမလဲ… သူမက ဒီလိုစဉ်းစားတာပါ။

ပလစ်စတစ်ဘူးခွံအိမ်တစ်လုံးရဲ့ နောက်ကွယ်က နည်းပညာကတော့ ရိုးရှင်းပေမယ့် အချိန်တော်တော်ပေးရပါတယ်။ အုတ်တွေက ဈေးကြီးတဲ့အတွက် အုတ်တွေအစား ပလတ်စတစ်ဘူးခွံဟောင်းတွေကို အသုံးပြုပါတယ်။ ဘူးခွံတွေကတော့ စုဆောင်းရလွယ်ပါတယ်။ မြို့ကြီးပြကြီးတွေရဲ့ လမ်းဘေးတွေမှာ ပေါမှပေါပါပဲ။ ပထမဆုံးလုပ်ရမှာက ပလတ်စတစ်ဘူးခွံ သို့မဟုတ် ပုလင်းခွံအလွတ်တွေကို လိုက်ကောက်ပြီး စုဆောင်းရတာပါ။ ပြီးတဲ့အခါ ဘူးခွံထဲကို သဲ သို့မဟုတ် အမှိုက်အစအနတွေကို အလေးချိန်ရှိအောင် ဖြည့်ရပါတယ်။ ပြီးခဲ့တဲ့ ဖြည့်ပြီးတဲ့ဘူးတွေကို သာမန်အိမ်ဆောက်တဲ့အခါ အုတ်စီသလိုမျိုး စီထားရတာ ဖြစ်ပါတယ်။

အင်းဂရစ်ဟာ အရင်တုန်းက ဗိသုကာပညာရပ်မှာ အတွေ့အကြုံလည်း မရှိပါပဲ ဒီနည်းနဲ့ အိမ်တွေ လိုက်ဆောက်ပေးနေတာ အလုံး(၃၀၀) ကျော်နေပါပြီ။ ပလတ်စတစ်ဘူးခွံဟောင်း၊ ပုလင်းခွံအလွတ်ပေါင်းကို သန်းနဲ့ချီ အသုံးပြုထားလို့ ပတ်ဝန်းကျင်အတွက်လည်း ကောင်း၊ လူတွေအတွက်လည်း အကျိုးများစေတဲ့ ဖန်တီးမှုလည်း ဖြစ်ပါတယ်။ ဒီတော့ အိမ်တစ်လုံးဆောက်ဖို့ ပုလင်း/ ဘူး အခွံ ဘယ်နှစ်လုံးလောက် လိုမလဲဆိုတော့ (၁,၈၃၀) စတုရန်းပေအတွက် ပလတ်စတစ်ဘူးပေါင်း (၃၆,၀၀၀) လောက်လိုမှာပါ။ လက်ရှိမှာတော့ အင်းဂရစ်ဟာ သူမရဲ့ တန်ဖိုးနည်း အိမ်ဆောက်နည်းပညာကို အခြားသူတွေဆီ ဖြန့်ဝေလျက်ရှိပြီး ပလတ်စတစ်ဘူးနဲ့ အိမ်ဆောက်တဲ့ ပရောဂျက်တွေမှာလည်း ပါဝင်ကူညီနေတယ်လို့ သိရပါတယ်။

share from : burmese.asia

LEAVE A REPLY