Zawgyi ျဖင့္ဖတ္ရန္

မိသားစုတစ္စုဟာ သူတို႔ရဲ႕ အိမ္ထပ္ခိုးမွာ အိႏိၵယႏိုင္ငံက ရတနာ ပစၥည္းေတြကို ေတြ႔ရွိၿပီးေနာက္ပိုင္း ညတြင္းခ်င္း မီလ်ံနာေတြ ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။ ရတနာပစၥည္းေတြကို ၄င္းတို႔ရဲ႕ ဘိုးေဘးတစ္ဦးျဖစ္တဲ့ ၿဗိတိန္စစ္တပ္အရာရွိတစ္ဦးကေန အိႏိၵယႏိုင္ငံ မိုင္ဆိုးၿမိဳ႕စား ဆူလ္တန္တီပုရဲ႕ နန္းေတာ္ကေန ယူေဆာင္လာခဲ့တာ ျဖစ္ပါတယ္။ ဆူလ္တန္ဦးေဆာင္တဲ့ အိႏိၵယလြတ္ေျမာက္ေရးတပ္သားေတြဟာ (၁၇၉၉) ခုႏွစ္မွာ ၿဗိတိန္၀ယ္လင္တန္ၿမိဳ႕စားရဲ႕ လက္ေအာက္မွာ ရံႈးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ထိုစဥ္တုန္းက ၿဗိတိသွ်ေတြကို ေနာက္ဆံုးခုခံတိုက္ခိုက္ခဲ့တဲ့ အိႏိၵယတပ္သားေတြရဲ႕ လက္နက္ေတြထဲမွာ “Tiger of Mysore” ဆိုတဲ့ ေသနတ္တစ္လက္လည္း ပါ၀င္ပါတယ္။

၄င္းေသနတ္ဟာ စစ္ပြဲမွာ တီပုတစ္ဦးတည္း ကိုင္ေဆာင္ခဲ့တဲ့လက္နက္ျဖစ္ၿပီး က်ားစင္းသ႑ာန္ ဒီဇိုင္းပံုနဲ႔ ျဖစ္ပါတယ္။ ဒါ့အျပင္ ေရႊမံထားတဲ့ ဖီရန္ဂီဓားကိုလည္း ရွာေဖြေတြ႔ရွိခဲ့ပါတယ္။ ဖီရန္ဂီဓါးဟာ ဆူလ္တန္တီပုရဲ႕ ဖခင္ျဖစ္တဲ့ ေဟဒါအလီခန္းရဲ႕ အမွတ္အသားတစ္ခုလည္း ျဖစ္ပါတယ္။ စတုတၳအၾကိမ္ေျမာက္ အင္ဂလို-မိုင္ဆိုး စစ္ပြဲအၿပီးမွာေတာ့ ဖမ္းဆီးရမိခဲ့တဲ့ လက္နက္ေတြကို ေမဂ်ာေသာမတ္စ္ဟာ့တ္ကေန ၿဗိတိန္ကို ယူေဆာင္လာခဲ့တာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ေသာမတ္စ္ဟာ့တ္ရဲ႕ မိသားစုက ၄င္းလက္နက္ေတြကို မ်ိဳးရိုးစဥ္ဆက္ သိမ္းဆည္းထားခဲ့ရာက ယခုဇနီးေမာင္ႏွံလက္ထက္ ေရာက္တဲ့အထိပါပဲ။

 

 

တန္ဖိုးၾကီးတဲ့ ေရွးေဟာင္းပစၥည္းေတြဟာ သူတို႔မိသားစုအိမ္ရဲ႕ ဖုန္ေတြ အလိမ္းလိမ္းတက္ေနတဲ့ ထပ္ခိုးခန္းထဲမွာ သတင္းစာစကၠဴေတြနဲ႔ ရစ္ပတ္ရင္း ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ရွိေနခဲ့တာ ျဖစ္ပါတယ္။ တကယ္လို႔သာ ၄င္းပစၥည္းေတြကို ေလလံတင္မယ္ဆိုရင္ ေပါင္သန္းေပါင္းမ်ားစြာနဲ႔ ေလလံေအာင္လိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။ (၂၀၁၆) ခုႏွစ္တုန္းက ဆူလ္တန္တီပုရဲ႕ ပစၥည္းတစ္ခုေလးတစ္ခုကုိ ေလလံတင္ရာမွာတင္ ေပါင္(၆) သန္းေလာက္ ရခဲ့တာမို႔ အခုလို သမုိင္းရဲ႕ အေရးပါတဲ့ ပစၥည္းေတြကို ေလလံတင္ရင္ ဒီထက္မက ရလိမ့္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

 

 

ေလလံသမားတစ္ဦးျဖစ္တဲ့ အန္တိုနီခရစ္ဘ္ကေတာ့ အခုလို ဆိုပါတယ္။ “အခု ေတြ႔လာတဲ့ ပစၥည္းေတြကို ဘယ္ေလာက္ တန္ဖိုးျဖတ္ရမလဲဆိုတာ မဆိုႏိုင္ဘူး။ ဆူလ္တန္တီပုနဲ႔ ပတ္သက္ၿပီး အရင္တုန္းက ကြ်န္ေတာ္ေရာင္းလိုက္တဲ့ ပစၥည္းထက္ ခုပစၥည္းေတြက အပံုၾကီးသာေနတယ္။ အခုပစၥည္းေတြက တကယ့္ စစ္အရာရွိတစ္ေယာက္က အိႏိၵယကို သူကိုယ္တိုင္ သြားတိုက္ခိုက္ၿပီး ယူလာတဲ့ပစၥည္းေတြ၊ ၿပီးေတာ့ ဘိုးေဘးအစဥ္အဆက္ ထိန္းသိမ္းထားခဲ့တာလည္း အႏွစ္(၂၂၀) ေလာက္ရွိၿပီ။ ကြ်န္ေတာ္က ဆူလ္တန္ရဲ႕ ေသနတ္ကို ျမင္ျမင္ခ်င္း သတိလစ္သြားမတတ္ပဲ။ ဘ၀မွာ ဒါမ်ိဳး ျမင္ဖူးဖို႔က အေတာ္ၾကီး ခဲယဥ္းတာကိုး။ ပစၥည္းေတြရဲ႕ ပိုင္ရွင္ေတြကေတာ့ အေနေအးတဲ့ သာမန္မိသားစုေလးပါပဲ…”

Credit : လင္းလင္း (ShweMom)

Unicode ဖြင့်ဖတ်ရန်

အိန္ဒိယ ရတနာတွေကို ထပ်ခိုးမှာတွေ့ပြီး ညတွင်းချင်း မီလျံနာဖြစ်လာတဲ့ ဗြိတိန် မိသားစု

မိသားစုတစ်စုဟာ သူတို့ရဲ့ အိမ်ထပ်ခိုးမှာ အိန္ဒိယနိုင်ငံက ရတနာ ပစ္စည်းတွေကို တွေ့ရှိပြီးနောက်ပိုင်း ညတွင်းချင်း မီလျံနာတွေ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ရတနာပစ္စည်းတွေကို ၎င်းတို့ရဲ့ ဘိုးဘေးတစ်ဦးဖြစ်တဲ့ ဗြိတိန်စစ်တပ်အရာရှိတစ်ဦးကနေ အိန္ဒိယနိုင်ငံ မိုင်ဆိုးမြို့စား ဆူလ်တန်တီပုရဲ့ နန်းတော်ကနေ ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဆူလ်တန်ဦးဆောင်တဲ့ အိန္ဒိယလွတ်မြောက်ရေးတပ်သားတွေဟာ (၁၇၉၉) ခုနှစ်မှာ ဗြိတိန်ဝယ်လင်တန်မြို့စားရဲ့ လက်အောက်မှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်တုန်းက ဗြိတိသျှတွေကို နောက်ဆုံးခုခံတိုက်ခိုက်ခဲ့တဲ့ အိန္ဒိယတပ်သားတွေရဲ့ လက်နက်တွေထဲမှာ “Tiger of Mysore” ဆိုတဲ့ သေနတ်တစ်လက်လည်း ပါဝင်ပါတယ်။

၎င်းသေနတ်ဟာ စစ်ပွဲမှာ တီပုတစ်ဦးတည်း ကိုင်ဆောင်ခဲ့တဲ့လက်နက်ဖြစ်ပြီး ကျားစင်းသဏ္ဍာန် ဒီဇိုင်းပုံနဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေမံထားတဲ့ ဖီရန်ဂီဓားကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖီရန်ဂီဓါးဟာ ဆူလ်တန်တီပုရဲ့ ဖခင်ဖြစ်တဲ့ ဟေဒါအလီခန်းရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။ စတုတ္ထအကြိမ်မြောက် အင်ဂလို-မိုင်ဆိုး စစ်ပွဲအပြီးမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေကို မေဂျာသောမတ်စ်ဟာ့တ်ကနေ ဗြိတိန်ကို ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သောမတ်စ်ဟာ့တ်ရဲ့ မိသားစုက ၎င်းလက်နက်တွေကို မျိုးရိုးစဉ်ဆက် သိမ်းဆည်းထားခဲ့ရာက ယခုဇနီးမောင်နှံလက်ထက် ရောက်တဲ့အထိပါပဲ။

တန်ဖိုးကြီးတဲ့ ရှေးဟောင်းပစ္စည်းတွေဟာ သူတို့မိသားစုအိမ်ရဲ့ ဖုန်တွေ အလိမ်းလိမ်းတက်နေတဲ့ ထပ်ခိုးခန်းထဲမှာ သတင်းစာစက္ကူတွေနဲ့ ရစ်ပတ်ရင်း နှစ်ပေါင်းများစွာ ကြာအောင် ရှိနေခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ ၎င်းပစ္စည်းတွေကို လေလံတင်မယ်ဆိုရင် ပေါင်သန်းပေါင်းများစွာနဲ့ လေလံအောင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ (၂၀၁၆) ခုနှစ်တုန်းက ဆူလ်တန်တီပုရဲ့ ပစ္စည်းတစ်ခုလေးတစ်ခုကို လေလံတင်ရာမှာတင် ပေါင်(၆) သန်းလောက် ရခဲ့တာမို့ အခုလို သမိုင်းရဲ့ အရေးပါတဲ့ ပစ္စည်းတွေကို လေလံတင်ရင် ဒီထက်မက ရလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

လေလံသမားတစ်ဦးဖြစ်တဲ့ အန်တိုနီခရစ်ဘ်ကတော့ အခုလို ဆိုပါတယ်။ “အခု တွေ့လာတဲ့ ပစ္စည်းတွေကို ဘယ်လောက် တန်ဖိုးဖြတ်ရမလဲဆိုတာ မဆိုနိုင်ဘူး။ ဆူလ်တန်တီပုနဲ့ ပတ်သက်ပြီး အရင်တုန်းက ကျွန်တော်ရောင်းလိုက်တဲ့ ပစ္စည်းထက် ခုပစ္စည်းတွေက အပုံကြီးသာနေတယ်။ အခုပစ္စည်းတွေက တကယ့် စစ်အရာရှိတစ်ယောက်က အိန္ဒိယကို သူကိုယ်တိုင် သွားတိုက်ခိုက်ပြီး ယူလာတဲ့ပစ္စည်းတွေ၊ ပြီးတော့ ဘိုးဘေးအစဉ်အဆက် ထိန်းသိမ်းထားခဲ့တာလည်း အနှစ်(၂၂၀) လောက်ရှိပြီ။ ကျွန်တော်က ဆူလ်တန်ရဲ့ သေနတ်ကို မြင်မြင်ချင်း သတိလစ်သွားမတတ်ပဲ။ ဘဝမှာ ဒါမျိုး မြင်ဖူးဖို့က အတော်ကြီး ခဲယဉ်းတာကိုး။ ပစ္စည်းတွေရဲ့ ပိုင်ရှင်တွေကတော့ အနေအေးတဲ့ သာမန်မိသားစုလေးပါပဲ…”

Credit : လင်းလင်း (ShweMom)

LEAVE A REPLY