Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အပူလွန် ရာသီဥတုဖြစ်စဉ် အယ်လ်နီညို တကျော့ပြန်လာပြီဟု ဦးထွန်းလွင် သတိပေး
(၆-၁၀-၂၀၁၈)ရက်နေ့ကတည်းက တရားဝင် စတင်ဖြစ်ပေါ်လာခဲ့တဲ့ ပစိဖိတ်သမုဒ္ဒယာထဲက အယ်လ်နီညိုဖြစ်စဉ်ဟာ (၂၄-၁၂-၂၀၁၈)ရက်နေ့မှာ အင်အားအမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်အတ ွင်း ဝင်ရောက်လာ ကတည်းက အယ်လ်နီညိုရဲ့အင်အားဟာ တစ်စထက်တစ်စ လျော့နည်းကျဆင်းလာခဲ့ပါတယ်။
(၁၁-၂-၂၀၁၉)ရက်နေ့မှာတော့ အယ်လ်နီညို စောင့်ကြည့်သတ်မှတ်ဧရိယာ(၄)ခုအနက် (၁)ခုမှာသာ အယ်လ်နီညိုသတ်မှတ်ချက်နဲ့ကိုက်ညီ တေပြီး၊ ကျန်(၃)ခုမှာ အယ်လ်နီညိုသတ်မှတ်ချက်မကိုက်ညီတော့တာကြောင့် အယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၁၉ ခု၊ နွေဦးရာသီအထိသာရှိနိုင်ပြီး သေချာမှု ၆၅% ရှိပါတယ်လို့ထုတ်ပြန်ခန့်မှန်းခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၉ ခုနှစ်၊ မတ်လဆန်းကစပြီး အယ်လ်နီညိုအင်ားဟာ ပြန်လည် အားကောင်းလာခဲ့ပြန်ပါတယ်။ (၁၈-၃-၂၀၁၉)ရက်နေ့ထုတ်ပြန်ချက်မှာတော့ အယ်လ်နီညိုစောင့်ကြည့်ဧရိယာ(၄)ခလုံး အယ်လ်နီညိုသတ်မှတ်ချက်များနဲ့ ပြန်လည်ကိုက်ညီလာတဲ့အပြင်၊ ၂၀၁၉ ခုနှစ် နွေဦးရာသီအကုန်အထိ အယ်လ်နီညိုဖြစ်ဖို့သေချာမှု ၈၀%၊ နွေရာသီ အကုန်အထိ အယ်လ်နီညိုဖြစ်ဖို့ ၆၀%၊ ဆောင်းရာသီအကုန်အထိ အယ်လ်နီညိုဆက်လက်ဖြစ်နေဖို့သေချာမှု ၅၀% ရှိနေကြာင်း ခန့်မှန်းထုတ်ပြန်ထားဒပါတယ်။
အဲဒါကြောင့် ၂၀၁၉ ခုနှစ်ရဲ့လာမယ့်ကာလ တေ ွမှာ အယ်လ်နီညိုဖြစ်စဉ်နဲ့ ပတ်သက်လို့ တိတိကျကျပြောဖို့ မသေချာ တော့တာကိုတေ ွ့ နေရပါတယ်။သေချာတာက တော့ အယ်လ်နီညိုဟာ ဒီနှစ် ၂၀၁၉ ခုနှစ် အ တ ွင်းမှာတော့ စောင့်ကြည့်ဖို့လိုနေဆဲဖြစ်ကြောင်းပါဗျာ။
share from : burmese.asia
LEAVE A REPLY