Zawgyi ျဖင့္ဖတ္ရန္

အိႏၵိယႏိုင္ငံ အက္ထရာ ပရာဒက္စ္ ျပည္နယ္မွာ လက္ထပ္ ၿပီးကာစ အမ်ိဳးသမီးငယ္တစ္ေယာက္ကို သူမရဲ႕ခင္ပြန္းနဲ႔ သူငယ္ခ်င္းေတြက ေသဆုံးၿပီအထင္နဲ႔ မီးၾသဂႋုဟ္ခဲ့ၾကပါတယ္။

အဆိုပါ အမ်ိဳးသမီး ရဲ႕ အမည္မွာ ရက္စ္နား စီဆိုးဒီယား ျဖစ္ၿပီး အသက္က ၂၄ ႏွစ္သာ ရွိပါေသးတယ္။
ရက္စ္နား ကို Greater Noida မွာတည္ရွိတဲ့ ရွာဒါးေဆး႐ုံက အဆုပ္ေရာဂါနဲ႔ ေသဆုံးသြားၿပီလို႔ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔မွာ အတည္ျပဳခဲ့တာပါ။

တစ္ရက္အၾကာမွာ သူမရဲ႕ ခင္ပြန္းသည္ ဒီဘတ္စ္ ေရွာင္ဟရီ အသက္ ၂၃ ႏွစ္နဲ႔ အေပါင္းအသင္းေတြက ရက္စနားရဲ႕ ဈာပနကို အျမန္စီစဥ္ၿပီး အေလာင္းကို ၾသဂႋုဟ္ခဲ့ပါတယ္။ဒါေပမယ့္ အသုဘအက်ိဳးေဆာင္တစ္ေယာက္က ရက္စ္နား ရဲ႕ အေလာင္းကို မီးရႈိ႕လိုက္စဥ္မွာပဲ၊ သူမဟာ အသက္ရွင္ေနေသးေၾကာင္း ေအာ္ေျပာခဲ့ပါတယ္။

အဲဒီေနာက္ ရက္စ္နားကို မီးပုံေပၚက ဆြဲခ်လိုက္ၾကေသာ္လည္း မီးက ခႏၶာကိုယ္ရဲ႕ 70% ကို ေလာင္ထားၿပီျဖစ္လို႔ အသက္ကေတာ့ မရွိေတာ့ပါဘူး။အေလာင္းကို ရင္ခြဲ႐ုံျပန္ပို႔တဲ့အခါ ရင္ခြဲ႐ုံတာဝန္ရွိသူက ရက္စ္နား ဟာ မီးမရႈိ႕ခင္က အသက္ရွင္ေနခဲ့ေသးတယ္လို႔ ယူဆရေၾကာင္း ေျပာခဲ့ပါတယ္။

အေၾကာင္းကေတာ့ သူမရဲ႕ အဆုပ္ထဲမွာ အသက္ရႈလမ္းေၾကာင္းကေန တစ္ဆင့္ျပန္ဝင္လာတဲ့ အမႈန္အမႊားေတြကို ေတြ႕ရၿပီး၊ တကယ္ေသဆုံးသူေတြဆိုရင္ ဒီလို ေတြ႕ရေလ့မရွိဘူးလို႔ ဆိုပါတယ္။ဒါ့ေၾကာင့္ ရက္စ္နား ရဲ႕ ေဆြမ်ိဳးသားခ်င္းေတြက သူမရဲ႕ခင္ပြန္းသည္ ေရွာင္ဟရီ ကို အရွင္လတ္လတ္ မီးရႈိ႕အေလာင္းေဖ်ာက္ဖို႔ ႀကံစည္ခဲ့တယ္ဆိုၿပီး တရားစြဲဆိုထားပါတယ္။

ရက္စ္နား ရဲ႕ ဦးေလးအရင္းျဖစ္သူ ကာလီဆိုဒ္ ရဲ႕ ေျပာဆိုခ်က္အရ ေရွာင္ဟရီ ဟာ မိန္းမျဖစ္သူ ရက္စ္နားကို လိင္ပိုင္းဆိုင္ရာ မၾကာခဏ ေစာ္ကားႏွိပ္စက္ေလ့ရွိၿပီးၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ၁၃ ရက္ေန႔က Bulandshahr ၿမိဳ႕ရွိ ေနအိမ္မွ ေပ်ာက္ဆုံးသြားေၾကာင္း၊ အဲဒီေနာက္ ဇနီးသည္ကို သတ္ပစ္ခဲ့တာျဖစ္ႏိုင္ေၾကာင္း ဆိုထားပါတယ္။

ရဲတပ္ဖြဲ႕ဟာ ဒီကိစၥနဲ႔ပတ္သက္ၿပီး ခင္ပြန္းသည္ျဖစ္သူနဲ႔ အျခား ၁၁ ေယာက္ကို စုံစမ္းစစ္ေဆးေနတယ္လို႔လည္း သိရပါတယ္။ေဒါက္တာ ပန္ခ မီရွာရ ကိုလည္း ဒီကိစၥမွာ ေသြး႐ိုးသား႐ိုးနဲ႔ ေသဆုံးခဲ့ၿပီလို႔ ဆုံးျဖတ္ခဲ့တာလား၊ ေသဆုံးသူ၏ခင္ပြန္းသည္ ေရွာင္ဟရီ နဲ႔ လက္ဝါးခ်င္း႐ိုက္ စီစဥ္ခဲ့သလားဆိုတာကိုလည္း ရဲတပ္ဖြဲ႕က စုံစမ္းေနပါတယ္။

ေဒါက္တာ ပန္ခ ရဲ႕ ေဆးစာထဲမွာ ရက္စ္နား ဟာ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ ည ၁၁:၄၅ မွာ ေသဆုံးခဲ့တယ္လို႔ ေဖာ္ျပထားၿပီး၊ ေသဆုံးရျခင္းရဲ႕ အေၾကာင္းအရင္းကို

” cardio-respiratory arrest and acute respiratory distress syndrome” လို႔ မွတ္ခ်က္ေရးထားခဲ့ပါတယ္။ သူကေတာ့ သူ႔ရဲ႕ စစ္ေဆးေတြ႕ရွိခ်က္ဟာ မွန္ကန္ေၾကာင္း အာမခံထားပါတယ္။

မည္သို႔ပင္ဆိုေစ ဤအမႈဟာ ဆရာဝန္ရဲ႕ မွတ္ခ်က္ေၾကာင့္သာ ယခုလို ျဖစ္ပြားခဲ့ရျခင္း ျဖစ္ေၾကာင္းကိုေတာ့ အျငင္းပြားစရာ အေၾကာင္းမရွိေပမို႔လားေလ။

မမွားေသာ ေရွ႕ေန ၊ မေသေသာ ေဆးသမား ဆိုေသာ စကားႏွင့္အညီ ဤကဲ့သို႔ လူ႔အသက္တစ္ေခ်ာင္းကို ဆုံးျဖတ္ေပးရာတြင္ လြဲမွားခဲ့မႈမ်ိဳး ျဖစ္ေတာင့္ျဖစ္ခဲေပမယ့္ ျဖစ္တတ္တယ္ဆိုတာေလး ဗဟုသုတအေနျဖင့္ ေရးသားေဖၚျပအပ္ပါသည္

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဆရာဝန်တွေရဲ့ သေပြီဆိုတဲ့ မှတ်ချက် နဲ့ မီးသြင်္ဂိုဟ်ခံရတဲ့ အမျိုးသမီးလေးရဲ့ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်ဆိုး.

အိန္ဒိယနိုင်ငံ အက်ထရာ ပရာဒက်စ် ပြည်နယ်မှာ လက်ထပ် ပြီးကာစ အမျိုးသမီးငယ်တစ်ယောက်ကို သူမရဲ့ခင်ပွန်းနဲ့ သူငယ်ချင်းတွေက သေဆုံးပြီအထင်နဲ့ မီးသြင်္ဂိုဟ်ခဲ့ကြပါတယ်။

အဆိုပါ အမျိုးသမီး ရဲ့ အမည်မှာ ရက်စ်နား စီဆိုးဒီယား ဖြစ်ပြီး အသက်က ၂၄ နှစ်သာ ရှိပါသေးတယ်။
ရက်စ်နား ကို Greater Noida မှာတည်ရှိတဲ့ ရှာဒါးဆေးရုံက အဆုပ်ရောဂါနဲ့ သေဆုံးသွားပြီလို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အတည်ပြုခဲ့တာပါ။

တစ်ရက်အကြာမှာ သူမရဲ့ ခင်ပွန်းသည် ဒီဘတ်စ် ရှောင်ဟရီ အသက် ၂၃ နှစ်နဲ့ အပေါင်းအသင်းတွေက ရက်စနားရဲ့ ဈာပနကို အမြန်စီစဉ်ပြီး အလောင်းကို သြင်္ဂိုဟ်ခဲ့ပါတယ်။ဒါပေမယ့် အသုဘအကျိုးဆောင်တစ်ယောက်က ရက်စ်နား ရဲ့ အလောင်းကို မီးရှို့လိုက်စဉ်မှာပဲ၊ သူမဟာ အသက်ရှင်နေသေးကြောင်း အော်ပြောခဲ့ပါတယ်။

အဲဒီနောက် ရက်စ်နားကို မီးပုံပေါ်က ဆွဲချလိုက်ကြသော်လည်း မီးက ခန္ဓာကိုယ်ရဲ့ 70% ကို လောင်ထားပြီဖြစ်လို့ အသက်ကတော့ မရှိတော့ပါဘူး။အလောင်းကို ရင်ခွဲရုံပြန်ပို့တဲ့အခါ ရင်ခွဲရုံတာဝန်ရှိသူက ရက်စ်နား ဟာ မီးမရှို့ခင်က အသက်ရှင်နေခဲ့သေးတယ်လို့ ယူဆရကြောင်း ပြောခဲ့ပါတယ်။

အကြောင်းကတော့ သူမရဲ့ အဆုပ်ထဲမှာ အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့်ပြန်ဝင်လာတဲ့ အမှုန်အမွှားတွေကို တွေ့ရပြီး၊ တကယ်သေဆုံးသူတွေဆိုရင် ဒီလို တွေ့ရလေ့မရှိဘူးလို့ ဆိုပါတယ်။ဒါ့ကြောင့် ရက်စ်နား ရဲ့ ဆွေမျိုးသားချင်းတွေက သူမရဲ့ခင်ပွန်းသည် ရှောင်ဟရီ ကို အရှင်လတ်လတ် မီးရှို့အလောင်းဖျောက်ဖို့ ကြံစည်ခဲ့တယ်ဆိုပြီး တရားစွဲဆိုထားပါတယ်။

ရက်စ်နား ရဲ့ ဦးလေးအရင်းဖြစ်သူ ကာလီဆိုဒ် ရဲ့ ပြောဆိုချက်အရ ရှောင်ဟရီ ဟာ မိန်းမဖြစ်သူ ရက်စ်နားကို လိင်ပိုင်းဆိုင်ရာ မကြာခဏ စော်ကားနှိပ်စက်လေ့ရှိပြီးပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က Bulandshahr မြို့ရှိ နေအိမ်မှ ပျောက်ဆုံးသွားကြောင်း၊ အဲဒီနောက် ဇနီးသည်ကို သတ်ပစ်ခဲ့တာဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။

ရဲတပ်ဖွဲ့ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ပွန်းသည်ဖြစ်သူနဲ့ အခြား ၁၁ ယောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ဒေါက်တာ ပန်ခ မီရှာရ ကိုလည်း ဒီကိစ္စမှာ သွေးရိုးသားရိုးနဲ့ သေဆုံးခဲ့ပြီလို့ ဆုံးဖြတ်ခဲ့တာလား၊ သေဆုံးသူ၏ခင်ပွန်းသည် ရှောင်ဟရီ နဲ့ လက်ဝါးချင်းရိုက် စီစဉ်ခဲ့သလားဆိုတာကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

ဒေါက်တာ ပန်ခ ရဲ့ ဆေးစာထဲမှာ ရက်စ်နား ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၁၁:၄၅ မှာ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပြီး၊ သေဆုံးရခြင်းရဲ့ အကြောင်းအရင်းကို

” cardio-respiratory arrest and acute respiratory distress syndrome” လို့ မှတ်ချက်ရေးထားခဲ့ပါတယ်။ သူကတော့ သူ့ရဲ့ စစ်ဆေးတွေ့ရှိချက်ဟာ မှန်ကန်ကြောင်း အာမခံထားပါတယ်။

မည်သို့ပင်ဆိုစေ ဤအမှုဟာ ဆရာဝန်ရဲ့ မှတ်ချက်ကြောင့်သာ ယခုလို ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်းကိုတော့ အငြင်းပွားစရာ အကြောင်းမရှိပေမို့လားလေ။

မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား ဆိုသော စကားနှင့်အညီ ဤကဲ့သို့ လူ့အသက်တစ်ချောင်းကို ဆုံးဖြတ်ပေးရာတွင် လွဲမှားခဲ့မှုမျိုး ဖြစ်တောင့်ဖြစ်ခဲပေမယ့် ဖြစ်တတ်တယ်ဆိုတာလေး ဗဟုသုတအနေဖြင့် ရေးသားဖေါ်ပြအပ်ပါသည်

share from : burmese.asia

LEAVE A REPLY