Zawgyi ျဖင့္ဖတ္ရန္

တရုတ္အေနာက္ေတာင္ပိုင္းက ေဖေဖ တစ္ေယာက္ကေတာ့ စာမက်က္ဘဲ လူအလစ္မွာ ဖုန္းအျမဲကိုင္ေနတဲ့ သမီးတစ္ေယာက္ကို ပိုက္ဆံလည္းမေပးရတဲ့ စာက်က္ဂိုက္ တစ္ေယာက္ အခ်ိန္ျပည့္ခ်ထားခဲ့ပါတယ္။

Guizhou ျပည္နယ္၊ Guiyang မွာေနထုိင္တဲ့မိသားစုဟာ ေခြးေလးေတြကို သူတို႕ရဲ႕တကယ့္မိသားစုဝင္ပံုစံသဖြယ္ ဆက္ဆံကာ ေမြးထားၾကပါတယ္။ မိသားစုထဲကသမီးငယ္ေလးကေတာ့ ယေန႕ေခတ္ကေလးေတြအတုိင္း စာမလုပ္ခ်င္ဘဲ ဖုန္းပဲအျမဲကိုင္ခ်င္ေနတဲ့ ဂ်စ္ကန္ကန္ကေလးမေလးပါ။

ဖခင္ျဖစ္သူက ကေလးမေလးစာလုပ္ဖို႕အတြက္ ေဘးနားမွာ အျမဲေစာင့္ၾကည့္ေနၿပီး သူ႕အနားမွာ လူမရွိေတာ့တာနဲ႕ စာဆက္မလုပ္ဘဲ ဖုန္းသံုးေနတတ္တဲ့အက်င့္ရွိပါတယ္။ ဒါေၾကာင့္ တစ္ရက္တစ္ရက္ေက်ာင္းစာေတြမၿပီး၊ အိမ္စာေတြမၿပီးဘဲ ရွိေနခဲ့တာပါ။

 

 

ဖခင္ဟာလည္း အခ်ိန္ျပည့္နီးပါး အနားမွာ ေစာင့္ၾကည့္မေနႏိုင္တဲ့အတြက္ အစကေတာ့ ဂိုက္ဆရာငွားဖို႕ စဥ္းစားပါေသးတယ္။ သုိ႕ေပမယ့္လည္း စာက်က္ဂိုက္ဆုိတာ လိုရင္လိုသလိုအခ်ိန္ျပည့္ ရွိမေပးႏိုင္ဘဲ ပိုက္ဆံလည္း အပိုေထာင္းဦးမွာေၾကာင့္ အျခားအၾကံအစည္တစ္ခုကို ေျပာင္းစဥ္းစားခဲ့ပါတယ္။

ဒါနဲ႕ စိတ္ကူးတစ္ခုေပါက္ၿပီး အိမ္မွာေမြးထားတဲ့ ေခြးေလးကို သင္ၾကည့္ဦးမယ္ဆိုၿပီး ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ေခြးေလးဟာ သူတို႕မိသားစုနဲ႕ ေခြးေပါက္စေလးဘဝကတည္းကအတူရွိေနခဲ့တာပါ။ ၂၀၁၆ ခုႏွစ္ထဲကဆိုေတာ့ ေမြးလာတဲ့ ၃ ႏွစ္တာအတြင္း ဖခင္ျဖစ္သူကပဲ ဒီေခြးေလးကို လိမၼာေရးျခားရွိေအာင္ သိတတ္ေအာင္ စသည္ျဖင့္ သင္ေပးခဲ့တာျဖစ္ပါတယ္။ သခင္နဲ႕ေခြးေလးၾကားထဲမွာလည္း ရင္းႏွီးမႈေတြရွိၿပီး နားလည္မႈအျပည့္ျဖစ္ေနတာေၾကာင့္ သခင္ဘာခုိင္းတယ္၊ ဘာေျပာတယ္ကအစ အရိပ္အေျခၾကည့္ၿပီး နားလည္တတ္ေနပါၿပီ။

အခုလည္း သမီးျဖစ္သူကို စာလုပ္မလုပ္ေစာင့္ၾကပ္ဖို႕အတြက္ကို ေခြးေလးကို သင္ေပးခဲ့ရာ ေအာင္ေအာင္ျမင္ျမင္နဲ႕ မွန္းထားတာထက္ပိုၿပီး အလုပ္ျဖစ္ခဲ့ပါတယ္။ စားပြဲကိုလက္ညွိဳးထုိးျပလိုက္တာနဲ႕ သမီးျဖစ္သူစာလုပ္ေနတဲ့ခံုေပၚ ပံုထဲကအတိုင္း လက္ေထာက္ကာ မ်က္ေတာင္မခတ္စိုက္ၾကည့္ေနၿပီး ဖုန္းကိုင္ဖို႕ႀကိဳးစားတာနဲ႕ ဖခင္ျဖစ္သူကို သိသြားေအာင္ ေဟာင္တာတုိ႕၊ သြားေခၚတာတို႕ လုပ္ေပးတာပါ။

ေခြးေလးဟာ ဒီအလုပ္ကို စိတ္ဝင္တစားနဲ႕ အေလးအနက္ထားၿပီး လုုပ္ဟန္ေပၚေနတဲ့အတြက္ ကာယကံရွင္မိသားစုမွာလည္း အံ့ၾသတႀကီးျဖစ္ခဲ့ရတာပါ။ မၾကာခင္မွာလည္း ပထမေခြးေလး အေဖာ္ရေအာင္ဆိုၿပီး ေနာက္ထပ္ေခြးေလးကို ထပ္သင္ေပးခဲ့ရာ အခုအခ်ိန္မွာေတာ့ ကေလးမေလးက ဂိုက္ေခြးေလးႏွစ္ေကာင္ရဲ႕ ေစာင့္ၾကပ္မႈေၾကာ့္ အိမ္စာမၿပီးမခ်င္း လႈပ္လို႕ေတာင္မရေတာ့ပါဘူး။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

သမီးစာကျက် ၊ မကျက်ကြည့်ဖို့ ခွေးလေးကို စာကျက်ဂိုက် အဖြစ် တာဝန်ပေးခဲ့တဲ့ ဖခင်

တရုတ်အနောက်တောင်ပိုင်းက ဖေဖေ တစ်ယောက်ကတော့ စာမကျက်ဘဲ လူအလစ်မှာ ဖုန်းအမြဲကိုင်နေတဲ့ သမီးတစ်ယောက်ကို ပိုက်ဆံလည်းမပေးရတဲ့ စာကျက်ဂိုက် တစ်ယောက် အချိန်ပြည့်ချထားခဲ့ပါတယ်။

Guizhou ပြည်နယ်၊ Guiyang မှာနေထိုင်တဲ့မိသားစုဟာ ခွေးလေးတွေကို သူတို့ရဲ့တကယ့်မိသားစုဝင်ပုံစံသဖွယ် ဆက်ဆံကာ မွေးထားကြပါတယ်။ မိသားစုထဲကသမီးငယ်လေးကတော့ ယနေ့ခေတ်ကလေးတွေအတိုင်း စာမလုပ်ချင်ဘဲ ဖုန်းပဲအမြဲကိုင်ချင်နေတဲ့ ဂျစ်ကန်ကန်ကလေးမလေးပါ။

ဖခင်ဖြစ်သူက ကလေးမလေးစာလုပ်ဖို့အတွက် ဘေးနားမှာ အမြဲစောင့်ကြည့်နေပြီး သူ့အနားမှာ လူမရှိတော့တာနဲ့ စာဆက်မလုပ်ဘဲ ဖုန်းသုံးနေတတ်တဲ့အကျင့်ရှိပါတယ်။ ဒါကြောင့် တစ်ရက်တစ်ရက်ကျောင်းစာတွေမပြီး၊ အိမ်စာတွေမပြီးဘဲ ရှိနေခဲ့တာပါ။

ဖခင်ဟာလည်း အချိန်ပြည့်နီးပါး အနားမှာ စောင့်ကြည့်မနေနိုင်တဲ့အတွက် အစကတော့ ဂိုက်ဆရာငှားဖို့ စဉ်းစားပါသေးတယ်။ သို့ပေမယ့်လည်း စာကျက်ဂိုက်ဆိုတာ လိုရင်လိုသလိုအချိန်ပြည့် ရှိမပေးနိုင်ဘဲ ပိုက်ဆံလည်း အပိုထောင်းဦးမှာကြောင့် အခြားအကြံအစည်တစ်ခုကို ပြောင်းစဉ်းစားခဲ့ပါတယ်။

ဒါနဲ့ စိတ်ကူးတစ်ခုပေါက်ပြီး အိမ်မှာမွေးထားတဲ့ ခွေးလေးကို သင်ကြည့်ဦးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ခွေးလေးဟာ သူတို့မိသားစုနဲ့ ခွေးပေါက်စလေးဘဝကတည်းကအတူရှိနေခဲ့တာပါ။ ၂၀၁၆ ခုနှစ်ထဲကဆိုတော့ မွေးလာတဲ့ ၃ နှစ်တာအတွင်း ဖခင်ဖြစ်သူကပဲ ဒီခွေးလေးကို လိမ္မာရေးခြားရှိအောင် သိတတ်အောင် စသည်ဖြင့် သင်ပေးခဲ့တာဖြစ်ပါတယ်။ သခင်နဲ့ခွေးလေးကြားထဲမှာလည်း ရင်းနှီးမှုတွေရှိပြီး နားလည်မှုအပြည့်ဖြစ်နေတာကြောင့် သခင်ဘာခိုင်းတယ်၊ ဘာပြောတယ်ကအစ အရိပ်အခြေကြည့်ပြီး နားလည်တတ်နေပါပြီ။

အခုလည်း သမီးဖြစ်သူကို စာလုပ်မလုပ်စောင့်ကြပ်ဖို့အတွက်ကို ခွေးလေးကို သင်ပေးခဲ့ရာ အောင်အောင်မြင်မြင်နဲ့ မှန်းထားတာထက်ပိုပြီး အလုပ်ဖြစ်ခဲ့ပါတယ်။ စားပွဲကိုလက်ညှိုးထိုးပြလိုက်တာနဲ့ သမီးဖြစ်သူစာလုပ်နေတဲ့ခုံပေါ် ပုံထဲကအတိုင်း လက်ထောက်ကာ မျက်တောင်မခတ်စိုက်ကြည့်နေပြီး ဖုန်းကိုင်ဖို့ကြိုးစားတာနဲ့ ဖခင်ဖြစ်သူကို သိသွားအောင် ဟောင်တာတို့၊ သွားခေါ်တာတို့ လုပ်ပေးတာပါ။

ခွေးလေးဟာ ဒီအလုပ်ကို စိတ်ဝင်တစားနဲ့ အလေးအနက်ထားပြီး လုပ်ဟန်ပေါ်နေတဲ့အတွက် ကာယကံရှင်မိသားစုမှာလည်း အံ့သြတကြီးဖြစ်ခဲ့ရတာပါ။ မကြာခင်မှာလည်း ပထမခွေးလေး အဖော်ရအောင်ဆိုပြီး နောက်ထပ်ခွေးလေးကို ထပ်သင်ပေးခဲ့ရာ အခုအချိန်မှာတော့ ကလေးမလေးက ဂိုက်ခွေးလေးနှစ်ကောင်ရဲ့ စောင့်ကြပ်မှုကြော့် အိမ်စာမပြီးမချင်း လှုပ်လို့တောင်မရတော့ပါဘူး။

share from : burmese.asia

LEAVE A REPLY