Zawgyi ဖြင့်ဖတ်ရန်

 


ဟဲဗီးဖြိုးက အခုလက်ရှိမှာ သရုပ်ဆောင်အလုပ်နဲ့ အနည်းငယ် အလှမ်းဝေးနေတာဖြစ်ပြီး သူ့ကို သတိရနေတဲ့ ပရိသတ်တွေကတော့ ဟဲဗီးဖြိုးတစ်ယောက် အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်နေတဲ့ ဆန္ဒရှိကြပါတယ်ပရိသတ်တစ်ယောက်လုပ်ထားတဲ့ ပုံလေးကိုကြည့်ပြီး တကယ်ရင်ထဲတောင် မကောင်းဘူး

 




Unicode ဖြင့်ဖတ်ရန်

ပေါ်ပင် မလုပ်တတ်တဲ့ အားနည်းချက်ကြောင့် အနုပညာလောကကနေ ကွယ်ပျောက်လုနီးပါးဖြစ်နေတဲ့ ဟဲဗီးဖြိုး

ကလေး သရုပ်ဆောင်ဆိုတာ ရုပ်ရှင် ဇာတ်လမ်းတစ်ခုရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာကနေ ကူညီသရုပ်ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။ ငယ်ငယ်က ပရိသတ်တွေကြည့်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဟဲဗီးဖြိုးကလဲ သရုပ်ဆောင်ကောင်းသူတွေမှာ အပါအဝင်ဖြစ်ပါတယ်။ ဟဲဗီးဖြိုးရဲ့ အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ကောင်းမှုတွေကို ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ နှစ်သက်သဘောကျကြတာဖြစ်ပါတယ်။

ဟဲဗီးဖြိုးက အခုလက်ရှိမှာ သရုပ်ဆောင်အလုပ်နဲ့ အနည်းငယ် အလှမ်းဝေးနေတာဖြစ်ပြီး သူ့ကို သတိရနေတဲ့ ပရိသတ်တွေကတော့ ဟဲဗီးဖြိုးတစ်ယောက် အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်နေတဲ့ ဆန္ဒရှိကြပါတယ်။

ပရိသတ်တစ်ယောက်လုပ်ထားတဲ့ ပုံလေးကိုကြည့်ပြီး တကယ်ရင်ထဲတောင် မကောင်းဘူး

“ပေါ်ပင်မလုပ်တက်တာ ကျွန်တော်အားနည်းချက်လေဗျာ။ Comတွေထဲကမိတ်ဆွေးအားလုံးကိုကျေးဇူးတင်ပါတယ်။ အော်…ကောင်းတဲ့ဘက်ကကြည့်ရင်ကောင်းတာမြင်ပါလိမ့်မယ်။ မကောင်းတဲ့ဘက်ကကြည့်ရင်မကောင်းတဲ့လူဖြစ်သွားရောပေါ့ဗျာ..လူ့အလိုနတ်တောင်မလိုက်နိုင်ဘူးတဲ့…” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ပြောထားပါတယ်။

ဟဲဗီးဖြိုးကို ချစ်တဲ့ ပရိသတ်တွေကတော့ ဟဲဗီးဖြိုး အနုပညာလောကထဲ ပြန်ဝင်လာမည့် အချိန်တွေကို စောင့်မျှော်နေတာပဲ ဖြစ်ပါတယ်။ ဟဲဗီးဖြိုးတစ်ယောက် အရင်လိုပဲ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

share from : burmese.asia