Zawgyi ျဖင့္ဖတ္ရန္

 

ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္ သည္ မတ္လ ၃၁ ရက္တြင္ ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕၌ က်င္းပမည့္ ONE: A NEW ERA ၿပိဳင္ပြဲတြင္ ONE မစ္ဒယ္ဝိတ္ ကမၻာ့ခ်န္ပီယံခါးပတ္ကုိKEN HASEGAWA ႏွင့္ ယွဥ္ၿပိဳင္ ထုိးသတ္သြားမည္ျဖစ္ရာ ၄င္းအေနျဖင့္ ယင္းပြဲစဥ္အတြက္ ျပင္ဆင္ထားမႈမ်ားႏွင့္ ေရွ႕ဆက္လုပ္ေဆာင္သြားမည့္ အေၾကာင္းအရာမ်ားကုိရန္ကုန္ၿမိဳ႕ Rose Garden ဟုိတယ္၌ မီဒီယာမ်ားႏွင့္ ေတြ႕ဆုံေျပာၾကားထားသည္မ်ားကုိ ေကာက္ႏုတ္တင္ျပလုိက္ရပါသည္။

လာမယ့္ ဂ်ပန္ပြဲအတြက္ ဘာေတြ ျပင္ဆင္ထားသလဲ။

ဂ်ပန္ပြဲအတြက္ ျပင္းျပင္းထန္ထန္ ကြၽန္ေတာ္ ေလ့က်င့္ေနပါတယ္။ ျမန္မာ ႏုိင္ငံက ပရိသတ္ေတြ ဂုဏ္ယူႏုိင္ေအာင္ ႀကိဳးစားမယ္။

ဂ်ပန္ပြဲအတြက္ အခ်ိန္ဘယ္ေလာက္ ေလ့က်င့္မႈလုပ္ထားသလဲ။

ေလ့က်င့္ေနတာ ႏွစ္လေက်ာ္ၿပီ။ အိပ္ရာကႏုိးလာတာနဲ႔ ေလ့က်င့္မႈစလုပ္ တယ္။ တစ္ေနကုန္ မအိပ္ခင္အခ်ိန္အထိ လုပ္တယ္။ တစ္ပတ္မွာ ေျခာက္ရက္ႀကိဳးစား ပါတယ္။ အေကာင္းဆုံးျပင္ဆင္ထားတယ္။ ဒီပြဲမွာ အေကာင္းဆုံးျဖစ္မယ္လုိ႔ ကြၽန္ေတာ္ ယုံၾကည္တယ္။

ၿပိဳင္ဘက္အတြက္ေရာ ဘာေတြ ေလ့လာထားတာရွိသလဲ၊ ဘယ္ႏွခ်ီ ေလာက္နဲ႔ အႏုိင္ယူကစားမလဲ။

ဒီပြဲက ပထမပြဲနဲ႔ မတူပါဘူး။ ဒီပြဲ အတြက္ အေကာင္းဆုံးျပင္ဆင္ထားတယ္။ ဒီပြဲမွာ ဝိတ္ကုိ ၁ဝ ေပါင္ေလာက္ ႀကီးေအာင္ လုပ္ထားတယ္။ ပထမပြဲထက္ ပုိႀကီးမယ္၊ ပုိအားရွိမယ္။ ကြၽန္ေတာ့္ရဲ႕ သက္လုံပုိင္း ကုိလည္း ေကာင္းေအာင္ႀကိဳးစားထားတယ္။ ၿပိဳင္ဘက္ကုိ ပြဲစစခ်င္းမွာ ဖိအားေပးမယ္။ ႏွစ္ခ်ီ၊ သုံးခ်ီအတြင္း ႏုိင္ေအာင္ကစားမယ္။

ဂ်ပန္ပြဲဟာ ကုိယ့္ေျမမွာ မဟုတ္တဲ့ အတြက္ ဘယ္လုိခံစားရသလဲ။

ပရိသတ္အားေပးမႈကေတာ့ ဒီေလာက္ မ်ားမွာ မဟုတ္ဘူး။ ဘယ္မွာပဲျဖစ္ျဖစ္ ၿပိဳင္ဘက္က တစ္ေယာက္တည္းျဖစ္တဲ့ အတြက္ ကြၽန္ေတာ့္အတြက္ေတာ့ စိတ္ထဲမွာ ဘာမွထူးျခားမႈေတာ့ မျဖစ္ပါဘူး။

အရင္က ကုိယ့္ေျမမွာ ထုိးခဲ့ၿပီး အခု ဂ်ပန္ေျမမွာ ထုိးသတ္ရမွာဆုိေတာ့ ပရိသတ္ ေတြရဲ႕ စုိးရိမ္ပူပန္မႈ အေပၚ ဘာမ်ားေျပာခ်င္ သလဲ။

ကြၽန္ေတာ့္အျမင္ကေတာ့ ဂ်ပန္ျပည္ မွာရွိတဲ့ ျမန္မာေတြ လာေရာက္အားေပး ၾကမယ္လုိ႔ ယုံၾကည္တယ္။ ျမန္မာျပည္ မွာရွိတဲ့ မိသားစုေတြလည္း လာေရာက္ အားေပးၾကမွာဆုိေတာ့ ကြၽန္ေတာ့္အေနနဲ႔ ဘာမွစုိးရိမ္မႈေတာ့ မရွိပါဘူး။ အေကာင္း ဆုံးျပင္ဆင္ၿပီး အေကာင္းဆုံးကစားေပးမွာ ဆုိေတာ့ ရလဒ္ေကာင္းေတြ ထြက္လာလိမ့္ မယ္လုိ႔ ယုံၾကည္ပါတယ္။

ေနာက္ပြဲအတြက္ေရာ ထုိးသတ္သြားဖုိ႔ ရွိလား။

ေလာေလာဆယ္ေတာ့ မစ္ဒယ္ဝိတ္ ပဲေပါ့။ လုိက္ဟဲဗီးဝိတ္ကေတာ့ ထုိးဖုိ႔ရွိပါ တယ္။ အဲဒီပြဲကေတာ့ ေအာက္တုိဘာလ ေနာက္ပုိင္းမွာ ျဖစ္ဖု႔ိမ်ားတယ္။ ျမန္မာႏုိင္ငံ မွာ ျဖစ္ရင္ေတာ့ ပုိေကာင္းတာေပါ့။

ဝမ္းခ်န္ပီယံရွစ္ ကစားသမားေတြ ေမြးထုတ္ေပးဖုိ႔ အစီအစဥ္ရွိပါသလား။

ရွိပါတယ္။ ေလာေလာဆယ္ ကြၽန္ေတာ့္အေနနဲ႔ ကၻာ့ခ်န္ပီယံအေနနဲ႔ ခါးပတ္ကုိ ထိန္းသိမ္းထားရမယ္။ လာမယ့္ႏွစ္ေတြမွာ ကြၽန္ေတာ္အမ်ားႀကီး ကစားရဦး မယ္။ ကစားတဲ့အခ်ိန္မွာလည္း ပညာေတြရွာ ေနတယ္။ အဲဒီ ပညာေတြကုိ ေနာက္လာမယ့္ လူငယ္ေတြကုိ ျပန္ေပးဖုိ႔ ကြၽန္ေတာ့္မွာ အစီအစဥ္ေတြ ရွိပါတယ္။

MMA ေလာကကေန ဘယ္အသက္ အရြယ္ေလာက္မွာ အနားယူဖုိ႔ စဥ္းစားထား သလဲ။

ေနာက္ထပ္ ႏွစ္ႏွစ္ေလာက္ေတာ့ ကစားဦးမယ္။ အမ်ားဆုံး သုံးႏွစ္ေပါ့။ အဲဒါ ၿပီးရင္ ကြၽန္ေတာ့္ပညာေတြကုိ ကစားခ်င္တဲ့ လူငယ္ေတြကုိ ျပန္ေဝမွ်မယ္။ ျမန္မာႏုိင္ငံက လူငယ္ေတြကုိ ကြၽန္ေတာ့္ပညာေတြ ျပန္လည္ေဝမွ်ဖုိ႔ အစီအစဥ္ရွိပါတယ္။ ျမန္မာႏုိင္ငံမွာ လာၿပီးသင္ေပးမွာပါ။ အေျခ အေနေပၚမူတည္ၿပီး ရန္ကုန္မွာလုပ္ဖုိ႔ စဥ္းစားထားပါတယ္။ ကခ်င္တုိ႔၊ မႏၱေလး တုိ႔မွာလည္း လုပ္ဖုိ႔ အစီအစဥ္ရိွပါတယ္။

 

Unicode ဖြင့်ဖတ်ရန်

မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယှဉ်ပြိုင်မည့် အောင်လအန်ဆန်နှင့် တွေ့ဆုံမေးမြန်း

မြန်မာ့စပါးအုံး အောင်လအန်ဆန် သည် မတ်လ ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် ONE: A NEW ERA ပြိုင်ပွဲတွင် ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကိုKEN HASEGAWA နှင့် ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ရာ ၎င်းအနေဖြင့် ယင်းပွဲစဉ်အတွက် ပြင်ဆင်ထားမှုများနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အကြောင်းအရာများကိုရန်ကုန်မြို့ Rose Garden ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံပြောကြားထားသည်များကို ကောက်နုတ်တင်ပြလိုက်ရပါသည်။

လာမယ့် ဂျပန်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားသလဲ။

ဂျပန်ပွဲအတွက် ပြင်းပြင်းထန်ထန် ကျွန်တော် လေ့ကျင့်နေပါတယ်။ မြန်မာ နိုင်ငံက ပရိသတ်တွေ ဂုဏ်ယူနိုင်အောင် ကြိုးစားမယ်။

ဂျပန်ပွဲအတွက် အချိန်ဘယ်လောက် လေ့ကျင့်မှုလုပ်ထားသလဲ။

လေ့ကျင့်နေတာ နှစ်လကျော်ပြီ။ အိပ်ရာကနိုးလာတာနဲ့ လေ့ကျင့်မှုစလုပ် တယ်။ တစ်နေကုန် မအိပ်ခင်အချိန်အထိ လုပ်တယ်။ တစ်ပတ်မှာ ခြောက်ရက်ကြိုးစား ပါတယ်။ အကောင်းဆုံးပြင်ဆင်ထားတယ်။ ဒီပွဲမှာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်။

ပြိုင်ဘက်အတွက်ရော ဘာတွေ လေ့လာထားတာရှိသလဲ၊ ဘယ်နှချီ လောက်နဲ့ အနိုင်ယူကစားမလဲ။

ဒီပွဲက ပထမပွဲနဲ့ မတူပါဘူး။ ဒီပွဲ အတွက် အကောင်းဆုံးပြင်ဆင်ထားတယ်။ ဒီပွဲမှာ ဝိတ်ကို ၁ဝ ပေါင်လောက် ကြီးအောင် လုပ်ထားတယ်။ ပထမပွဲထက် ပိုကြီးမယ်၊ ပိုအားရှိမယ်။ ကျွန်တော့်ရဲ့ သက်လုံပိုင်း ကိုလည်း ကောင်းအောင်ကြိုးစားထားတယ်။ ပြိုင်ဘက်ကို ပွဲစစချင်းမှာ ဖိအားပေးမယ်။ နှစ်ချီ၊ သုံးချီအတွင်း နိုင်အောင်ကစားမယ်။

ဂျပန်ပွဲဟာ ကိုယ့်မြေမှာ မဟုတ်တဲ့ အတွက် ဘယ်လိုခံစားရသလဲ။

ပရိသတ်အားပေးမှုကတော့ ဒီလောက် များမှာ မဟုတ်ဘူး။ ဘယ်မှာပဲဖြစ်ဖြစ် ပြိုင်ဘက်က တစ်ယောက်တည်းဖြစ်တဲ့ အတွက် ကျွန်တော့်အတွက်တော့ စိတ်ထဲမှာ ဘာမှထူးခြားမှုတော့ မဖြစ်ပါဘူး။

အရင်က ကိုယ့်မြေမှာ ထိုးခဲ့ပြီး အခု ဂျပန်မြေမှာ ထိုးသတ်ရမှာဆိုတော့ ပရိသတ် တွေရဲ့ စိုးရိမ်ပူပန်မှု အပေါ် ဘာများပြောချင် သလဲ။

ကျွန်တော့်အမြင်ကတော့ ဂျပန်ပြည် မှာရှိတဲ့ မြန်မာတွေ လာရောက်အားပေး ကြမယ်လို့ ယုံကြည်တယ်။ မြန်မာပြည် မှာရှိတဲ့ မိသားစုတွေလည်း လာရောက် အားပေးကြမှာဆိုတော့ ကျွန်တော့်အနေနဲ့ ဘာမှစိုးရိမ်မှုတော့ မရှိပါဘူး။ အကောင်း ဆုံးပြင်ဆင်ပြီး အကောင်းဆုံးကစားပေးမှာ ဆိုတော့ ရလဒ်ကောင်းတွေ ထွက်လာလိမ့် မယ်လို့ ယုံကြည်ပါတယ်။

နောက်ပွဲအတွက်ရော ထိုးသတ်သွားဖို့ ရှိလား။

လောလောဆယ်တော့ မစ်ဒယ်ဝိတ် ပဲပေါ့။ လိုက်ဟဲဗီးဝိတ်ကတော့ ထိုးဖို့ရှိပါ တယ်။ အဲဒီပွဲကတော့ အောက်တိုဘာလ နောက်ပိုင်းမှာ ဖြစ်ဖု့ိများတယ်။ မြန်မာနိုင်ငံ မှာ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။

ဝမ်းချန်ပီယံရှစ် ကစားသမားတွေ မွေးထုတ်ပေးဖို့ အစီအစဉ်ရှိပါသလား။

ရှိပါတယ်။ လောလောဆယ် ကျွန်တော့်အနေနဲ့ က္ဘာ့ချန်ပီယံအနေနဲ့ ခါးပတ်ကို ထိန်းသိမ်းထားရမယ်။ လာမယ့်နှစ်တွေမှာ ကျွန်တော်အများကြီး ကစားရဦး မယ်။ ကစားတဲ့အချိန်မှာလည်း ပညာတွေရှာ နေတယ်။ အဲဒီ ပညာတွေကို နောက်လာမယ့် လူငယ်တွေကို ပြန်ပေးဖို့ ကျွန်တော့်မှာ အစီအစဉ်တွေ ရှိပါတယ်။

MMA လောကကနေ ဘယ်အသက် အရွယ်လောက်မှာ အနားယူဖို့ စဉ်းစားထား သလဲ။

နောက်ထပ် နှစ်နှစ်လောက်တော့ ကစားဦးမယ်။ အများဆုံး သုံးနှစ်ပေါ့။ အဲဒါ ပြီးရင် ကျွန်တော့်ပညာတွေကို ကစားချင်တဲ့ လူငယ်တွေကို ပြန်ဝေမျှမယ်။ မြန်မာနိုင်ငံက လူငယ်တွေကို ကျွန်တော့်ပညာတွေ ပြန်လည်ဝေမျှဖို့ အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လာပြီးသင်ပေးမှာပါ။ အခြေ အနေပေါ်မူတည်ပြီး ရန်ကုန်မှာလုပ်ဖို့ စဉ်းစားထားပါတယ်။ ကချင်တို့၊ မန္တလေး တို့မှာလည်း လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

share from : burmese.asia