Zawgyi ျဖင့္ဖတ္ရန္

မေန႔ညက ကစားခဲ့တဲ့ ဘက္တစ္အသင္းနဲ႔ ဘာစီလုိနာ အသင္းတုိ႔ပြဲစဥ္မွာ ဘာစီလုိနာ တုိက္စစ္မွဴး မက္ဆီရဲ႕ သြင္းဂုိး(၂)ဂုိးဟာ ပရိသတ္ေတြကုိ တကယ္ပဲ စိတ္လႈပ္ရွားေစခဲ့ပါတယ္။

ပထမပုိင္း(၁၈)မိနစ္မွာ ရရွိခဲ့တဲ့ မက္ဆီရဲ႕ ျပစ္ဒဏ္ေဘာကန္ခ်က္က တကယ္ပဲ အဆင့္ျမင့္ခဲ့ၿပီး ဂုိးသမားပိတ္ထားတဲ့ ေထာင့္ကုိ ကန္သြင္းခဲ့ရာမွာ ဘက္တစ္ဂုိးသမား လုိပက္ဇ္တစ္ေယာက္ ဘယ္လုိမွ မတတ္ႏုိင္ေအာင္ ျဖစ္ခဲ့ရတာပါ။

မက္ဆီက အဲဒီပြဲမွာ Hat-Trick ဂုိး သြင္းယူခဲ့တာျဖစ္ၿပီး ျပစ္ဒဏ္ေဘာကေန သြင္းဂုိးတစ္ဂုိး၊ ဆြာရက္ဇ္ရဲ႕ ဖန္တီးမႈကေန တစ္ဂုိးနဲ႔ ရာကီတစ္ရဲ႕ဖန္တီးေပးမႈကေန ေနာက္ထပ္ သြင္းဂုိးတစ္ဂုိး သြင္းခဲ့တာပါ။

ပြဲခ်ိန္ (၈၅)မိနစ္မွာ သြင္းယူခဲ့တဲ့ မက္ဆီရဲ႕ ဂုိးက ဒီရာသီ လာလီဂါရဲ႕အေကာင္းဆုံးဂုိး ျဖစ္လာဖုိ႔ေတာင္ ရွိေနၿပီး အေရွ႕ကုိထြက္ေနတဲ့ ဂုိးသမားကုိ ေက်ာ္ၿပီး လွလွပပ သြင္းယူသြားခဲ့တာပါ။

ဂုိးဧရိယာအစပ္နားကေန ဂုိးသမားကုိ ရည္ရြယ္ခ်က္ရွိရွိ ေက်ာ္သြင္းယူလုိက္တဲ့ မက္ဆီရဲ႕ဂုိးဟာ ဆုိရွယ္မီဒီယာေတြထက္မွာလည္း နာမည္ႀကီးေနခဲ့ၿပီး မက္ဆီဟာ အျငင္းပြားဖြယ္မရွိ ကမာၻ႕အေကာင္းဆုံးကစားသမား ျဖစ္ေနတယ္ဆုိတဲ့အခ်က္ကုိ ပရိသတ္ေတြက မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ပရိသတ်တွေ လက်ဖျားခါခဲ့ရတဲ့ မက်ဆီရဲ့ သွင်းဂိုး(၂)ဂိုး

မနေ့ညက ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီရဲ့ သွင်းဂိုး(၂)ဂိုးဟာ ပရိသတ်တွေကို တကယ်ပဲ စိတ်လှုပ်ရှားစေခဲ့ပါတယ်။

ပထမပိုင်း(၁၈)မိနစ်မှာ ရရှိခဲ့တဲ့ မက်ဆီရဲ့ ပြစ်ဒဏ်ဘောကန်ချက်က တကယ်ပဲ အဆင့်မြင့်ခဲ့ပြီး ဂိုးသမားပိတ်ထားတဲ့ ထောင့်ကို ကန်သွင်းခဲ့ရာမှာ ဘက်တစ်ဂိုးသမား လိုပက်ဇ်တစ်ယောက် ဘယ်လိုမှ မတတ်နိုင်အောင် ဖြစ်ခဲ့ရတာပါ။

မက်ဆီက အဲဒီပွဲမှာ Hat-Trick ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ပြစ်ဒဏ်ဘောကနေ သွင်းဂိုးတစ်ဂိုး၊ ဆွာရက်ဇ်ရဲ့ ဖန်တီးမှုကနေ တစ်ဂိုးနဲ့ ရာကီတစ်ရဲ့ဖန်တီးပေးမှုကနေ နောက်ထပ် သွင်းဂိုးတစ်ဂိုး သွင်းခဲ့တာပါ။

ပွဲချိန် (၈၅)မိနစ်မှာ သွင်းယူခဲ့တဲ့ မက်ဆီရဲ့ ဂိုးက ဒီရာသီ လာလီဂါရဲ့အကောင်းဆုံးဂိုး ဖြစ်လာဖို့တောင် ရှိနေပြီး အရှေ့ကိုထွက်နေတဲ့ ဂိုးသမားကို ကျော်ပြီး လှလှပပ သွင်းယူသွားခဲ့တာပါ။

ဂိုးဧရိယာအစပ်နားကနေ ဂိုးသမားကို ရည်ရွယ်ချက်ရှိရှိ ကျော်သွင်းယူလိုက်တဲ့ မက်ဆီရဲ့ဂိုးဟာ ဆိုရှယ်မီဒီယာတွေထက်မှာလည်း နာမည်ကြီးနေခဲ့ပြီး မက်ဆီဟာ အငြင်းပွားဖွယ်မရှိ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်နေတယ်ဆိုတဲ့အချက်ကို ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

share from : burmese.asia

LEAVE A REPLY