Zawgyi ဖြင့်ဖတ်ရန်
“တိုတောင်းလှတဲ့လူ့ဘဝကိုတန်ဖိုးရှိအောင်ဘယ်လိုဖြက်သန်းမလဲဆို တာတွေ မိန်းခလေးတွေရဲ့သဘာဝမှာနှုတ်ကဖွင့်ဟမပြောပေမယ့် ရင်ဘတ်ထဲမှာမြိုသိပ်ပြီး အချစ်ဆုံးယောက်ျား တစ်ယောက်ထက်မကရှိတယ်ဆိုတာတွေ လောကဒဏ်ရဲ့အနိမ့်အမြင့်မှာ လူတွေဟာ ကိုယ့်အတွက်ကိုယ်အတ္တတွေကြီးနေကြတယ်ဆိုတာတွေကို ဒါရိုက်တာ ဦးမျိုးမင်းရဲ့ ရင်းတွင်းဖြစ်ကားလေးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။”
Credit: Burmese.asia
Unicode ဖြင့်ဖတ်ရန်
ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အပြိုင်သရုပ်ဆောင်ထားတဲ့ “ကျွန်မအချစ်ဆုံး ယောက်ျားသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရပြီးနောက်ပိုင်းမှာတော့ မတ်လ(၁၅) ရက်နေ့ကစပြီး ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ဝါရင့်မင်းသမီးချော အိန္ဒြာကျော်ဇင်က သူမရဲ့အနုပညာကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးချပြထားတာကြောင့် ပရိသတ်တွေပိုလို့စိတ်ဝင်စားနေတာဆိုရင်လည်း မမှားပါဘူး။ “ကျွန်မအချစ်ဆုံး ယောက်ျားသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show အခမ်းအနားကို မတ်လ(၁) ရက်နေ့က ကျင်းပခဲ့ပြီး ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေပါ တက်ရောက်အားပေးခဲ့ကြပါတယ်။
ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် မင်းရာဇာကလဲ “ကျွန်မအချစ်ဆုံး ယောက်ျားသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show ကို တက်ရောက်ရင်း ဇာတ်ကားကြီးရဲ့ အကြောင်းကို အခုလိုပဲ မျှဝေထားပါတယ်။ ““ကျွန်မအချစ်ဆုံး ယောကျ်ားသုံးယောက်” ရေးတက်သလိုရေးကြည့်မယ်နော်။ ရင်ကိုခွဲပြီးအသဲကိုနှုတ်ယူဘဲကြားဘူးတယ် အခုဟာကရင်ကိုခွဲပြီး? ??နှုတ်ယူတဲ့ စကားလုံးတွေကဂေါ်တယ်ဗျာ။ လောကမှာအနိုင်ယူချင်စိတ်များရင်ဆုံးရှုံးမှုများတယ်။ ကိုယ်ကနိုင်တယ်လို့သတ်မှတ်ရင်တောင်ပေးဆတ်မှုဆိုတာရှိတယ်။ အရှုံးလို့သတ်မှတ်တဲ့သူတွေကနောက်ဆုံးမှာ တကယ့်အနိုင်ဆိုတာကိုပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာဒီကားမှာပြသွားတယ်။ ”
“တိုတောင်းလှတဲ့လူ့ဘဝကိုတန်ဖိုးရှိအောင်ဘယ်လိုဖြက်သန်းမလဲဆို တာတွေ မိန်းခလေးတွေရဲ့သဘာဝမှာနှုတ်ကဖွင့်ဟမပြောပေမယ့် ရင်ဘတ်ထဲမှာမြိုသိပ်ပြီး အချစ်ဆုံးယောကျ်ား တစ်ယောက်ထက်မကရှိတယ်ဆိုတာတွေ လောကဒဏ်ရဲ့အနိမ့်အမြင့်မှာ လူတွေဟာ ကိုယ့်အတွက်ကိုယ်အတ္တတွေကြီးနေကြတယ်ဆိုတာတွေကို ဒါရိုက်တာ ဦးမျိုးမင်းရဲ့ ရင်းတွင်းဖြစ်ကားလေးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။”
“ပေါကားပေါကားဆိုတဲ့ကားတွေကြားမှာ သတ္တိရှိရှိနဲ့Drama ကားတစ်ကားကိုရိုက်ကူးထားတာကတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးဘဲဖြစ်တယ်။ ဇာတ်လမ်းကောင်းတွေကိုမှရွေးချယ်ပြီးရိုက်ကူးတက်တဲ့company ဆိုရင်မမှားပါဘူး လိုက်ဖက်တဲ့သရုပ်ဆောင်ကောင်းတွေကိုရွေးချယ်ထားပြီး မအူဝဲရဲ့အိုက်တင်အမိုက်စားတွေနဲ့ ကိုဒီးယားစကားပြောတဲ့ပြေတီဦး ဇာတ်အဖွင့်မှာဘဲရင်ကိုစို့နှင့်သွားအောင်ကိုင်လှုတ်သွားတဲ့အမေမိုးရဲ့သရုပ်ဆောင်ချက်တွေက ကျွန်တော့်လိုလူကြမ်းကြီးကိုကြွေစေခဲ့တယ်ဗျာ။”
“အမှန်တိုင်းဝန်ခံရရင် ကျွန်တော့်မျက်ရည်တွေကိုခိုးသုတ်ခဲ့ရပါတယ်။ ကြော်ငြာဝင်လိုက်ဦးမယ်။ ကျွန်တော်ဒီကားလေးကြည့်ပြီးတော့မိန်းမကိုပိုချစ်လာတယ်။ မိသားစုကိုပိုဂရုစိုက်မိလာတယ် မိဘကိုအရင်ထက်ပိုအချိန်တွေပေးဖြစ်လာတယ်။ တကယ်ဆိုရင် ဒီလိုဇာတ်ကားကောင်းမျိုးတွေ မကြည့်ရတာကြာနေပြီဆိုတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်လောက်ဘူးထင်တယ်။ မိသားစုလိုက်သွားကြည့်သင့်တဲ့ကား လူကြီးလူငယ်မရွေးကြည့်သင့်တဲ့ကားဗျာ အပိုတွေမပြောဘူး။ ဒါမျိုးလည်းမရေးဖူးဘူး မိုက်တယ်ဗျာ ဂေါ်တယ်။ အားလုံးကိုလေးစားလျှက်ပါ” ဆိုပြီး သူ့ရဲ့အမြင်ကို ပြောထားပါတယ်။
မင်းရာဇာပြောသလို ဆိုရင်တော့ “ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီးက ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲနော်။ ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေရဲ့ အမိုက်စားအိုက်တင်တွေကို တွေ့မြင်ရမယ့် “ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်”ဇာတ်ကားကြီး ရုံတင်ပြသရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။
Credit: Burmese.asia